Facebook Comments Box
ဗုဒ္ဓဟူးနေ့ဖွားများရဲ့ သားသမီးများအတွက် တစ်သက်တာ ကံကောင်းချိန်၊ကံညံ့ချိန် အသက်အပိုင်းအခြားများ

ဗုဒ္ဓဟူးနေ့ဖွားများရဲ့ သားသမီးများအတွက် တစ်သက်တာ ကံကောင်းချိန်၊ကံညံ့ချိန် အသက်အပိုင်းအခြားများ

ဗုဒ္ဓဟူးနေ့ဖွားများရဲ့ တစ်သက်တာကံကောင်းချိန်၊ကံညံ့ချိန်အသက်အပိုင်းအခြားများ
ဗုဒ္ဓဟူးနေ့ဖွားတွေလို့ ပြောရတာကတော့ မနက်ပိုင်းပဲမွေးမွေး၊ညနေ ရာဟုချိန်ပဲမွေးမွေး အခုဒသာ ကောက်ကိန်း တွေက အကျုံးဝင်ပါလိမ့်မယ်။ ရာဟုမို့လို ဒသာအသက်အပိုင်းအခြားသီးသန့်ရယ်လို့မရှိပါဘူး…။

ဗုဒ္ဓဟူးနေ့ဖွားများရဲ့ ကံကောင်းချိန်တွေကတော့…..
အသက် ၂နှစ် ၁လ ၁၅ရက်မှ….အသက် ၄နှစ် ၃လအထိကာလအတွင်း
အသက် ၁၇နှစ်တင်းတင်း ပြည့်ချိန်မှ…. အသက် ၁၈နှစ် ၃လ အထိကာလအတွင်း
အသက် ၄၃နှစ် ၇လ ၁၅ရက် မှ…. အသက်၄၆နှစ်အထိ ကာလအတွင်း
အသက် ၅၅နှစ်တင်းတင်းပြည့်ချိန်မှ …..အသက်၅၆နှစ် ၆လ အထိကာလအတွင်း
အသက် ၇၁နှစ် ၁လ ၁၅ရက်မှ….. အသက် ၇၃နှစ် ၉လအထိ ကာလအတွင်းများသည်..ဗုဒ္ဓဟူးနေ့ဖွားတွေအတွက် ကံကောင်းချိန်တွေပါပဲ…
ဒီမှာပြောစရာရှိတာက အသက် ၁၉နှစ်လောက်ကနေ..အသက် ၄၃လောက်ထိက ကံမကောင်းဘူးလားလို့ မေးစရာရှိပါတယ်…အမှန်တော့အဲကာလတွေဟာ ဗုဒ္ဓဟူးနေ့ဖွားတွေအတွက် ချမ်းသာ နိုင်သလို ကုန်ကောက်စရာ မရှိအောင်မွဲသွားနိုင်တယ်ဆိုတဲ့ ကံကြမ္မာအတက်အကျကြမ်းတမ်းတဲ့ ကာလတွေလိုပဲ သတ်မှတ်ရမှာပါ။ ရှာထား တဲ့ငွေတွေ အရင်းအနှီးမလုပ်တတ်လို့မွဲသွားတာမျိုးတွေ….။ အမွေတွေရပြီးမှ နားမလည်တာ ကို သူများဆွယ် လို့လုပ်မိရာက ရှိတာကုန်သွားတာ၊နိုင်ငံခြားမှာ ၁၀နှစ်လောက်လုပ်ပြီးပြန်လာ…အလုပ်လုပ်ကြည့်.. အရှုံးပြသွားတာ မျိုးတွေဖြစ်လွယ် လို့ပါပဲ။ အုပ်ထိန်းသူအကြီးအကဲတွေ တည့်မတ်ပေးနိုင်လို့ဖြစ်စေ၊ကိုယ်တိုင်ကလိမ္မာပါးနပ်ပြီး ထိန်းသိမ်းနိုင်သူတွေကတော့အဆင်ပြေမယ်လို့ယေဘုယျပြောနိုင်မှာပါ..။ဒါကြောင့်ကံကောင်းချိန်ဆိုတာ…စိတ် အား လူအားနှစ်ပြီးလုပ်ဖို့ ကောင်းတဲ့အချိန်တွေကိုပဲ ပြောတာပါ..

ဗုဒ္ဓဟူးနေ့ဖွားတွေအတွက်ကံညံ့ချိန်အသက်အပိုင်းအခြားတွေကတော့
အသက် ၁၂နှစ် ၉လ မှစ၍… အသက် ၁၄နှစ် ၁၀လ ၁၅ရက်အထိကာလ
အသက် ၂၃နှစ် ၃လမှစ၍… အသက် ၂၄နှစ် ၆လအထိကာလ
အသက် ၃၆နှစ် ၆လမှ အသက်၃၈နှစ် ၁၀ လ ၁၅ရက်အထိကာလ
အသက် ၅၀နှစ် ၆လမှ အသက် ၅၂နှစ်တင်းတင်းပြည့်ချိန်ကာလ
အသက် ၆၃နှစ် ၃လ မှ အသက် ၆၅နှစ် ၁၀လ ၁၅ရက်အထိကာလတွေကတော့… ထင်တိုင်းမပေါက်တဲ့ ကာလတွေ လိုဆိုနိုင်ပါတယ်…။
အရာရာချင့်ချိန်စဉ်းစားပြီး..လုပ်သင့်သလို..စိတ်ပန်းလူပန်းချိန်တွေမို့ အားလပ်ချိန်လေးတွေကို လဲ စိတ်အပန်းဖြေပေးတာ..၊ဗုဒ္ဓဘာသာဝင်များအနေနဲ့ meditation လုပ်တာမျိုးတွေ အညံ့အဆိုးတွေကိုဖြေလျော့ ပြီးသားဖြစ်သွားပါလိမ့်မယ်။

ဗုဒ္ဓဟူးနေ့ဖွားများအားလုံး
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင်ကြပါစေ
ဆရာငြိမ်းအေးလူ

ဗုဒၶဟူးေန႔ဖြားမ်ားရဲ႕ သားသမီးမ်ားအတြက္ တစ္သက္တာ ကံေကာင္းခ်ိန္၊ကံညံ့ခ်ိန္ အသက္အပိုင္းအျခားမ်ား

ဗုဒၶဟူးေန႔ဖြားမ်ားရဲ႕ တစ္သက္တာကံေကာင္းခ်ိန္၊ကံညံ့ခ်ိန္အသက္အပိုင္းအျခားမ်ား
ဗုဒၶဟူးေန႔ဖြားေတြလို႔ ေျပာရတာကေတာ့ မနက္ပိုင္းပဲေမြးေမြး၊ညေန ရာဟုခ်ိန္ပဲေမြးေမြး အခုဒသာ ေကာက္ကိန္း ေတြက အက်ဳံးဝင္ပါလိမ့္မယ္။ ရာဟုမို႔လို ဒသာအသက္အပိုင္းအျခားသီးသန႔္ရယ္လို႔မရွိပါဘူး…။

ဗုဒၶဟူးေန႔ဖြားမ်ားရဲ႕ ကံေကာင္းခ်ိန္ေတြကေတာ့…..
အသက္ ၂ႏွစ္ ၁လ ၁၅ရက္မွ….အသက္ ၄ႏွစ္ ၃လအထိကာလအတြင္း
အသက္ ၁၇ႏွစ္တင္းတင္း ျပည့္ခ်ိန္မွ…. အသက္ ၁၈ႏွစ္ ၃လ အထိကာလအတြင္း
အသက္ ၄၃ႏွစ္ ၇လ ၁၅ရက္ မွ…. အသက္၄၆ႏွစ္အထိ ကာလအတြင္း
အသက္ ၅၅ႏွစ္တင္းတင္းျပည့္ခ်ိန္မွ …..အသက္၅၆ႏွစ္ ၆လ အထိကာလအတြင္း
အသက္ ၇၁ႏွစ္ ၁လ ၁၅ရက္မွ….. အသက္ ၇၃ႏွစ္ ၉လအထိ ကာလအတြင္းမ်ားသည္..ဗုဒၶဟူးေန႔ဖြားေတြအတြက္ ကံေကာင္းခ်ိန္ေတြပါပဲ…
ဒီမွာေျပာစရာရွိတာက အသက္ ၁၉ႏွစ္ေလာက္ကေန..အသက္ ၄၃ေလာက္ထိက ကံမေကာင္းဘူးလားလို႔ ေမးစရာရွိပါတယ္…အမွန္ေတာ့အဲကာလေတြဟာ ဗုဒၶဟူးေန႔ဖြားေတြအတြက္ ခ်မ္းသာ ႏိုင္သလို ကုန္ေကာက္စရာ မရွိေအာင္မြဲသြားႏိုင္တယ္ဆိုတဲ့ ကံၾကမၼာအတက္အက်ၾကမ္းတမ္းတဲ့ ကာလေတြလိုပဲ သတ္မွတ္ရမွာပါ။ ရွာထား တဲ့ေငြေတြ အရင္းအႏွီးမလုပ္တတ္လို႔မြဲသြားတာမ်ိဳးေတြ….။ အေမြေတြရၿပီးမွ နားမလည္တာ ကို သူမ်ားဆြယ္ လို႔လုပ္မိရာက ရွိတာကုန္သြားတာ၊ႏိုင္ငံျခားမွာ ၁၀ႏွစ္ေလာက္လုပ္ၿပီးျပန္လာ…အလုပ္လုပ္ၾကည့္.. အရႈံးျပသြားတာ မ်ိဳးေတြျဖစ္လြယ္ လို႔ပါပဲ။ အုပ္ထိန္းသူအႀကီးအကဲေတြ တည့္မတ္ေပးႏိုင္လို႔ျဖစ္ေစ၊ကိုယ္တိုင္ကလိမၼာပါးနပ္ၿပီး ထိန္းသိမ္းႏိုင္သူေတြကေတာ့အဆင္ေျပမယ္လို႔ေယဘုယ်ေျပာႏိုင္မွာပါ..။ဒါေၾကာင့္ကံေကာင္းခ်ိန္ဆိုတာ…စိတ္ အား လူအားႏွစ္ၿပီးလုပ္ဖို႔ ေကာင္းတဲ့အခ်ိန္ေတြကိုပဲ ေျပာတာပါ..

ဗုဒၶဟူးေန႔ဖြားေတြအတြက္ကံညံ့ခ်ိန္အသက္အပိုင္းအျခားေတြကေတာ့
အသက္ ၁၂ႏွစ္ ၉လ မွစ၍… အသက္ ၁၄ႏွစ္ ၁၀လ ၁၅ရက္အထိကာလ
အသက္ ၂၃ႏွစ္ ၃လမွစ၍… အသက္ ၂၄ႏွစ္ ၆လအထိကာလ
အသက္ ၃၆ႏွစ္ ၆လမွ အသက္၃၈ႏွစ္ ၁၀ လ ၁၅ရက္အထိကာလ
အသက္ ၅၀ႏွစ္ ၆လမွ အသက္ ၅၂ႏွစ္တင္းတင္းျပည့္ခ်ိန္ကာလ
အသက္ ၆၃ႏွစ္ ၃လ မွ အသက္ ၆၅ႏွစ္ ၁၀လ ၁၅ရက္အထိကာလေတြကေတာ့… ထင္တိုင္းမေပါက္တဲ့ ကာလေတြ လိုဆိုႏိုင္ပါတယ္…။
အရာရာခ်င့္ခ်ိန္စဥ္းစားၿပီး..လုပ္သင့္သလို..စိတ္ပန္းလူပန္းခ်ိန္ေတြမို႔ အားလပ္ခ်ိန္ေလးေတြကို လဲ စိတ္အပန္းေျဖေပးတာ..၊ဗုဒၶဘာသာဝင္မ်ားအေနနဲ႔ meditation လုပ္တာမ်ိဳးေတြ အညံ့အဆိုးေတြကိုေျဖေလ်ာ့ ၿပီးသားျဖစ္သြားပါလိမ့္မယ္။

ဗုဒၶဟူးေန႔ဖြားမ်ားအားလုံး
ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝႏိုင္ၾကပါေစ
ဆရာၿငိမ္းေအးလူ

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box