Facebook Comments Box
စနေသားသမီးများအတွက် တစ်သက်တာ ကံကောင်းချိန်၊ကံညံ့ချိန်များ

စနေသားသမီးများအတွက် တစ်သက်တာ ကံကောင်းချိန်၊ကံညံ့ချိန်များ

အရင်နေ့က သောကြာသားသမီးတွေရဲ့ ဒသာအပိုင်းအခြားတွေကို ပြောခဲ့ပါတယ်။ ဒီနေ့မှာတော့ စနေသားသမီး တွေရဲ့ တစ်သက်တာ ကံကောင်း၊ကံညံ့ဒသာကာလ လေးတွေကိုပြောပေးလိုက်ပါမယ်။ လူငယ် လူရွယ် တွေအနေနဲ့ မိမိရဲ့ ကောင်းတဲ့ဒသာတွေကျရောက်နေချိန်မှာ ပိုမိုအားထည့်ပြီး ကြိုးစားနိုင်ဖို့နဲ့ ကံညံ့တဲ့ ဒသာ နှစ်ပိုင်းတွေ ဖြတ်သန်း ချိန်မှာတော့ သတိ၊ ဉာဏ်ပညာဦးဆောင်ပြီး ဖြတ်သန်းသွားနိုင်ဖို့ အထူးရည်ရွယ်ပါတယ်။.

ကဲစကြရအောင်
စနေသားသမီးတွေရဲ့ကံကောင်းချိန်တွေက
အသက် ၇နှစ် ၆လမှစ၍ အသက် ၈နှစ် ၉လအထိကာလ
အသက် ၂၁နှစ် ၁၀လ ၁၅ရက်မှစ၍ အသက် ၂၄နှစ် ၃လအထိကာလ
အသက် ၃၅နှစ်တင်းတင်းပြည့်ချိန်မှစ၍ အသက် ၃၆နှစ် ၆လအထိကာလ
အသက် ၄၈နှစ် ၁၀လ ၁၅ရက်မှစ၍ အသက် ၅၁နှစ် ၆လအထိကာလ
အသက် ၆၃နှစ် ၆လမှစ၍ အသက်၆၄နှစ် ၃လအထိကာလ
အသက် ၆၉နှစ် ၁၀လ ၁၅ရက်မှစ၍ အသက် ၇၁နှစ် ၉လအထိ ကာလများဟာ ၇၀%သော စနေ သားသမီး များအတွက် ကြံတိုင်းအောင် ဆောင်တိုင်းမြောက် တဲ့ကာလပဲဖြစ်ပါတယ်။
အထက်ပါအသက်အပိုင်းအခြားတွေက မိမိတို့ အလိုရှိရာပန်းတိုင်ကို ဆုပ်ကိုင်နိုင်မယ့်ကာလတွေပါပဲ။ ကောင်းသောအသက်အပိုင်းအခြားတွေမှာ အချိန်မဖြုန်းဖို့ အထူး လိုအပ်ပါတယ်။

စနေသားသမီးများရဲ့တစ်သက်တာ ကံညံ့ချိန်အသက်အပိုင်းအခြားကတော့
အသက် ၁နှစ် ၃လမှစ၍ အသက် ၂နှစ် ၆လအထိကာလ
အသက် ၁၀နှစ် မှစ၍ အသက် ၁၂နှစ် ၄လ ၁၅ရက်အထိကာလ
အသက် ၃၉နှစ် ၆လမှစ၍ အသက် ၄၁နှစ်တင်းတင်းပြည့်ချိန်အထိကာလ
အသက် ၅၆နှစ် ၉လမှစ၍ အသက် ၅၉နှစ် ၄လ ၁၅ရက်အထိကာလ
အသက် ၆၅နှစ် ၉လမှစ၍ အသက် ၆၆နှစ် ၆လအထိကာလ
အသက် ၇၅နှစ် ၆လမှစ၍ အသက် ၇၇နှစ် ၄လ ၁၅ရက်အထိ အတွင်းကာလများဟာ စနေသားသမီးတွေ အတွက် ကံညံ့နေချိန်တွေပဲဖြစ်ပါတယ်။ ကံညံ့နေချိန်မှာ ခင်ပွန်းကြီးဆယ်ပါးကို မမေ့ပါနဲ့။ အရာရာကိုချင့်ချိန်ပြီး ဆောင်ရွက်ပါ။ မိမိလုပ်ချင်တာကို မိမိတစ်ဦးတည်း ဆုံးဖြတ်ချက်မချလိုက်ပါနဲ့။ နားလည်သူတွေကို တိုင်ပင်လိုက် ပါ။ တတ်နိုင်သမျှ ပရဟိတ ကုသိုလ်တွေ၊ ဝေယျာ၀စ္စ ကုသိုလ်တွေ များများလုပ်ပေးပါ။တစ်ခုသိထားစေချင်တာက စနေသားသမီးတွေရဲ့ ကံအပြောင်းအလဲက ရုတ်တရတ်ထဖြစ်လေ့ရှိပါတယ်။ ဒီလ စီးပွားရေးတွေကောင်းပေမဲ့ နောက်လမွဲချင်မွဲသွားတာမျိုး၊ ဒီနေ့ ကျန်းကျန်းမာမာလမ်းလျှောက်နေမဲ့ နောက်နေ့ အိပ်ရာထဲလဲနေတာမျိုးတွေ၊ ဒီနေ့မွဲနေပေမဲ့ နောက်နေ့အမွေရတာမျိုး စသည်ဖြင့် ကံတွေက ရုတ်တရက်ပြောင်းလဲတတ်တာကိုတွေ့ရပါတယ်။ သတိထားဆင်ခြင်နိုင်ဖို့ ပြောပေးထားတာပါ။.

၇ရက်သားသမီးများအားလုံး တွေးဆ ဆင်ခြင်နိုင်ကြပါစေ။
ဆရာငြိမ်းအေးလူ

စေနသားသမီးမ်ားအတြက္ တစ္သက္တာ ကံေကာင္းခ်ိန္၊ကံညံ့ခ်ိန္မ်ား

အရင္ေန႔က ေသာၾကာသားသမီးေတြရဲ႕ ဒသာအပိုင္းအျခားေတြကို ေျပာခဲ့ပါတယ္။ ဒီေန႔မွာေတာ့ စေနသားသမီး ေတြရဲ႕ တစ္သက္တာ ကံေကာင္း၊ကံညံ့ဒသာကာလ ေလးေတြကိုေျပာေပးလိုက္ပါမယ္။ လူငယ္ လူ႐ြယ္ ေတြအေနနဲ႔ မိမိရဲ႕ ေကာင္းတဲ့ဒသာေတြက်ေရာက္ေနခ်ိန္မွာ ပိုမိုအားထည့္ၿပီး ႀကိဳးစားႏိုင္ဖို႔နဲ႔ ကံညံ့တဲ့ ဒသာ ႏွစ္ပိုင္းေတြ ျဖတ္သန္း ခ်ိန္မွာေတာ့ သတိ၊ ဉာဏ္ပညာဦးေဆာင္ၿပီး ျဖတ္သန္းသြားႏိုင္ဖို႔ အထူးရည္႐ြယ္ပါတယ္။

ကဲစၾကရေအာင္
စေနသားသမီးေတြရဲ႕ကံေကာင္းခ်ိန္ေတြက
အသက္ ၇ႏွစ္ ၆လမွစ၍ အသက္ ၈ႏွစ္ ၉လအထိကာလ
အသက္ ၂၁ႏွစ္ ၁၀လ ၁၅ရက္မွစ၍ အသက္ ၂၄ႏွစ္ ၃လအထိကာလ
အသက္ ၃၅ႏွစ္တင္းတင္းျပည့္ခ်ိန္မွစ၍ အသက္ ၃၆ႏွစ္ ၆လအထိကာလ
အသက္ ၄၈ႏွစ္ ၁၀လ ၁၅ရက္မွစ၍ အသက္ ၅၁ႏွစ္ ၆လအထိကာလ
အသက္ ၆၃ႏွစ္ ၆လမွစ၍ အသက္၆၄ႏွစ္ ၃လအထိကာလ
အသက္ ၆၉ႏွစ္ ၁၀လ ၁၅ရက္မွစ၍ အသက္ ၇၁ႏွစ္ ၉လအထိ ကာလမ်ားဟာ ၇၀%ေသာ စေန သားသမီး မ်ားအတြက္ ႀကံတိုင္းေအာင္ ေဆာင္တိုင္းေျမာက္ တဲ့ကာလပဲျဖစ္ပါတယ္။
အထက္ပါအသက္အပိုင္းအျခားေတြက မိမိတို႔ အလိုရွိရာပန္းတိုင္ကို ဆုပ္ကိုင္ႏိုင္မယ့္ကာလေတြပါပဲ။ ေကာင္းေသာအသက္အပိုင္းအျခားေတြမွာ အခ်ိန္မျဖဳန္းဖို႔ အထူး လိုအပ္ပါတယ္။

စေနသားသမီးမ်ားရဲ႕တစ္သက္တာ ကံညံ့ခ်ိန္အသက္အပိုင္းအျခားကေတာ့
အသက္ ၁ႏွစ္ ၃လမွစ၍ အသက္ ၂ႏွစ္ ၆လအထိကာလ
အသက္ ၁၀ႏွစ္ မွစ၍ အသက္ ၁၂ႏွစ္ ၄လ ၁၅ရက္အထိကာလ
အသက္ ၃၉ႏွစ္ ၆လမွစ၍ အသက္ ၄၁ႏွစ္တင္းတင္းျပည့္ခ်ိန္အထိကာလ
အသက္ ၅၆ႏွစ္ ၉လမွစ၍ အသက္ ၅၉ႏွစ္ ၄လ ၁၅ရက္အထိကာလ
အသက္ ၆၅ႏွစ္ ၉လမွစ၍ အသက္ ၆၆ႏွစ္ ၆လအထိကာလ
အသက္ ၇၅ႏွစ္ ၆လမွစ၍ အသက္ ၇၇ႏွစ္ ၄လ ၁၅ရက္အထိ အတြင္းကာလမ်ားဟာ စေနသားသမီးေတြ အတြက္ ကံညံ့ေနခ်ိန္ေတြပဲျဖစ္ပါတယ္။ ကံညံ့ေနခ်ိန္မွာ ခင္ပြန္းႀကီးဆယ္ပါးကို မေမ့ပါနဲ႔။ အရာရာကိုခ်င့္ခ်ိန္ၿပီး ေဆာင္႐ြက္ပါ။ မိမိလုပ္ခ်င္တာကို မိမိတစ္ဦးတည္း ဆုံးျဖတ္ခ်က္မခ်လိုက္ပါနဲ႔။ နားလည္သူေတြကို တိုင္ပင္လိုက္ ပါ။ တတ္ႏိုင္သမွ် ပရဟိတ ကုသိုလ္ေတြ၊ ေဝယ်ာ၀စၥ ကုသိုလ္ေတြ မ်ားမ်ားလုပ္ေပးပါ။တစ္ခုသိထားေစခ်င္တာက စေနသားသမီးေတြရဲ႕ ကံအေျပာင္းအလဲက ႐ုတ္တရတ္ထျဖစ္ေလ့ရွိပါတယ္။ ဒီလ စီးပြားေရးေတြေကာင္းေပမဲ့ ေနာက္လမြဲခ်င္မြဲသြားတာမ်ိဳး၊ ဒီေန႔ က်န္းက်န္းမာမာလမ္းေလွ်ာက္ေနမဲ့ ေနာက္ေန႔ အိပ္ရာထဲလဲေနတာမ်ိဳးေတြ၊ ဒီေန႔မြဲေနေပမဲ့ ေနာက္ေန႔အေမြရတာမ်ိဳး စသည္ျဖင့္ ကံေတြက ႐ုတ္တရက္ေျပာင္းလဲတတ္တာကိုေတြ႕ရပါတယ္။ သတိထားဆင္ျခင္ႏိုင္ဖို႔ ေျပာေပးထားတာပါ။

၇ရက္သားသမီးမ်ားအားလုံး ေတြးဆ ဆင္ျခင္ႏိုင္ၾကပါေစ။
ဆရာၿငိမ္းေအးလူ

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box