သရုပ်ဆောင်ကျော်သူ၏ နာရေးကူညီမှုအသင်းမှ ရဲနှင့်စစ်တပ်မိသားစုများကို အကူအညီမပေးတော့ဟုဆို.
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄.
ပရဟိတလုပ်ငန်းများလုပ်ဆောင်နေသည့် သရုပ်ဆောင်ကျော်သူ၏ နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် ရဲနှင့် စစ်တပ်မိသားစုများကို စျာပန၊ လူနာတင်ယာဉ်၊ ဆေးကုသမှု မည်သည့်အကူအညီမှမပေးတော့ကြောင်း နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဠ သရုပ်ဆောင်ကျော်သူ၏ဇနီး နာကူအသင်း၏အတွင်းရေးမှူးဟောင်းဖြစ်သည့်
ဒေါ်ရွှေဇီးကွက်၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
သို့သော် အာဏာရှင်ဆန့်ကျင်သည့် (CDM) ပြုလုပ်သည့် မိသားစုများကိုမူ ချွင်းချက်အနေဖြင့် ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အာဏာရှင်ကိုဆန့်ကျင်ကန့်ကွက် ဆန္ဒဖော်ထုတ်သူများကို အင်အားသုံးကာဖြိုခွင်းခံရမှုများကြောင့် လူသေဆုံးမှုများဖြစ်ပေါ်ကာ ဒဏ်ရာပြင်းထန်သူများလည်း ရှိခဲ့သည်။
သို့ဖြစ်၍ အချို့မြို့နယ်များရှိ စျေးဆိုင်များတွင်လည်း ရဲနှင့် စစ်သားကို စျေးလုံးဝမရောင်းပါဟူ၍လည်း ဆိုင်းဘုတ်ချိတ်ဆွဲထားခြင်းများပြုလုပ်လျက်ရှိသည်။
TheVoiceDaily
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
ပရဟိတလုပ်ငန်းများလုပ်ဆောင်နေသည့် သရုပ်ဆောင်ကျော်သူ၏ နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် ရဲနှင့် စစ်တပ်မိသားစုများကို ဈာပန၊ လူနာတင်ယာဉ်၊ ဆေးကုသမှု မည်သည့်အကူအညီမှမပေးတော့ကြောင်း နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဠ သရုပ်ဆောင်ကျော်သူ၏ဇနီး နာကူအသင်း၏အတွင်းရေးမှူးဟောင်းဖြစ်သည့်
သို့ဖြစ်၍ အချို့မြို့နယ်များရှိ ဈေးဆိုင်များတွင်လည်း ရဲနှင့် စစ်သားကို ဈေးလုံးဝမရောင်းပါဟူ၍လည်း ဆိုင်းဘုတ်ချိတ်ဆွဲထားခြင်းများပြုလုပ်လျက်ရှိသည်။
TheVoiceDaily
Be the first to comment