မြန်မာစစ်အာဏာရှင်ကို Anonymous ဟက်ကာအဖွဲ့က စစ်ကြေညာ.
~~~~
■ ကမ္ဘာမှာ နာမည်ကြီး ဟက်ကာအဖွဲ့တစ်ခုဖြစ်တဲ့ Anonymous က အာဏာသိမ်းစစ်ကောင်စီကို ဒီကနေ့ စစ်ကြေညာလိုက်ပါတယ်။
Twitter လူမှုကွန်ရက်မှာ Anonymous အဖွဲ့က ကြေညာချက်ထုတ်ပြန်ထားတာပါ။
သူတို့ရဲ့ နောက်လာမယ့် ပစ်မှတ်တွေထဲမှာ ဝဘ်ဆိုဒ်တော်တော်များများပါမှာဖြစ်ပြီး၊ အဓိက တပ်မတော်ရဲ့ ဝါဒဖြန့်မီဒီယာတစ်ခုဖြစ်တဲ့ “တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့” ရဲ့ ဝဘ်ဆိုဒ်ပါတယ်လို့ ပြောထားပါတယ်။
GitHub ဆိုတဲ့ ဆိုဒ်တစ်ခုကိုလည်း ဖွင့်ထားကြောင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေအပေါ် အကြမ်းဖက် ဖိနှိပ်တဲ့ အထောက်အထားတွေကို အဲ့ဒီဝဘ်ဆိုဒ်မှာတင်ပြီး မြန်မာနိုင်ငံမှာ တကယ် ဖြစ်ပျက်နေတာတွေကို ကမ္ဘာကသိအောင် ချပြသွားမယ်လို့လည်း ပြောဆိုထားပါတယ်။
မကြာသေးခင်ကလည်း ဗဟိုဘဏ်နဲ့ သမ္မတဝဘ်ဆိုဒ် အပါအဝင် အစိုးရယန္တရားကိုလည်ပတ်နေတဲ့ ဝဘ်ဆိုဒ်တွေကို ဝင်မရအောင် ပိတ်ပစ်ခဲ့ပြီး နောက်ပိုင်းမှ ပြန်ဖွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီက အင်တာနက်ဖြတ်တောက်တာလို ထိန်းချုပ်မှုတွေကို ကျော်လွှားပြီး အချင်းချင်းကြားမှာရော နိုင်ငံတကာနဲ့ပါ ဆက်သွယ်နိုင်မယ့်နည်းလမ်းတွေနဲ့ အကြံပြုခဲ့သလို၊ မြို့အသီးသီးမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့လည်း လူအများသိအောင် ဖြန့်ဝေခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ျမန္မာစစ္အာဏာရွင္ကို Anonymous ဟက္ကာအဖြဲ႕က စစ္ေၾကညာ
ျမန္မာစစ္အာဏာရွင္ကို Anonymous ဟက္ကာအဖြဲ႕က စစ္ေၾကညာ
~~~~
■ ကမာၻမွာ နာမည္ႀကီး ဟက္ကာအဖြဲ႕တစ္ခုျဖစ္တဲ့ Anonymous က အာဏာသိမ္းစစ္ေကာင္စီကို ဒီကေန႔ စစ္ေၾကညာလိုက္ပါတယ္။
Twitter လူမႈကြန္ရက္မွာ Anonymous အဖြဲ႕က ေၾကညာခ်က္ထုတ္ျပန္ထားတာပါ။
သူတို႔ရဲ႕ ေနာက္လာမယ့္ ပစ္မွတ္ေတြထဲမွာ ဝဘ္ဆိုဒ္ေတာ္ေတာ္မ်ားမ်ားပါမွာျဖစ္ၿပီး၊ အဓိက တပ္မေတာ္ရဲ႕ ဝါဒျဖန႔္မီဒီယာတစ္ခုျဖစ္တဲ့ “တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕” ရဲ႕ ဝဘ္ဆိုဒ္ပါတယ္လို႔ ေျပာထားပါတယ္။
GitHub ဆိုတဲ့ ဆိုဒ္တစ္ခုကိုလည္း ဖြင့္ထားေၾကာင္းနဲ႔ စစ္အာဏာရွင္ဆန႔္က်င္ေရးဆႏၵျပသူေတြအေပၚ အၾကမ္းဖက္ ဖိႏွိပ္တဲ့ အေထာက္အထားေတြကို အဲ့ဒီဝဘ္ဆိုဒ္မွာတင္ၿပီး ျမန္မာႏိုင္ငံမွာ တကယ္ ျဖစ္ပ်က္ေနတာေတြကို ကမာၻကသိေအာင္ ခ်ျပသြားမယ္လို႔လည္း ေျပာဆိုထားပါတယ္။
မၾကာေသးခင္ကလည္း ဗဟိုဘဏ္နဲ႔ သမၼတဝဘ္ဆိုဒ္ အပါအဝင္ အစိုးရယႏၲရားကိုလည္ပတ္ေနတဲ့ ဝဘ္ဆိုဒ္ေတြကို ဝင္မရေအာင္ ပိတ္ပစ္ခဲ့ၿပီး ေနာက္ပိုင္းမွ ျပန္ဖြင့္ေပးခဲ့တယ္လို႔ ဆိုပါတယ္။
ဒါ့အျပင္ အာဏာသိမ္းစစ္ေကာင္စီက အင္တာနက္ျဖတ္ေတာက္တာလို ထိန္းခ်ဳပ္မႈေတြကို ေက်ာ္လႊားၿပီး အခ်င္းခ်င္းၾကားမွာေရာ ႏိုင္ငံတကာနဲ႔ပါ ဆက္သြယ္ႏိုင္မယ့္နည္းလမ္းေတြနဲ႔ အႀကံျပဳခဲ့သလို၊ ၿမိဳ႕အသီးသီးမွာ စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕ရဲ႕ လႈပ္ရွားမႈေတြနဲ႔ပတ္သက္လို႔လည္း လူအမ်ားသိေအာင္ ျဖန႔္ေဝခဲ့တယ္လို႔ ေျပာဆိုထားပါတယ္။
Be the first to comment