Facebook Comments Box
နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူ အပါအဝင် ပါဝင်ပတ်သက်သူများအား တရားဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ

နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူ အပါအဝင် ပါဝင်ပတ်သက်သူများအား တရားဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ မတ် - ၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၂)ရပ်ကွက်၊ ဗိုလ်မှူး ဗထူးလမ်း၊ အမှတ်(၁၃/က)ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဘဏ္ဍာရေးမှူး ဖြစ်သူ ဒေါ်မြင့်မြင်ခင်ဖေ(ခ)ဒေါ်ရွှေဇီးကွက် အား CDM တွင် ပါဝင်လှုပ်ရှားနေသည့် နိုင်ငံ့ဝန်ထမ်းများအား အားပေးအားမြှောက်ပြုမှုဖြင့် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် မရမ်းကုန်း မြို့မရဲစခန်း၌ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရှိရသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ မတ် ၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အား ဝင်ရောက်ရှာဖွေခဲ့ရာ ဒေါ်မြင့်မြင့်ခင်ဖေ(ခ)ဒေါ်ရွှေဇီးကွက် အား တွေ့ရှိရခြင်းမရှိဘဲ စစ်ဆေးရန်လိုအပ်သည့် စာရွက်စာတမ်းများကို သိမ်းဆည်းနိုင်ခဲ့သည်။

စိစစ်ချက်များအရ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် CDM တွင် ပါဝင် လှုပ်ရှားနေသည့် နိုင်ငံ့ဝန်ထမ်းများအား ထောက်ပံ့ပေးနိုင်ရေးအတွက် အမည်ခံ၍ 88 Nyein Pwint အပါအဝင် ပြည်တွင်းပြည်ပရှိ ကုမ္ပဏီအဖွဲ့အစည်း၊ လူပုဂ္ဂိုလ် စုစုပေါင်း ၄၉၈ ဦး တို့ထံမှ ဖေဖော်ဝါရီ ၁၀ ရက်မှ မတ် ၃ ရက်အထိ ပေးပို့လှူဒါန်းငွေ စုစုပေါင်းငွေကျပ် ၆၁၃၃၉၄၃၅၀ (ငွေကျပ်သိန်းပေါင်းခြောက်ထောင့်တစ်ရာကျော်)နှင့် အမေရိကန်ဒေါ်လာ ၂၀၆၇၀ ကို လက်ခံရရှိခဲ့ကြောင်း၊ ၄အပြင် သိန်းပေါင်းနှစ်သောင်း ထည့်ဝင်ထားသည့် Fix Deposit Bank Account ၆ ခုကိုလည်း ဖော်ထုတ်ရရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရ ပါသည်။

အဆိုပါ ငွေများအနက်မှ ပြည်နယ်နှင့်တိုင်းဒေသကြီး ၇ ခုရှိ CDM တွင် ပါဝင်လှုပ်ရှားနေသည့် ဝန်ထမ်းများထံသို့ အသင်းအဖွဲ့လူပုဂ္ဂိုလ်များတစ်ဆင့် မတ် ၂ ရက် အထိ ဃြီ တွင် ပါဝင်လှုပ်ရှားနေသူ ဝန်ထမ်း ၂၀၀၈ ဦးခန့်အား တစ်ဦးလျှင် ၁ သိန်းကျပ်မှ ၂ သိန်းကျပ်ခန့်အထိ စုစုပေါင်းငွေကျပ် ၂၈၅၆၃၀၀၀၀(သိန်းပေါင်းနှစ်ထောင့်ရှစ်ရာကျော်) ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ၄အပြင် ရန်ကုန်မြို့ရှိ ကွန်တိန်နာယာဉ်မောင်းများ၊ မီးရထားဝန်ထမ်းများအား ထောက်ပံ့ပေးခြင်းများဖြင့် CDM ပြုလုပ်ရန် အားပေးအားမြှောက် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

CDM တွင် ပါဝင်လှုပ်ရှားနေသူများအား အဓိကလှုံ့ဆော်ဆောင်ရွက်နေသော နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌဖြစ်သူ ဦးကျော်သူ အား မတ်လ ၄ ရက်တွင် မရမ်းကုန်း မြို့မရဲစခန်း၌(ပ/၆၇) ၊ (၅၀၅-က)ဖြင့် အမှုဖွင့်လှစ်ထားရှိပြီး ဖြစ်ပါသည်။ ဦးကျော်သူနှင့် ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်တို့သည် ၄တို့၏ နာရေးကူညီမှု အသင်းအား အကြောင်းပြ၍ လှူဒါန်းထားသော ထောက်ပံ့ငွေများအား အလွဲသုံးစားပြုလုပ်၍ ထွက်ပြေးတိမ်းရှောင် လျက်ရှိသဖြင့် တရားဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

credit

နာေရးကူညီမႈအသင္း(ရန္ကုန္)ဥကၠ႒ ဦးေက်ာ္သူ အပါအဝင္ ပါဝင္ပတ္သက္သူမ်ားအား တရားဥပေဒႏွင့္အညီ ဖမ္းဆီးအေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိ

ေနျပည္ေတာ္၊ မတ္ - ၇

ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ အမွတ္(၄၂)ရပ္ကြက္၊ ဗိုလ္မႉး ဗထူးလမ္း၊ အမွတ္(၁၃/က)ရွိ နာေရးကူညီမႈအသင္း(ရန္ကုန္)၏ ဘ႑ာေရးမႉး ျဖစ္သူ ေဒၚျမင့္ျမင္ခင္ေဖ(ခ)ေဒၚေ႐ႊဇီးကြက္ အား CDM တြင္ ပါဝင္လႈပ္ရွားေနသည့္ ႏိုင္ငံ့ဝန္ထမ္းမ်ားအား အားေပးအားေျမႇာက္ျပဳမႈျဖင့္ ေဖေဖာ္ဝါရီ ၂၅ ရက္ေန႔တြင္ မရမ္းကုန္း ၿမိဳ႕မရဲစခန္း၌ ရာဇသတ္ႀကီး ပုဒ္မ ၅၀၅(က)ျဖင့္ အမႈဖြင့္တိုင္ၾကားခဲ့ေၾကာင္း သိရွိရသည္။

အဆိုပါအမႈႏွင့္ပတ္သက္၍ မတ္ ၃ ရက္ေန႔တြင္ နာေရးကူညီမႈအသင္း(ရန္ကုန္) အား ဝင္ေရာက္ရွာေဖြခဲ့ရာ ေဒၚျမင့္ျမင့္ခင္ေဖ(ခ)ေဒၚေ႐ႊဇီးကြက္ အား ေတြ႕ရွိရျခင္းမရွိဘဲ စစ္ေဆးရန္လိုအပ္သည့္ စာ႐ြက္စာတမ္းမ်ားကို သိမ္းဆည္းႏိုင္ခဲ့သည္။

စိစစ္ခ်က္မ်ားအရ နာေရးကူညီမႈအသင္း(ရန္ကုန္)သည္ CDM တြင္ ပါဝင္ လႈပ္ရွားေနသည့္ ႏိုင္ငံ့ဝန္ထမ္းမ်ားအား ေထာက္ပံ့ေပးႏိုင္ေရးအတြက္ အမည္ခံ၍ 88 Nyein Pwint အပါအဝင္ ျပည္တြင္းျပည္ပရွိ ကုမၸဏီအဖြဲ႕အစည္း၊ လူပုဂၢိဳလ္ စုစုေပါင္း ၄၉၈ ဦး တို႔ထံမွ ေဖေဖာ္ဝါရီ ၁၀ ရက္မွ မတ္ ၃ ရက္အထိ ေပးပို႔လႉဒါန္းေငြ စုစုေပါင္းေငြက်ပ္ ၆၁၃၃၉၄၃၅၀ (ေငြက်ပ္သိန္းေပါင္းေျခာက္ေထာင့္တစ္ရာေက်ာ္)ႏွင့္ အေမရိကန္ေဒၚလာ ၂၀၆၇၀ ကို လက္ခံရရွိခဲ့ေၾကာင္း၊ ၄အျပင္ သိန္းေပါင္းႏွစ္ေသာင္း ထည့္ဝင္ထားသည့္ Fix Deposit Bank Account ၆ ခုကိုလည္း ေဖာ္ထုတ္ရရွိခဲ့ေၾကာင္း စစ္ေဆးေတြ႕ရွိရ ပါသည္။

အဆိုပါ ေငြမ်ားအနက္မွ ျပည္နယ္ႏွင့္တိုင္းေဒသႀကီး ၇ ခုရွိ CDM တြင္ ပါဝင္လႈပ္ရွားေနသည့္ ဝန္ထမ္းမ်ားထံသို႔ အသင္းအဖြဲ႕လူပုဂၢိဳလ္မ်ားတစ္ဆင့္ မတ္ ၂ ရက္ အထိ ႀဃီ တြင္ ပါဝင္လႈပ္ရွားေနသူ ဝန္ထမ္း ၂၀၀၈ ဦးခန႔္အား တစ္ဦးလွ်င္ ၁ သိန္းက်ပ္မွ ၂ သိန္းက်ပ္ခန႔္အထိ စုစုေပါင္းေငြက်ပ္ ၂၈၅၆၃၀၀၀၀(သိန္းေပါင္းႏွစ္ေထာင့္ရွစ္ရာေက်ာ္) ကို ေထာက္ပံ့ေပးအပ္ခဲ့ေၾကာင္း၊ ၄အျပင္ ရန္ကုန္ၿမိဳ႕ရွိ ကြန္တိန္နာယာဥ္ေမာင္းမ်ား၊ မီးရထားဝန္ထမ္းမ်ားအား ေထာက္ပံ့ေပးျခင္းမ်ားျဖင့္ CDM ျပဳလုပ္ရန္ အားေပးအားေျမႇာက္ လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရွိရသည္။

CDM တြင္ ပါဝင္လႈပ္ရွားေနသူမ်ားအား အဓိကလႈံ႕ေဆာ္ေဆာင္႐ြက္ေနေသာ နာေရးကူညီမႈအသင္း(ရန္ကုန္) ဥကၠ႒ျဖစ္သူ ဦးေက်ာ္သူ အား မတ္လ ၄ ရက္တြင္ မရမ္းကုန္း ၿမိဳ႕မရဲစခန္း၌(ပ/၆၇) ၊ (၅၀၅-က)ျဖင့္ အမႈဖြင့္လွစ္ထားရွိၿပီး ျဖစ္ပါသည္။ ဦးေက်ာ္သူႏွင့္ ဇနီးျဖစ္သူ ေဒၚေ႐ႊဇီးကြက္တို႔သည္ ၄တို႔၏ နာေရးကူညီမႈ အသင္းအား အေၾကာင္းျပ၍ လႉဒါန္းထားေသာ ေထာက္ပံ့ေငြမ်ားအား အလြဲသုံးစားျပဳလုပ္၍ ထြက္ေျပးတိမ္းေရွာင္ လ်က္ရွိသျဖင့္ တရားဥပေဒႏွင့္အညီ ဖမ္းဆီးအေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

credit

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box