ဦးကျော်မိုးထွန်းကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့တရားစွဲ.
ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ်ဦးကျော်မိုးထွန်းကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့က နိုင်ငံတော်သစ္စာဖောက်မှုနဲ့ နေပြည်တော်ဒက္ခိဏခရိုင်တရားရုံးမှာ အမှုဖွင့်တရားစွဲလိုက်ပါတယ်။
ဦးကျော်မိုးထွန်းဟာ ဖေဖော်ဝါရီလ၂၆ရက်နေ့က နယူးယောက်မြို့၊ကုလသမဂ္ဂဌာနချုပ် အထွေထွေညီလာခံအလွတ်သဘောအစည်းအဝေးမှာ သူဟာNLD အစိုးရကိုသစ္စာခံကြောင်းပြောပြီ; CRPH ရဲ့သတင်းစကားကို ဖတ်ကြားခဲ့ပါတယ်။
ဦးကျော်မိုးထွန်းဟာ ဝန်ထမ်းစည်းကမ်းကိုဖောက်ဖျက်လို့ဆိုပြီးဖေဖော်ဝါရီလ၂၇ရက်မှာ ရာထူးကထုတ်ပယ်ကြောင်း စစ်ကောင်စီကကြေညာခဲ့ပါတယ်။
အခုအခါမှာတော့ဦးကျော်မိုးထွန်းဟာ အာဏာသိမ်းစစ်ကောင်စီကိုဖြိုချရန်အားထုတ်မှု၊ ဖြိုချဖို့တိုက်တွန်းမှုတွေလုပ်ခဲ့တယ်ဆိုပြီး သူ့ကိုနိုင်ငံတော်သစ္စာဖောက်ဖျက်မှု ပုဒ်မ ၁၂၂ ပုဒ်မခွဲ ၂နဲ့ တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။
အဲဒီပုဒ်မဟာ သေဒဏ် သို့မဟုတ် အနှစ် ၂၀ထောင်ဒဏ် ချမှတ်နိုင်တဲ့ပုဒ်မဖြစ်ပါတယ်။
နိုင်ငံတော်သစ္စာဖောက်ဖျက်မှု ပုဒ်မ၁၂၂ ပုဒ်မခွဲ၁နဲ့ ပုဒ်မခွဲ၂ဟာပြည်တွင်းနေသူအပေါ်စွဲတဲ့ပုဒ်မနဲ့ ပြည်ပနေသူအပေါ်စွဲတဲ့ပုဒ်မအဖြစ်သာကွာခြားပြီး ကျန်တာအကုန်အတူတူဖြစ်ပါတယ်။
ပုံစာ - ဖဖော်ဝါရီလ ၂၆ ရက်မှာကျင်းပခဲ့တဲ့ ကုလညီလာခံ အလွတ်သဘောအစည်းအဝေးတက်ရောက်နေသည့် ဦးကျော်မိုးထွန်း
ဦးေက်ာ္မိုးထြန္းကို ႏိုင္ငံေတာ္သစၥာေဖာက္မႈနဲ႔တရားစြဲ
ကုလသမဂၢဆိုင္ရာျမန္မာႏိုင္ငံအၿမဲတမ္းကိုယ္စားလွယ္ဦးေက်ာ္မိုးထြန္းကိုျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ႏိုင္ငံေတာ္သစၥာေဖာက္မႈနဲ႔ ေနျပည္ေတာ္ဒကၡိဏခ႐ိုင္တရား႐ုံးမွာ အမႈဖြင့္တရားစြဲလိုက္ပါတယ္။
ဦးေက်ာ္မိုးထြန္းဟာ ေဖေဖာ္ဝါရီလ၂၆ရက္ေန႔က နယူးေယာက္ၿမိဳ႕၊ကုလသမဂၢဌာနခ်ဳပ္ အေထြေထြညီလာခံအလြတ္သေဘာအစည္းအေဝးမွာ သူဟာNLD အစိုးရကိုသစၥာခံေၾကာင္းေျပာၿပီ; CRPH ရဲ႕သတင္းစကားကို ဖတ္ၾကားခဲ့ပါတယ္။
ဦးေက်ာ္မိုးထြန္းဟာ ဝန္ထမ္းစည္းကမ္းကိုေဖာက္ဖ်က္လို႔ဆိုၿပီးေဖေဖာ္ဝါရီလ၂၇ရက္မွာ ရာထူးကထုတ္ပယ္ေၾကာင္း စစ္ေကာင္စီကေၾကညာခဲ့ပါတယ္။
အခုအခါမွာေတာ့ဦးေက်ာ္မိုးထြန္းဟာ အာဏာသိမ္းစစ္ေကာင္စီကိုၿဖိဳခ်ရန္အားထုတ္မႈ၊ ၿဖိဳခ်ဖို႔တိုက္တြန္းမႈေတြလုပ္ခဲ့တယ္ဆိုၿပီး သူ႔ကိုႏိုင္ငံေတာ္သစၥာေဖာက္ဖ်က္မႈ ပုဒ္မ ၁၂၂ ပုဒ္မခြဲ ၂နဲ႔ တရားစြဲဆိုလိုက္တာျဖစ္ပါတယ္။
အဲဒီပုဒ္မဟာ ေသဒဏ္ သို႔မဟုတ္ အႏွစ္ ၂၀ေထာင္ဒဏ္ ခ်မွတ္ႏိုင္တဲ့ပုဒ္မျဖစ္ပါတယ္။
ႏိုင္ငံေတာ္သစၥာေဖာက္ဖ်က္မႈ ပုဒ္မ၁၂၂ ပုဒ္မခြဲ၁နဲ႔ ပုဒ္မခြဲ၂ဟာျပည္တြင္းေနသူအေပၚစြဲတဲ့ပုဒ္မနဲ႔ ျပည္ပေနသူအေပၚစြဲတဲ့ပုဒ္မအျဖစ္သာကြာျခားၿပီး က်န္တာအကုန္အတူတူျဖစ္ပါတယ္။
ပုံစာ - ဖေဖာ္ဝါရီလ ၂၆ ရက္မွာက်င္းပခဲ့တဲ့ ကုလညီလာခံ အလြတ္သေဘာအစည္းအေဝးတက္ေရာက္ေနသည့္ ဦးေက်ာ္မိုးထြန္း
Be the first to comment