Facebook Comments Box
အဂတိလေးပါးနှင့် လူတိုင်း ထိန်းသိမ်းရမယ့် လူ့အရည်အချင်းများ

“အဂတိလေးပါးနှင့် လူတိုင်း ထိန်းသိမ်းရမယ့် လူ့အရည်အချင်း”.

အဂတိဆိုတာ ဓမ္မလမ်းကြောင်းတိမ်းစောင်းသွားပြီးတော့ မလိုက်သင့်တဲ့ဘက်ကိုလိုက်သွားတာ၊ မလုပ်သင့်တာကို လုပ်တာ၊ ဒါကို အဂတိလို့ခေါ်တယ် ။

အဲဒီအဂတိဟာ ဘာကြောင့်လိုက်သလဲလို့ဆိုရင် ဆန္ဒာဂတိ- ကိုယ့်အမျိုးမို့၊ ကိုယ့်မိတ်ဆွေမို့၊ ကိုယ့်ကို ထောက်ပံ့ ကူညီတဲ့ ပုဂ္ဂိုလ်မို့၊

ကိုယ့်ကို လာဘ်ထိုးထားလို့၊ ပိုက်ဆံပေးထားလို့ ဆန္ဒ၊ သူ့အပေါ်မှာ favour ပေးတာ။ချစ်ခင်ခြင်းကြောင့် တရားလမ်းကြောင်းတိမ်းစောင်းသွားတတ်တယ်၊

“ဆန္ဒာဂ တိ”

ဒီလူကတော့ တစ်ချိန်တုန်းကငါ့အပေါ် ဘယ်လိုလုပ်တာ၊ စော်ကားတယ် သို့မဟုတ် ဒီလူ့ကို မုန်းတယ်၊ မုန်းသည့်အတွက်ကြောင့်ပြစ်မှုဟာ ဒီလောက်မကြီးပေမဲ့ ကြီးအောင် လုပ်တယ်။

အဲဒါ ဒေါသာဂတိ၊ အမုန်းတရားကို အခြေခံပြီးတော့ ဆုံးဖြတ်လို့ရှိရင် “ဒေါသာဂတိ”။နောက်တစ်ခုကျတော့”မောဟာဂတိ”၊ တရားဥပဒေတို့၊တကယ့်ပြစ်မှုတွေတို့ သေသေချာချာလေ့လာစုံစမ်းခြင်းမပြုဘဲနဲ့

အမှန်အမှား ခွဲခြားပြီးတော့ သေချာသိအောင် မကြိုးစားဘဲနဲ့ ဆုံးဖြတ်လိုက်ပြီဆိုရင်”မောဟာဂတိ”၊ ဥပဒေလမ်းကြောင်းမသိဘဲနဲ့ ဆုံးဖြတ်လိုက်တယ် “မောဟာဂတိ”။

“ဘယာဂတိ”

ဒီလူကရာထူးအာဏာရှိတယ်သို့မဟုတ်ဒီလူကငါ့ကိုဒုက္ခပေးလိမ့်မယ်။ကြောက်ရတယ်၊ သူ့ကို သက်သက်ညှာညှာဆုံးဖြတ်မှ ဖြစ်ပါလိမ့်မယ်။

သို့မဟုတ် သူ့ကိုကတော့ ဒီလူတော့ နိုင်တုန်း ဖိမှ ဖြစ်မယ်။ ဒီလူက ကြောက်ရတယ်၊ အပြင်ထားလို့ မဖြစ်ဘူး။ အတွင်းပို့ရမယ်။

အဲဒီလို

ကြောက်လို့ဆုံးဖြတ်တာမျိုးတွေကျတော့ “ဘယာဂတိ” လို့ခေါ်တယ်။

အဲဒီလို အဂတိလေးပါးလိုက်စားပြီးတော့ တရားလမ်းကြောင်းက သွေဖီပြီး ဆုံးဖြတ်မယ်ဆိုရင် တရားသူကြီးမဟုတ်ဘူးတဲ့။ အဲဒီတော့

ဓမ္မလမ်းကြောင်းအတိုင်းဓမ္မနဲ့အညီ၊ ဥပဒေရှိတဲ့အတိုင်း တရားဥပဒေနဲ့ အညီ၊ ပြစ်မှုနဲ့လိုက်လျောညီထွေပြီးတော့ ဆုံးဖြတ်ပေးရမယ်တဲ့။အဲဒီတော့ ဘယ်နေရာပဲဖြစ်ဖြစ်အရည်အချင်းဆိုတာလျော့ရဲသွားတယ်၊

အဲဒီတော့ ကိုယ့်ကိုယ်ကိုလည်းအရည်အချင်းတွေမယိုယွင်းအောင် ကိုယ့်ကိုယ်ကိုထိန်းသိမ်းစောင့်ရှောက်ကြရမယ်၊

လူတိုင်း လူတိုင်းဟာ လိုက်နာကျင့်သုံးရမယ့်ကိစ္စတွေရှိတယ်၊ ကိုယ့်အရည်အချင်းတွေမပျက်ပြားဖို့ ထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်တယ်၊ ကိုယ့်ရဲ့စိတ်နေသဘောထားတွေ မှန်ကန်နေဖို့ ကြိုးစားအားထုတ်သင့်တယ်။

လူ့ရဲ့အရည်အချင်းတွေဆိုတာဘာတွေလဲ?

သူများအပေါ် မေတ္တာ ထားတယ်၊ ကိုယ့်ထက်နိမ့်ကျရင်ကရုဏာထားတယ်၊ ကိုယ့်ထက်သာလို့ရှိရင်ဝမ်းသာနိုင်ရမယ်၊ အပြစ်အနာအဆာနဲ့ပတ်သက်လာလို့ရှိရင် လျစ်လျူရှုနိုင်ရမယ်၊

ကိုယ်က ကျေးဇူးပြုထားပြီးသူများဆီက ပြန်ပြီးတော့

တုန့်ပြန်ခံချင်တာမျိုး မရှိဘဲနဲ့ ကိုယ်ကျေးဇူးပြုတာ မေတ္တာနဲ့ကျေးဇူးပြုတဲ့ အပေါ်မှာ ကိုယ့်ရဲ့ကျေးဇူးပြုမှုကို တုံ့ပြန်လာတာကို မမျှော်လင့်တဲ့ဥပေက္ခာ ဆိုတာ ရှိရမယ်။

ဒါကတကယ့်ကိုယ့်အရည်အချင်းတွေ ထိန်းသိမ်းတာ၊ တရားသူကြီးသည် ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်သလို လူတိုင်း လူတိုင်းဟာ လူ့ရဲ့ အရည်အချင်းတွေကို ထိန်းသိမ်းစောင့်ရှောက် သင့်တယ်။

(ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)

Zawgyi

“အဂတိေလးပါးႏွင့္ လူတိုင္း ထိန္းသိမ္းရမယ့္ လူ႔အရည္အခ်င္း”

အဂတိဆိုတာ ဓမၼလမ္းေၾကာင္းတိမ္းေစာင္းသြားၿပီးေတာ့ မလိုက္သင့္တဲ့ဘက္ကိုလိုက္သြားတာ၊ မလုပ္သင့္တာကို လုပ္တာ၊ ဒါကို အဂတိလို႔ေခၚတယ္ ။

အဲဒီအဂတိဟာ ဘာေၾကာင့္လိုက္သလဲလို့ဆိုရင္ ဆႏၵာဂတိ- ကိုယ့္အမ်ိဳးမို့၊ ကိုယ့္မိတ္ေဆြမို့၊ ကိုယ့္ကို ေထာက္ပံ့ ကူညီတဲ့ ပုဂၢိဳလ္မို့၊

ကိုယ့္ကို လာဘ္ထိုးထားလို့၊ ပိုက္ဆံေပးထားလို့ ဆႏၵ၊ သူ႔အေပၚမွာ favour ေပးတာ။ခ်စ္ခင္ျခင္းေၾကာင့္ တရားလမ္းေၾကာင္းတိမ္းေစာင္းသြားတတ္တယ္၊

“ဆႏၵာဂ တိ”

ဒီလူကေတာ့ တစ္ခ်ိန္တုန္းကငါ့အေပၚ ဘယ္လိုလုပ္တာ၊ ေစာ္ကားတယ္ သို့မဟုတ္ ဒီလူ႔ကို မုန္းတယ္၊ မုန္းသည့္အတြက္ေၾကာင့္ျပစ္မွုဟာ ဒီေလာက္မႀကီးေပမဲ့ ႀကီးေအာင္ လုပ္တယ္။

အဲဒါ ေဒါသာဂတိ၊ အမုန္းတရားကို အေျခခံၿပီးေတာ့ ဆုံးျဖတ္လို႔ရွိရင္ “ေဒါသာဂတိ”။ေနာက္တစ္ခုက်ေတာ့”ေမာဟာဂတိ”၊ တရားဥပေဒတို့၊တကယ့္ျပစ္မွုေတြတို့ ေသေသခ်ာခ်ာေလ့လာစုံစမ္းျခင္းမျပဳဘဲနဲ႔

အမွန္အမွား ခြဲျခားၿပီးေတာ့ ေသခ်ာသိေအာင္ မႀကိဳးစားဘဲနဲ႔ ဆုံးျဖတ္လိုက္ၿပီဆိုရင္”ေမာဟာဂတိ”၊ ဥပေဒလမ္းေၾကာင္းမသိဘဲနဲ႔ ဆုံးျဖတ္လိုက္တယ္ “ေမာဟာဂတိ”။

“ဘယာဂတိ”

ဒီလူကရာထူးအာဏာရွိတယ္သို့မဟုတ္ဒီလူကငါ့ကိုဒုကၡေပးလိမ့္မယ္။ေၾကာက္ရတယ္၊ သူ႔ကို သက္သက္ညႇာညႇာဆုံးျဖတ္မွ ျဖစ္ပါလိမ့္မယ္။

သို့မဟုတ္ သူ႔ကိုကေတာ့ ဒီလူေတာ့ နိုင္တုန္း ဖိမွ ျဖစ္မယ္။ ဒီလူက ေၾကာက္ရတယ္၊ အျပင္ထားလို့ မျဖစ္ဘူး။ အတြင္းပို႔ရမယ္။

အဲဒီလို

ေၾကာက္လို့ဆုံးျဖတ္တာမ်ိဳးေတြက်ေတာ့ “ဘယာဂတိ” လို့ေခၚတယ္။

အဲဒီလို အဂတိေလးပါးလိုက္စားၿပီးေတာ့ တရားလမ္းေၾကာင္းက ေသြဖီၿပီး ဆုံးျဖတ္မယ္ဆိုရင္ တရားသူႀကီးမဟုတ္ဘူးတဲ့။ အဲဒီေတာ့

ဓမၼလမ္းေၾကာင္းအတိုင္းဓမၼနဲ႔အညီ၊ ဥပေဒရွိတဲ့အတိုင္း တရားဥပေဒနဲ႔ အညီ၊ ျပစ္မွုနဲ႔လိုက္ေလ်ာညီေထြၿပီးေတာ့ ဆုံးျဖတ္ေပးရမယ္တဲ့။အဲဒီေတာ့ ဘယ္ေနရာပဲျဖစ္ျဖစ္အရည္အခ်င္းဆိုတာေလ်ာ့ရဲသြားတယ္၊

အဲဒီေတာ့ ကိုယ့္ကိုယ္ကိုလည္းအရည္အခ်င္းေတြမယိုယြင္းေအာင္ ကိုယ့္ကိုယ္ကိုထိန္းသိမ္းေစာင့္ေရွာက္ၾကရမယ္၊

လူတိုင္း လူတိုင္းဟာ လိုက္နာက်င့္သုံးရမယ့္ကိစၥေတြရွိတယ္၊ ကိုယ့္အရည္အခ်င္းေတြမပ်က္ျပားဖို့ ထိန္းသိမ္းေစာင့္ေရွာက္ဖို့လိုအပ္တယ္၊ ကိုယ့္ရဲ့စိတ္ေနသေဘာထားေတြ မွန္ကန္ေနဖို့ ႀကိဳးစားအားထုတ္သင့္တယ္။

လူ႔ရဲ့အရည္အခ်င္းေတြဆိုတာဘာေတြလဲ?

သူမ်ားအေပၚ ေမတၱာ ထားတယ္၊ ကိုယ့္ထက္နိမ့္က်ရင္က႐ုဏာထားတယ္၊ ကိုယ့္ထက္သာလို့ရွိရင္ဝမ္းသာနိုင္ရမယ္၊ အျပစ္အနာအဆာနဲ႔ပတ္သက္လာလို့ရွိရင္ လ်စ္လ်ဴရွုနိုင္ရမယ္၊

ကိုယ္က ေက်းဇူးျပဳထားၿပီးသူမ်ားဆီက ျပန္ၿပီးေတာ့

တုန္႔ျပန္ခံခ်င္တာမ်ိဳး မရွိဘဲနဲ႔ ကိုယ္ေက်းဇူးျပဳတာ ေမတၱာနဲ႔ေက်းဇူးျပဳတဲ့ အေပၚမွာ ကိုယ့္ရဲ့ေက်းဇူးျပဳမွုကို တုံ႔ျပန္လာတာကို မေမၽွာ္လင့္တဲ့ဥေပကၡာ ဆိုတာ ရွိရမယ္။

ဒါကတကယ့္ကိုယ့္အရည္အခ်င္းေတြ ထိန္းသိမ္းတာ၊ တရားသူႀကီးသည္ ဥပေဒကို ထိန္းသိမ္းေစာင့္ေရွာက္သလို လူတိုင္း လူတိုင္းဟာ လူ႔ရဲ့ အရည္အခ်င္းေတြကို ထိန္းသိမ္းေစာင့္ေရွာက္ သင့္တယ္။

(ေဒါက္တာအရွင္နႏၵမာလာဘိဝံသ)

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box