Facebook Comments Box
၂၀၂၀ ရွေးကောက်ပွဲရလဒ် ပျက်သွားပြီဟု ကော်မရှင် ဥက္ကဌသစ် ဦးသိန်းစိုး ပြော

၂၀၂၀ ရွေးကောက်ပွဲရလဒ် ပျက်သွားပြီဟု ကော်မရှင် ဥက္ကဌသစ် ဦးသိန်းစိုး ပြော.

ဧရာဝတီ၊ ဖေဖော်ဝါရီ ၂၆၊ ၂၀၂၁.

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီက သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ် ပယ်ပျက် သွားပြီဟု စစ်ကောင်စီက ခန့်အပ်ထားသည့် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌသစ် ဦးသိန်းစိုးက ပြောဆိုခဲ့ကြောင်း သိရသည်။

ယနေ့ နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ရုံးတွင် ကျင်းပသည့် ကော်မရှင်နှင့် နိုင်ငံရေးပါတီ ၅၃ ခုတို့ တွေ့ ဆုံပွဲတွင် ကော်မရှင်အသစ်က အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်ကြောင်း ယခုဆွေးနွေးပွဲသို့ တက်ရောက်နေသူ မြန်မာ အမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဌ ဦးကောင်းမြင့်ထွဋ်က သတင်းထောက်များကို ပြောသည်။

“ကော်မရှင် ဥက္ကဌအသစ်က အာဏာ ၃ ရပ်ကို နိုင်ငံတော် စီမံအုပ်ချုပ်မှု ကောင်စီကနေ ကိုင်ထားလိုက်ပြီ။ အရင် လွှတ် တော်တွေနဲ့ အရင် ရွေးကောက်ပွဲ ရလဒ်တွေက ပျက်ပြယ်သွားပြီ ဆိုတာကို လုံးဝ အခိုင်အမာ ပြောပါတယ်”ဟု ဦးကောင်းမြင့်ထွဋ်က ပြောသည်။

မဲစာရင်းကိစ္စနှင့် ပတ်သက်၍လည်း မဲစာရင်းမှားယွင်းမှုများ ရှိကြောင်း၊ မဲမသမာမှုများ ရှိကြောင်းတို့ကို ထပ်ခါထပ်ခါ ပြော ဆိုခဲ့ကြောင်း၊ ယနေ့ တက်ရောက်လာသည့် ပါတီများထဲမှ တချို့ ပါတီများကလည်း မဲမသမာမှု ကိစ္စနှင့် ပတ်သက်ပြီး NLD ပါတီကို မည်သို့ အရေးယူ အပြစ်ပေးမလဲ ဆိုသည့် မေးခွန်းကို မေးမြန်းခဲ့ကြောင်း ယနေ့ ဆွေးနွေးပွဲသို့ တက်ရောက်နေသူ များက ပြောသည်။

ထို့ပြင် ယနေ့ အစည်းအဝေးသို့ မတက်ရောက်ဘဲ သပိတ်မှောက်သည့် နိုင်ငံရေးပါတီများကိုပါ အရေးယူ အပြစ်ပေး သင့် ကြောင်း ပါတီခေါင်းဆောင်တချို့က ကော်မရှင် ဥက္ကဌကို တိုက်တွန်းပြောဆိုမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ ဆုံပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ကျင်းပရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ အပါအဝင် ပါတီပေါင်း ၅၃ ခု တက်ရောက် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

နိုင်ငံရေးပါတီ ၉၁ ခု ရှိရာ ၅၃ ပါတီ တက်ရောက်သဖြင့် ၃၈ ပါတီ ပျက်ကွက်ကြောင်း သိရသည်။

သတင်းနှင့် ဓာတ်ပုံ - ဧရာဝတီ

၂၀၂၀ ရွေးကောက်ပွဲရလဒ် ပျက်သွားပြီဟု ကော်မရှင် ဥက္ကဌသစ် ဦးသိန်းစိုး ပြော

ဧရာဝတီ၊ ဖေဖော်ဝါရီ ၂၆၊ ၂၀၂၁

Be the first to comment

Leave a Reply

Your email address will not be published.

*

Facebook Comments Box