နက္ခတ္တဗေဒပညာရှင်လေး ကြိုတင်ဟောခဲ့ပြီးသော (၂၀၂၁) ခုနှစ် ယခုလရဲ့ ဟောကိန်းများအကြောင်း..
အိန္ဒိယနိုင်ငံက ကမ္ဘာ့အသက်အငယ်ဆုံးနက္ခတ္တဗေဒပညာရှင်အာဘီဂီယန်အာနန်(ဒ်) Abhigyan Anand ရဲ့
ဟောကိန်းထဲမှာ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလအကြောင်းပါတယ်။ နေ၊ လ၊ မာကျူရီ၊ ဂျူပီ တာ၊ ဗီးနပ်စ်နဲ့စနေဂြိုဟ်တို့ဟာ
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလမှာတစ်တန်းတည်းကျမယ်။ ဒါကို six-star conc atenation လို့ခေါ်တယ်တဲ့။
ဒါကြောင့်ဖေဖေါ်ဝါရီလမှာထိတ်လန့်ဖွယ်သဘာဝဘေးအန္တရာယ်တွေကျရောက်နိုင်ပြီးစီးပွါးရေးပြိုလဲမှုတွေဖြစ်နိုင်တယ်လို့ခန့်မှန်းခဲ့တယ်။
အာနန်(ဒ်) ရဲ့ဟောကိန်းတွေအားလုံးကတော့မှန်ခဲ့တာတော့မဟုတ်ဘူး။
ဥပမာအားဖြင့် ၂၀၂၀ မှာ တတိယကမ္ဘာစစ်ဖြစ်လိမ့်မယ်။
အမေရိကန်၊ အီရန်၊ အိန္ဒိယနဲ့ပါကစ္စတန်တို့ပါဝင်မယ်ပြောခဲ့တာ တကယ်မဖြစ်ခဲ့ပါဘူး။မှန်ခဲ့တာတွေလည်းရှိပါ တယ်။
ဒါကြောင့်ဖေဖေါ်ဝါရီလကစပြီး သတိတော့ထားကြပါလို့။
“သတိဆိုတာပိုတယ်မရှိ” လို့ဆိုကြတယ်မဟုတ်လား။
ဘာသာတရားကိုးကွယ်သူတွေလည်း ဘုရားတရားမမေ့ကြဖို့။ဒါကတော့ ၂၀၂၁ မှာဘာတွေဖြစ်နိုင်တယ်ဆိုပြီး ထွက်ခဲ့တဲ့ ဟောကိန်းပါ။
အိန္ဒိယနိုင်ငံက ကမ္ဘာ့အသက်အငယ်ဆုံး နက္ခတ္တဗေဒပညာရှင် အာဘီဂီယန်အာနန်(ဒ်) Abhigyan Anand ရဲ့ဟောကိန်းကအခုတစ်လောနာမည်ကြီးနေတယ်။
အာနန်(ဒ်) က ၂၀၀၆ ခုနှစ်မွေး၊ မွေးဇာတိကအိန္ဒိယနိုင်ငံ (Srirangapatna, Karnataka, India) ပေါ့။
သူ့အသက် ၁၃ နှစ်အရွယ် (၂၀၁၉ ခုနှစ်) မှာကိုဗစ်နဲ့ ပတ်သက်တဲ့ဟောကိန်းတွေမှန်တယ်ဆိုပြီးကမ္ဘာကျော်သွားခဲ့သူ။
အာနန်(ဒ်)ပြောခဲ့တာ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လမှာပေါ့။ သူထုတ်ဝေခဲ့တဲ့ YouTube ဗီဒီယိုမှာ “၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလနဲ့ ၂၀၂၀ ဧပြီလကြားမှာအန္တရာယ်ရှိပါတယ်။
ကမ္ဘာကြီးမှာကူးစက်ရောဂါတစ်မျိုးပေါ်လာပြီး ဒါဟာကမ္ဘာကြီးတစ်ခုလုံးကိုပြင်းထန်တဲ့ အန္တရာယ်ပေးလိမ့်မယ်”လို့လူတွေကို ကြိုတင်သတိပေးခဲ့တယ်။
ဒီဟောကိန်းကမှန်ခဲ့တယ်။ သိပ္ပံပညာရှင်တွေရဲ့စကားကိုနားမထောင်ရင်ကမ္ဘာပေါ်မှာသက်ရှိသတ္တဝါတွေတောင်ကျန်ဖို့မလွယ်တာမို့ဆေးပညာရှင်တို့စကားကိုနားထောင်ကြဖို့ ၂၀၁၉ ခုနှစ်၊
ဩဂုတ်လဗီဒီယိုထဲမှာသူအသေအချာပြောခဲ့ပါတယ်။သူက ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၅ ရက်မှာရောဂါကပ်ကတဖြည်းဖြည်းမှေးမှိန် ပျောက်ကွယ်သလိုဖြစ်သွားမယ်လို့ ဟောကိန်းထုတ်ခဲ့တယ်။
ဒါတော့မှားခဲ့ပါတယ်။ ထူးထူးခြားခြား ထပ်မှန်တာတစ်ခုရှိပါသေးတယ်။
“၂၀၂၀ ခုနှစ်၊ဒီဇင်ဘာ ၂၀ ရက်မှာစေတန်ဂြိုဟ်နဲ့ ဂျူပီတာဂြိုဟ် တစ်တန်းထဲကျရောက်ပြီးပူးပေါင်းမယ်။
ဒီလိုအခြားဂြိုဟ်တွေရဲ့ရွေ့လျားမှုဟာကမ္ဘာဂြိုဟ်ပေါ်က လူသားတွေကိုအဲဒီလိုသက်ရောက်မှုရှိတယ်”
“ ဒါ ဘာအဓိပ္ပါယ်လဲဆိုတော့နောက်ထပ်ရောဂါပျံ့နှံ့မှုတစ်ခုဖြစ်နိုင်တာပဲ။ အဲ့ဒီရောဂါပျံ့နှံ့မှုနဲ့အတူအခြားဘေးအန္တရာယ်တွေအများကြီးထပ်ပေါ်လာဦးမယ်။
၂၀၂၁ ၊မတ်လအထိဆက်ပြီးရောဂါတွေအမျိုးမျိုးဆက်တိုက်ကူးမှာမို့သတိထားကြပါ” တဲ့။
အခုဗြိတိန်ကကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ (VUI-202012/01) အမျိုးအစားအသစ် ပြန့်ပွားမှုကအတော့်ကိုကြောက်စရာကောင်းနေတာမဟုတ်လား။
အခုနောက်ဆုံးတောင်အာဖရိကကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ 501.V2 က ဗြိတိန်မျိုးကွဲထက်ကိုပိုကြောက်စရာကောင်းတယ်လို့သတင်းမှာကြေညာသွားတယ်။ လူငယ်တွေပါစိုးရိမ်ရတဲ့ အနေအထားရှိတယ်တဲ့။ တောင်အာဖရိကကိုလည်းတခြားနိုင်ငံတွေကခရီးသွားခွင့်တွေပိတ်ကုန်ကြပြီ။ဒါကတော့အာနန်(ဒ်) ရဲ့အတော်တိုက်ဆိုင်တဲ့ဟောကိန်းဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလကသူ့ရဲ့နောက်ဆုံးဗီဒီယိုမှာတော့ ၂၀၂၁ ခုနှစ်အတွက်ဒီလိုပြောထားတယ်။နိုဝင်ဘာလနှောင်းပိုင်းကစပြီးကမ္ဘာကြီးတစ်ခုလုံး အကျပ်အတည်းကြုံရဦးမယ်လို့ပြောခဲ့တယ်။ စစ်ပွဲတွေ၊ ကပ်ဘေးတွေ၊ ရောဂါတွေဖြစ်မယ်။
စီးပွားရေးပြိုလဲမယ်။ ပြည်သူလူထုတွေကမီဒီယာ၊ အစိုးရအဖွဲ့တွေနဲ့အချို့အဖွဲ့အစည်းတွေကိုကြောက်နေရမယ်။ အထူးသဖြင့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလမှာစီးပွါးရေးကပ်ဆိုက်မယ်။၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှာတော့ဂျူပီတာဂြိုဟ်ကစေတန်ဂြိုဟ်ကနေထွက်သွားမယ်။ ဒုက္ခတွေတဖြည်းဖြည်းငြိမ်းလာမယ်။ကမ္ဘာကြီးအသစ်ကပြန်စလိမ့်မယ်။
အာနန်(ဒ်)ကအသက် ၇ နှစ်အရွယ်ကတည်းက အိန္ဒိယမှာရှိတဲ့ဟိန္ဒူဘုရားကျောင်းတွေမှာကမ္ဘာပေါ်ရှိရှေးအကျဆုံးဘာသာစကားဖြစ်တဲ့ Sanskrit ဘာသာကိုလှည့်လည်သင်ယူခဲ့တယ်။ ဉာဏ်သိပ်ကောင်းတဲ့ပါရမီရှင်ကလေးကိုဆရာ၊ ဆရာမတွေကတောင်အတန်းထဲမှာမေးခွန်းတွေမမေးဖို့ တားခဲ့ရတဲ့အဖြစ်။ အသက် ၁၀ နှစ်မှာနက္ခတ်ဗေဒင်သင်တန်းကြော်ငြာပိုစတာကိုတွေ့ပြီး နက္ခတ်ဗေဒင်ပညာကိုသင်ဖို့အလွန်စိတ်အားထက်သန်ခဲ့သတဲ့။သူကဒီနေ့ဖြစ်နေတဲ့အကျပ်အတည်းကိုဖြေရှင်းဖို့နည်းလမ်း (၇) ခုကို အဆိုပြုခဲ့တယ်။ ၁။ ဘယ်ဘာသာပဲကိုးကွယ်ကိုးကွယ် ကိုယ့်ဘာသာရေးကိုယုံကြည်ပြီးဘုရားတရားလုပ်ကြပါ။
၂။ ကာကွယ်ဆေးတွေပေါ်လာပြီးအတိုင်းအတာတစ်ခုအထိကာကွယ်ပေးလိမ့်မယ်ဆိုပေမဲ့ အဲ့ဒါ တကယ့်အဖြေမဟုတ်ပါဘူး။ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပါဗိုင်းရပ်စ်ကိုတိုက်ဖျက်တဲ့နေရာမှာကျွန်ုပ်တို့ရဲ့ကိုယ်ခံစွမ်းအားကိုပဲ အသုံးပြုရပါမယ်။” တဲ့။ (အီလက်ထရောနစ်နည်းပညာကို အသုံးမပြုကြဘဲ နေရောင်ခြည်၊ လေကောင်းလေသန့်စတဲ့ သဘာဝနဲ့ထိတွေ့ရမယ်။ အားကစားလုပ်ရမယ်)
၃။ စည်းလုံးကြပါ။ အပြုသဘောဆောင်သော စိတ်ခံစားမှုတွေ အချင်းချင်းဖြန့်ဝေပါ။ ၄။ စီးပွားရေးကို စနစ်တကျစီမံပြီး စုတတ်ဆောင်းတတ်ပါစေ။ ၅။ စားသောက်ဖို့ အသီးအနှံတွေ (တစ်နိုင်ပဲဖြစ်ဖြစ်) စိုက်ကြပါ။ အသားလျှော့စားပါ။ ၆။ စိတ်ကျန်းမာရေးကို အထူးဂရုပြုပါ။ ၇။ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းပါ။ အပင်တွေခုတ်၊ တိရစ္ဆာန်တွေသတ်မလုပ်ကြပါနဲ့။
အာနန်(ဒ်) ကခေတဲ့သူတော့မဟုတ်ပါဘူး။ Global Child Prodigy ဆိုတဲ့ပါရမီရှင်တွေကို အသိအမှတ်ပြုတဲ့အဖွဲ့အစည်းက Global Child Prodigy Awards 2020 ဆုရခဲ့သူလည်းဖြစ်တယ်။ဒါ ကတော့သူ့ရဲ့ကိုဗစ်ဟောကိန်းတွေပါ။ အခြားကမ္ဘာ့နိုင်ငံရေး၊ စီးပွါးရေးတွေဟောကိန်းထုတ်ပြီး ဖြစ်မလာတာတွေ၊ မှားတာတွေလည်း အများကြီးရှိပါတယ်။
ယုံကြည်တာမယုံကြည်တာ၊ လက်ခံတာ လက်မခံတာထက်သတိဆိုတာပိုတယ်ရယ်လို့မရှိဘူးမို့။ သူက ၂၀၂၁ ခုနှစ် ၊ ဖေဖေါ်ဝါရီလကုန်၊ မတ်လအထိလူတွေအတော်ဒုက္ခရောက်မယ်လို့ဆိုတယ်။အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။
credit celeupdatenew
Be the first to comment