Facebook Comments Box
ငွေဝင်မည့်နိမိတ်

ငွေဝင်မည့်နိမိတ်

လူရဲ့သည်းခြေကြိုက်ဟာငွေပါ။
ငွေမရှိရင်လဲ လူတွေဟာလောကကြီးမှာရပ်တည်နေထိုင်ဖို့ ခက်ခဲလှပါတယ်။ ငွေရှိမှလဲ၊ စားဝတ်နေရေးပညာရေးကနေ ကျန်းမာရေးအဆုံး ပြေပြေလည်လည်ဖြစ်နိုင်မှာပါ။ ဒီအတွက်လူတွေဟာငွေကို ရှာကြရတယ်။ စိတ်ကောင်းရှိတဲ့လူများက သမ္မာအာဇီဝလို့ခေါ်တဲ့ မှန်မှန်ကန်ကန်ရှာဖွေပြီး၊ အသက်မွေးကြတယ်။
ဒီလိုမဟုတ်ပဲ၊ စိတ်ကောင်းမရှိတဲ့သူများ(စိတ်ယုတ်မာ ရှိတဲ့သူများ)ကျတော့ မသမ္မာတဲ့နည်းနဲ့ရှာဖွေပြီး အသက်မွေးကြတယ်။ (ခိုးဆိုးလုနှိုက်)အဲဒီအပြင် ဝိသမလောဘနဲ့လောသတကြီးနဲ့ လူအချင်းချင်းဂုတ်သွေးစုတ်ကြတယ်။ အာဏာအရင်းတည်ပြီး၊ မတော်မတရားသိမ်းပိုက်လာကြတယ်၊ ဓားပြအကြီးစားတွေ ဖြစ်လာကြတယ်။
ထားတော့ငွေဆိုတဲ့အရာဝတ္ထုကို မလိုချင်တဲ့ လူရယ်လို့မရှိပါဘူး။ တရားမျှတစွာလိုချင်သူနဲ့ မတရားလိုချင်သူပဲကွာတာပါ။ လုံးဝမလိုချင်တော့ပါဘူးဆိုတဲ့လူဟာ ဘုရား၊ ရဟန္တာ၊ ပစ်စကေဗုဒ်ဓါတှပေဲရှိမှာပါ။
ပုထုဇဉ်လူသား အနေနဲ့တော့ ငွေကို မလိုချင်တဲ့သူ မရှိနိုင်ပါဘူး။ စားဝတ်နေရေး၊ သာရေး၊ နာရေးတွေ ရှိနေကြတဲ့အတွက်၊ ငွေဟာသူ့အိုးနဲ့သူ့ဆန်တန်သလောက်တော့ လိုနေကြတာပါပဲ။ ကျားကြီးရင် ခြေရာကြီးသတဲ့။ သူ့အထွာနဲ့သူတော့ သူ့အတိုင်း အတာနဲ့သူတော့ရှိနေကြတာပါပဲ။

ဒီတော့ငွေဝင်မယ်ဆိုတဲ့သတင်းကြားရရင် ကြားရတဲ့သူဟာပျော်ပါတယ်။ တကယ်မဝင်သေးဘူး။ ဝင်တော့မယ်ဆိုတဲ့ နိမိတ်တွေ အိပ်မက်တွေရရင် ပျော်တော့တာပါပဲ။ကိုယ့်ဆီငွေဝင်လာတော့မယ်ဆိုရင် နိမိတ်ပြလေ့ရှိပါတယ်။
ငွေဝင်တဲ့ကိစ္စမှမဟုတ်ပါဘူး။ တခြားကိစ္စတွေဖြစ်တဲ့ ဧည့်လာမယ့်နိမိတ်တွေ၊ စကားများမယ့်နိမိတ်၊ အစားကောင်းစားရမယ့် နိမိတ်တွေလည်း ပြလေ့ရှိတာပါပဲ။ ဒါပေမဲ့ နိမိတ်တွေပြနေတာကို လူတိုင်းသတိမထားမိကြပါဘူး။
သတိထားမိကြသူ နည်းပါတယ်။ သတိထားမိတယ်ဆိုရင်လည်း အင်းနိမိတ်တော့နိမိတ်ပဲ ၊ ဘာနိမိတ် လဲမသိဘူး အဲသလိုတွေးမိကြတဲ့သူတွေများပါတယ်။နိမိတ်ဖတ်နိုင်တယ်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ ပါရမီထူးသူရင်လည်းဖြစ်ရတယ်။
ဒါမှမဟုတ် ဗဟုသုတကြွယ်ဝသူရင်လည်း ဖြစ်တတ်တယ်။ ဟုတ်ပြီ ပါရမီလည်းရှိပါရဲ့ ဗဟုသုတလည်းကြွယ်ပါရဲ့ ဒါပေမယ့် သူတစ်ပါးကို ကူညီချင်တဲ့သူမဟုတ်ရင်လည်း စကားနည်းရန်စဲဆိုသလို ပြောပြကူညီပေးဖို့ အခွင့်အရေးကြုံပေမယ့် မသိသလို ခပ်မဆိတ်နေတတ်ကြသူတွေလည်း ရှိပါတယ်။

တချို့ပညာရှိများကျတော့ မမေးရင်ဘာမှပင် မပြောတတ်ကြပေမယ့် သူတို့ကိုမေးပြီဆိုရင်တော့ စည်ကြီးကိုတီးလိုက်သလို ရှည်ရှည်ဝေးဝေး ပတ်ပတ်နပ်နပ် ရှင်းပြတတ်တဲ့ပညာရှိများလည်း လောကကြီးမှာရှိနေတတ်ပါတယ်။
လူကြည့်ပြီးမေးတတ်ဖို့သာ လိုရင်းပါ။ဒါကြောင့်နိမိတ်တစ်ခုခုရရင် အိပ်မက်ထူးထူးခြားခြားမက်ရင် ဗဟုသုတစုံလင်သူ(စိတ်ကောင်းရှိသူ) တွေကို မေးမြန်းဆွေးနွေးသင့်ပါတယ်။ သို့သော် အရိပ်အကဲကြည့်ပြီးမှ မေးမြန်းဖို့တော့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ တချို့နိမိတ်တွေဟာ ကောင်းပါတယ်။
ဒါပေမယ့် နိမိတ်ဖတ်ပြောကြားသူက မကောင်းနိမိတ်အဖြစ်ဖတ်ပြီးပြောလိုက်တဲ့အခါ ဣဋ္ဌလို့ ခေါ်တဲ့နိမိတ်ကောင်းဟာ အနိဋ္ဌလို့ခေါ်တဲ့မကောင်းတဲ့နိမိတ်တွေဖြစ်သွားပြီး မကောင်းတဲ့စိတ်တွေ စွဲလန်းသွားတတ်ပါတယ်။မကောင်းတဲ့အထင်အမြင်တွေကြောင့် မကောင်းတဲ့ကိစ္စရပ်တွေ ကြုံတွေ့ရတတ်ပါတယ်။တကယ့်ပညာကျော် အဓိပတိကြီးများကျတော့လည်း အနိဋ္ဌာရုံလို့ထင်ရတဲ့ မကောင်းတဲ့နိမိတ်ကိုတောင် ကောင်းစေချင်တဲ့စေတနာဇောပြဋ္ဌာန်းပြီး ဣဋ္ဌာရုံအဖြစ်ဟောကိန်းထုတ်ခဲ့တာကြောင့် စိတ်ချမ်းသာခဲ့ရတာတွေလည်း ရှိပါတယ်။

ဥပမာအားဖြင့် အယူတော်မင်္ဂလာပညာရှိဟာ ရှင်ဘုရင့်နန်းတော်ဆောင်ခေါင်မိုးမှာ လင်းတကြီးလာနားတဲ့အခါ တခြားပညာရှင်များက ဒါဟာမကောင်းတဲ့အတိတ်နိမိတ်ပဲ ဆိုပြီးဖွင့်ဆိုကြတယ်။ ဒါပေမယ့်အယူတော်မင်္ဂလာ ပညာရှိကြီးကတော့ ဒီနိမိတ်ကိုကြည့်ပြီး ကောင်းတဲ့ နိမိတ်အဖြစ်ကောက်ယူခဲ့တယ်။
မြောက်ဘက်အရပ်ဒေသက သမီးကညာ ဆက်သလာလိမ့်မယ်လို့ နိမိတ်ကောက်ယူဟောပြောတယ်။ မကြာခင်မှာဘဲ အယူတော်မင်္ဂလာဆရာကြီးဦးနိုးရဲ့အယူအဆ နိမိတ်ကောက်ပုံမှန်ကန်ကြောင်း သိလာကြရတယ်။ ဒီဆောင်းပါးမှာ ပြောလိုရင်းကတော့ နိမိတ်ဆိုတာရှိတယ်။

လူတွေကို ကမ္ဘာလောကကြီးက ကြိုတင်အသိပေးနေတယ်။ လူတိုင်းမသိပေမယ့် လေ့လာမှတ်သားသူများကတော့ နိမိတ်ကိုဖတ်နိုင်ကြကြောင်းဆိုလိုတာပါ။အိမ်မှာ ပိုးဟပ်တွေပျံလိုက်တာ ဖလူးဖလူးနဲ့ အများကြီးပဲ၊ ပျံရင်းနဲ့ လူပေါ်လာလာနားလိုက်သေးတယ်။ယားကျိယားကျိနဲ့ မနည်းမောင်းရတယ်။ ပျံနေတာမရပ်ဘူး။
အကြာကြီးပဲအဲသလို ပြောသံကြားဖူးတယ်။ ပြောလေ့ရှိကြတယ်။ ကိုယ်တိုင်လဲ ပိုးဟပ်တွေ ထထပျံတာ ကြုံ ဖူးတာပါပဲ။ အဲဒါဆိုရင် ဝမ်းသာပေတော့ ငွေများများ ဝင်တော့မယ်။ ကံသိပ်ကောင်းရင်ထီပေါက်တော့မယ်။ အများကြီးမဝင်ဘူးဆိုရင်တောင် အတိုင်းအတာတစ်ခုအထိ သေချာပေါက်ဝင်လာတော့ အမှန်ပဲ။

ဒါကြောင့် ပိုးဟပ်တွေပျံရင် လူပေါ်နားရင် စိတ်မညစ်ပါနဲ့ စိတ်မဆိုးပါနဲ့ ဟဲ့ ငွေတွေဝင်တော့မယ် ငွေတွေဝင်တော့မယ် ပိုးဟပ်တွေပျံတယ်။ ပျံ သာပျံပါရွှေပိုးဟပ်ကလေးတွေ ရက်များများပျံစမ်းပါ။ ငွေများများဝင်အောင်ဆိုပြီး ပြောရတယ်။ ဝမ်းသာအားရ ယုံယုံကြည်ကြည် လှိုက်လှိုက်လှဲလှဲ ပြောရမယ်။ စိတ်ထဲမှာလည်း ပျော်ရွှင်နေရမယ်။ ကောင်းတဲ့နိမိတ်ရတဲ့အတွက် ဝမ်းသာရမယ်။

အမလေး ပိုးဟပ်ပျံတာများ မုန်းပါတယ်။ ရွံလဲရွံတယ် ကိုယ့်ပေါ်က နားရင် ဒေါသဖြစ်တယ်တချို့က စကားကောင်းပြောနေသလား စကားဆိုးပြောနေသလား နားမလည်ဘူး။

နိမိတ်ကောင်းဖတ်တာကို မယုံမကြည်နဲ့ ရယ်စရာမောစရာ လုပ်ပစ်တာမျိုးလည်းရှိသေးတယ်။ အဲဒါကြောင့် ထောင်တန်တဲ့စကား ရယ်ရင်ပေါ့တယ်လို့ ရှလူကြီးသူမများပြောခဲ့ကြတာ။ ဒါကြောင့်ကောင်းတဲ့ နိမိတ်စကားပြောနေရင် ပြောတဲ့အတိုင်းဖြစ်ပါစေလို့ ဆုတောင်းရတယ်။

နောက်တစ်ခု ငွေဝင်စေတဲ့နိမိတ်ကတော့ ရပ်ထဲရွာထဲမြို့ထဲမှာ အသုဘချလာတဲ့အခါ ကြုံကြတယ်မဟုတ်လား အဲဒီအခါ ကားနဲ့ပဲလာလာ၊ ထမ်းပြီးပဲ ချလာလာ၊ ကိုယ့်ရဲ့ဘယ်ဘက်(လက်ဝဲဘက်က) ဖြတ်ပြီးချသွားရင် လာဘ်ဝင်တယ်(ငွေဝင်တတ်တယ်)လို့ ရှေးလူကြီးတွေယူဆခဲ့ကြတယ်။ ကိုယ်လေ့လာကြည့်တော့လဲ ဟုတ်နေတာတွေ့ရတယ်။ အဲဒီနေ့မှာ ဒါမှမဟုတ်နောက်တစ်နေ့မှာ ငွေအနည်းနဲ့အများ ဝင်တော့တာပါပဲ။

မကြာသေးခင် သုံးလေးရက်တုန်းကတောင်မှ အဲသလိုကြုံရသေးတယ်။ ကိုယ့်မရီးအတော်လေး နေမကောင်းလို့သွားကြည့်တာ၊ ထောက်ပံ့နိုင်သလောက်သွားထောက်ပံ့တာ၊ တက္ကစီကားနဲ့သွားကြတယ်။ အိမ်သူလည်းပါတယ်။ အပြန်ကျတော့ လမ်းမှာ အသုဘချလာတဲ့ကားက ကိုယ်တို့ကားရဲ့ ဘယ်ဘက်(လက်ဝဲဘက်)ကနေဖြတ်သွားတယ်။

လာဘ်ဟဲ့ လာဘ်ဟဲ့ ဆိုပြီး အိမ်သူက သူ့ပိုက်ဆံအိတ်ကို တဘုတ်ဘုတ်ပုတ်တယ်။ ပြီးတော့ကျန်တဲ့လူတွေကိုလည်း လှမ်းပြောတယ်။ ပိုက်ဆံအိတ်တွေပုတ်ကြလေဆိုပြီးတော့။ အသုဘကားဘယ်ကဖြတ်သွားရင် ပိုက်ဆံရတဲ့ အကြောင်းရှင်းပြတယ်။

အဲဒီအခါ တက္ကစီဒရိုက်ဘာက ကိုယ့်ကိုလှမ်းမေးတယ်။ အဲဒါဟုတ်သလားဆရာကြီးဆိုပြီး တော့ပေါ့။ ကိုယ်က ဟုတ်တယ်သား တို့မြန်မာတွေရဲ့ရှေးကတည်းက အယူအဆရှိခဲ့တာပေါ့ကွာ၊ ကိုယ်သတိထားကြည့်တော့လည်း ဟုတ်နေတာတွေ့ရတယ်။ မင်းလဲပိုက်ဆံအိတ်ကို ပုတ်ပေါ့ကွာလို့ ပြန်ပြောလိုက်ရတယ်။

ဆိုခဲ့သလိုပဲ နောက်နေ့မှာ ငွေဝင်တော့တာပဲ။ အဲဒါကြောင့် ရှေးထုံးလည်းမပယ်နဲ့လို့ ပြောတာ။ ဒီလိုကြုံရင် ဒီလိုဖြစ်တတ်တယ်ဆိုတဲ့ ရှေးစကားတော်တော်များများဟာ မှန်လေ့ရှိပါတယ်။ ပြီးတော့ အိပ်မက်မက်တဲ့အခါမှာလည်း မစင်တွေပေတယ်။ မစင်တွေလူးရတယ်လို့ အိပ်မက်မက်ရင် ငွေတွေဝင်တတ်ပါတယ်။

ပြီးတော့ တဝေါဝေါစီးကျနေတဲ့ ရေတံခွန်တွေမြင်ရရင် ရေလျှံ တဲ့ နွားနို့လျှံတဲ့ခွက်တွေမြင်ရရင်လည်း ပိုက်ဆံဝင်တတ်ပါတယ်။ အထူးသဖြင့် စနေနေ့မနက်အာရုံ (နေထွက်စမှာ) မက်တဲ့အိပ်မက်တွေဟာ မှန်တတ်ပါတယ်။

ငွေဝင်နိမိတ်တွေများများရပြီး ငွေတွေများ များဝင်နိုင်ကြပါစေ။ လှူနိုင်ကြပါစေ။
ဇေယျတုသဗ္ဗမင်္ဂလံ
Lin Young Tin

ေငြဝင္မည့္နိမိတ္

လူရဲ႕သည္းေျခႀကိဳက္ဟာေငြပါ။
ေငြမရွိရင္လဲ လူေတြဟာေလာကႀကီးမွာရပ္တည္ေနထိုင္ဖို႔ ခက္ခဲလွပါတယ္။ ေငြရွိမွလဲ၊ စားဝတ္ေနေရးပညာေရးကေန က်န္းမာေရးအဆုံး ေျပေျပလည္လည္ျဖစ္ႏိုင္မွာပါ။ ဒီအတြက္လူေတြဟာေငြကို ရွာၾကရတယ္။ စိတ္ေကာင္းရွိတဲ့လူမ်ားက သမၼာအာဇီဝလို႔ေခၚတဲ့ မွန္မွန္ကန္ကန္ရွာေဖြၿပီး၊ အသက္ေမြးၾကတယ္။
ဒီလိုမဟုတ္ပဲ၊ စိတ္ေကာင္းမရွိတဲ့သူမ်ား(စိတ္ယုတ္မာ ရွိတဲ့သူမ်ား)က်ေတာ့ မသမၼာတဲ့နည္းနဲ႔ရွာေဖြၿပီး အသက္ေမြးၾကတယ္။ (ခိုးဆိုးလုႏႈိက္)အဲဒီအျပင္ ဝိသမေလာဘနဲ႔ေလာသတႀကီးနဲ႔ လူအခ်င္းခ်င္းဂုတ္ေသြးစုတ္ၾကတယ္။ အာဏာအရင္းတည္ၿပီး၊ မေတာ္မတရားသိမ္းပိုက္လာၾကတယ္၊ ဓားျပအႀကီးစားေတြ ျဖစ္လာၾကတယ္။
ထားေတာ့ေငြဆိုတဲ့အရာဝတၳဳကို မလိုခ်င္တဲ့ လူရယ္လို႔မရွိပါဘူး။ တရားမွ်တစြာလိုခ်င္သူနဲ႔ မတရားလိုခ်င္သူပဲကြာတာပါ။ လုံးဝမလိုခ်င္ေတာ့ပါဘူးဆိုတဲ့လူဟာ ဘုရား၊ ရဟႏၲာ၊ ပစ္စေကဗုဒ္ဓါတွေပဲရွိမွာပါ။
ပုထုဇဥ္လူသား အေနနဲ႔ေတာ့ ေငြကို မလိုခ်င္တဲ့သူ မရွိႏိုင္ပါဘူး။ စားဝတ္ေနေရး၊ သာေရး၊ နာေရးေတြ ရွိေနၾကတဲ့အတြက္၊ ေငြဟာသူ႔အိုးနဲ႔သူ႔ဆန္တန္သေလာက္ေတာ့ လိုေနၾကတာပါပဲ။ က်ားႀကီးရင္ ေျခရာႀကီးသတဲ့။ သူ႔အထြာနဲ႔သူေတာ့ သူ႔အတိုင္း အတာနဲ႔သူေတာ့ရွိေနၾကတာပါပဲ။

ဒီေတာ့ေငြဝင္မယ္ဆိုတဲ့သတင္းၾကားရရင္ ၾကားရတဲ့သူဟာေပ်ာ္ပါတယ္။ တကယ္မဝင္ေသးဘူး။ ဝင္ေတာ့မယ္ဆိုတဲ့ နိမိတ္ေတြ အိပ္မက္ေတြရရင္ ေပ်ာ္ေတာ့တာပါပဲ။ကိုယ့္ဆီေငြဝင္လာေတာ့မယ္ဆိုရင္ နိမိတ္ျပေလ့ရွိပါတယ္။
ေငြဝင္တဲ့ကိစၥမွမဟုတ္ပါဘူး။ တျခားကိစၥေတြျဖစ္တဲ့ ဧည့္လာမယ့္နိမိတ္ေတြ၊ စကားမ်ားမယ့္နိမိတ္၊ အစားေကာင္းစားရမယ့္ နိမိတ္ေတြလည္း ျပေလ့ရွိတာပါပဲ။ ဒါေပမဲ့ နိမိတ္ေတြျပေနတာကို လူတိုင္းသတိမထားမိၾကပါဘူး။
သတိထားမိၾကသူ နည္းပါတယ္။ သတိထားမိတယ္ဆိုရင္လည္း အင္းနိမိတ္ေတာ့နိမိတ္ပဲ ၊ ဘာနိမိတ္ လဲမသိဘူး အဲသလိုေတြးမိၾကတဲ့သူေတြမ်ားပါတယ္။နိမိတ္ဖတ္ႏိုင္တယ္ဆိုတဲ့ ပုဂၢိဳလ္ဟာ ပါရမီထူးသူရင္လည္းျဖစ္ရတယ္။
ဒါမွမဟုတ္ ဗဟုသုတႂကြယ္ဝသူရင္လည္း ျဖစ္တတ္တယ္။ ဟုတ္ၿပီ ပါရမီလည္းရွိပါရဲ႕ ဗဟုသုတလည္းႂကြယ္ပါရဲ႕ ဒါေပမယ့္ သူတစ္ပါးကို ကူညီခ်င္တဲ့သူမဟုတ္ရင္လည္း စကားနည္းရန္စဲဆိုသလို ေျပာျပကူညီေပးဖို႔ အခြင့္အေရးႀကဳံေပမယ့္ မသိသလို ခပ္မဆိတ္ေနတတ္ၾကသူေတြလည္း ရွိပါတယ္။

တခ်ိဳ႕ပညာရွိမ်ားက်ေတာ့ မေမးရင္ဘာမွပင္ မေျပာတတ္ၾကေပမယ့္ သူတို႔ကိုေမးၿပီဆိုရင္ေတာ့ စည္ႀကီးကိုတီးလိုက္သလို ရွည္ရွည္ေဝးေဝး ပတ္ပတ္နပ္နပ္ ရွင္းျပတတ္တဲ့ပညာရွိမ်ားလည္း ေလာကႀကီးမွာရွိေနတတ္ပါတယ္။
လူၾကည့္ၿပီးေမးတတ္ဖို႔သာ လိုရင္းပါ။ဒါေၾကာင့္နိမိတ္တစ္ခုခုရရင္ အိပ္မက္ထူးထူးျခားျခားမက္ရင္ ဗဟုသုတစုံလင္သူ(စိတ္ေကာင္းရွိသူ) ေတြကို ေမးျမန္းေဆြးေႏြးသင့္ပါတယ္။ သို႔ေသာ္ အရိပ္အကဲၾကည့္ၿပီးမွ ေမးျမန္းဖို႔ေတာ့လိုပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ တခ်ိဳ႕နိမိတ္ေတြဟာ ေကာင္းပါတယ္။
ဒါေပမယ့္ နိမိတ္ဖတ္ေျပာၾကားသူက မေကာင္းနိမိတ္အျဖစ္ဖတ္ၿပီးေျပာလိုက္တဲ့အခါ ဣ႒လို႔ ေခၚတဲ့နိမိတ္ေကာင္းဟာ အနိ႒လို႔ေခၚတဲ့မေကာင္းတဲ့နိမိတ္ေတြျဖစ္သြားၿပီး မေကာင္းတဲ့စိတ္ေတြ စြဲလန္းသြားတတ္ပါတယ္။မေကာင္းတဲ့အထင္အျမင္ေတြေၾကာင့္ မေကာင္းတဲ့ကိစၥရပ္ေတြ ႀကဳံေတြ႕ရတတ္ပါတယ္။တကယ့္ပညာေက်ာ္ အဓိပတိႀကီးမ်ားက်ေတာ့လည္း အနိ႒ာ႐ုံလို႔ထင္ရတဲ့ မေကာင္းတဲ့နိမိတ္ကိုေတာင္ ေကာင္းေစခ်င္တဲ့ေစတနာေဇာျပ႒ာန္းၿပီး ဣ႒ာ႐ုံအျဖစ္ေဟာကိန္းထုတ္ခဲ့တာေၾကာင့္ စိတ္ခ်မ္းသာခဲ့ရတာေတြလည္း ရွိပါတယ္။

ဥပမာအားျဖင့္ အယူေတာ္မဂၤလာပညာရွိဟာ ရွင္ဘုရင့္နန္းေတာ္ေဆာင္ေခါင္မိုးမွာ လင္းတႀကီးလာနားတဲ့အခါ တျခားပညာရွင္မ်ားက ဒါဟာမေကာင္းတဲ့အတိတ္နိမိတ္ပဲ ဆိုၿပီးဖြင့္ဆိုၾကတယ္။ ဒါေပမယ့္အယူေတာ္မဂၤလာ ပညာရွိႀကီးကေတာ့ ဒီနိမိတ္ကိုၾကည့္ၿပီး ေကာင္းတဲ့ နိမိတ္အျဖစ္ေကာက္ယူခဲ့တယ္။
ေျမာက္ဘက္အရပ္ေဒသက သမီးကညာ ဆက္သလာလိမ့္မယ္လို႔ နိမိတ္ေကာက္ယူေဟာေျပာတယ္။ မၾကာခင္မွာဘဲ အယူေတာ္မဂၤလာဆရာႀကီးဦးႏိုးရဲ႕အယူအဆ နိမိတ္ေကာက္ပုံမွန္ကန္ေၾကာင္း သိလာၾကရတယ္။ ဒီေဆာင္းပါးမွာ ေျပာလိုရင္းကေတာ့ နိမိတ္ဆိုတာရွိတယ္။

လူေတြကို ကမာၻေလာကႀကီးက ႀကိဳတင္အသိေပးေနတယ္။ လူတိုင္းမသိေပမယ့္ ေလ့လာမွတ္သားသူမ်ားကေတာ့ နိမိတ္ကိုဖတ္ႏိုင္ၾကေၾကာင္းဆိုလိုတာပါ။အိမ္မွာ ပိုးဟပ္ေတြပ်ံလိုက္တာ ဖလူးဖလူးနဲ႔ အမ်ားႀကီးပဲ၊ ပ်ံရင္းနဲ႔ လူေပၚလာလာနားလိုက္ေသးတယ္။ယားက်ိယားက်ိနဲ႔ မနည္းေမာင္းရတယ္။ ပ်ံေနတာမရပ္ဘူး။
အၾကာႀကီးပဲအဲသလို ေျပာသံၾကားဖူးတယ္။ ေျပာေလ့ရွိၾကတယ္။ ကိုယ္တိုင္လဲ ပိုးဟပ္ေတြ ထထပ်ံတာ ႀကဳံ ဖူးတာပါပဲ။ အဲဒါဆိုရင္ ဝမ္းသာေပေတာ့ ေငြမ်ားမ်ား ဝင္ေတာ့မယ္။ ကံသိပ္ေကာင္းရင္ထီေပါက္ေတာ့မယ္။ အမ်ားႀကီးမဝင္ဘူးဆိုရင္ေတာင္ အတိုင္းအတာတစ္ခုအထိ ေသခ်ာေပါက္ဝင္လာေတာ့ အမွန္ပဲ။

ဒါေၾကာင့္ ပိုးဟပ္ေတြပ်ံရင္ လူေပၚနားရင္ စိတ္မညစ္ပါနဲ႔ စိတ္မဆိုးပါနဲ႔ ဟဲ့ ေငြေတြဝင္ေတာ့မယ္ ေငြေတြဝင္ေတာ့မယ္ ပိုးဟပ္ေတြပ်ံတယ္။ ပ်ံ သာပ်ံပါေ႐ႊပိုးဟပ္ကေလးေတြ ရက္မ်ားမ်ားပ်ံစမ္းပါ။ ေငြမ်ားမ်ားဝင္ေအာင္ဆိုၿပီး ေျပာရတယ္။ ဝမ္းသာအားရ ယုံယုံၾကည္ၾကည္ လႈိက္လႈိက္လွဲလွဲ ေျပာရမယ္။ စိတ္ထဲမွာလည္း ေပ်ာ္႐ႊင္ေနရမယ္။ ေကာင္းတဲ့နိမိတ္ရတဲ့အတြက္ ဝမ္းသာရမယ္။

အမေလး ပိုးဟပ္ပ်ံတာမ်ား မုန္းပါတယ္။ ႐ြံလဲ႐ြံတယ္ ကိုယ့္ေပၚက နားရင္ ေဒါသျဖစ္တယ္တခ်ိဳ႕က စကားေကာင္းေျပာေနသလား စကားဆိုးေျပာေနသလား နားမလည္ဘူး။

နိမိတ္ေကာင္းဖတ္တာကို မယုံမၾကည္နဲ႔ ရယ္စရာေမာစရာ လုပ္ပစ္တာမ်ိဳးလည္းရွိေသးတယ္။ အဲဒါေၾကာင့္ ေထာင္တန္တဲ့စကား ရယ္ရင္ေပါ့တယ္လို႔ ရွလူႀကီးသူမမ်ားေျပာခဲ့ၾကတာ။ ဒါေၾကာင့္ေကာင္းတဲ့ နိမိတ္စကားေျပာေနရင္ ေျပာတဲ့အတိုင္းျဖစ္ပါေစလို႔ ဆုေတာင္းရတယ္။

ေနာက္တစ္ခု ေငြဝင္ေစတဲ့နိမိတ္ကေတာ့ ရပ္ထဲ႐ြာထဲၿမိဳ႕ထဲမွာ အသုဘခ်လာတဲ့အခါ ႀကဳံၾကတယ္မဟုတ္လား အဲဒီအခါ ကားနဲ႔ပဲလာလာ၊ ထမ္းၿပီးပဲ ခ်လာလာ၊ ကိုယ့္ရဲ႕ဘယ္ဘက္(လက္ဝဲဘက္က) ျဖတ္ၿပီးခ်သြားရင္ လာဘ္ဝင္တယ္(ေငြဝင္တတ္တယ္)လို႔ ေရွးလူႀကီးေတြယူဆခဲ့ၾကတယ္။ ကိုယ္ေလ့လာၾကည့္ေတာ့လဲ ဟုတ္ေနတာေတြ႕ရတယ္။ အဲဒီေန႔မွာ ဒါမွမဟုတ္ေနာက္တစ္ေန႔မွာ ေငြအနည္းနဲ႔အမ်ား ဝင္ေတာ့တာပါပဲ။

မၾကာေသးခင္ သုံးေလးရက္တုန္းကေတာင္မွ အဲသလိုႀကဳံရေသးတယ္။ ကိုယ့္မရီးအေတာ္ေလး ေနမေကာင္းလို႔သြားၾကည့္တာ၊ ေထာက္ပံ့ႏိုင္သေလာက္သြားေထာက္ပံ့တာ၊ တကၠစီကားနဲ႔သြားၾကတယ္။ အိမ္သူလည္းပါတယ္။ အျပန္က်ေတာ့ လမ္းမွာ အသုဘခ်လာတဲ့ကားက ကိုယ္တို႔ကားရဲ႕ ဘယ္ဘက္(လက္ဝဲဘက္)ကေနျဖတ္သြားတယ္။

လာဘ္ဟဲ့ လာဘ္ဟဲ့ ဆိုၿပီး အိမ္သူက သူ႔ပိုက္ဆံအိတ္ကို တဘုတ္ဘုတ္ပုတ္တယ္။ ၿပီးေတာ့က်န္တဲ့လူေတြကိုလည္း လွမ္းေျပာတယ္။ ပိုက္ဆံအိတ္ေတြပုတ္ၾကေလဆိုၿပီးေတာ့။ အသုဘကားဘယ္ကျဖတ္သြားရင္ ပိုက္ဆံရတဲ့ အေၾကာင္းရွင္းျပတယ္။

အဲဒီအခါ တကၠစီဒ႐ိုက္ဘာက ကိုယ့္ကိုလွမ္းေမးတယ္။ အဲဒါဟုတ္သလားဆရာႀကီးဆိုၿပီး ေတာ့ေပါ့။ ကိုယ္က ဟုတ္တယ္သား တို႔ျမန္မာေတြရဲ႕ေရွးကတည္းက အယူအဆရွိခဲ့တာေပါ့ကြာ၊ ကိုယ္သတိထားၾကည့္ေတာ့လည္း ဟုတ္ေနတာေတြ႕ရတယ္။ မင္းလဲပိုက္ဆံအိတ္ကို ပုတ္ေပါ့ကြာလို႔ ျပန္ေျပာလိုက္ရတယ္။

ဆိုခဲ့သလိုပဲ ေနာက္ေန႔မွာ ေငြဝင္ေတာ့တာပဲ။ အဲဒါေၾကာင့္ ေရွးထုံးလည္းမပယ္နဲ႔လို႔ ေျပာတာ။ ဒီလိုႀကဳံရင္ ဒီလိုျဖစ္တတ္တယ္ဆိုတဲ့ ေရွးစကားေတာ္ေတာ္မ်ားမ်ားဟာ မွန္ေလ့ရွိပါတယ္။ ၿပီးေတာ့ အိပ္မက္မက္တဲ့အခါမွာလည္း မစင္ေတြေပတယ္။ မစင္ေတြလူးရတယ္လို႔ အိပ္မက္မက္ရင္ ေငြေတြဝင္တတ္ပါတယ္။

ၿပီးေတာ့ တေဝါေဝါစီးက်ေနတဲ့ ေရတံခြန္ေတြျမင္ရရင္ ေရလွ်ံ တဲ့ ႏြားႏို႔လွ်ံတဲ့ခြက္ေတြျမင္ရရင္လည္း ပိုက္ဆံဝင္တတ္ပါတယ္။ အထူးသျဖင့္ စေနေန႔မနက္အာ႐ုံ (ေနထြက္စမွာ) မက္တဲ့အိပ္မက္ေတြဟာ မွန္တတ္ပါတယ္။

ေငြဝင္နိမိတ္ေတြမ်ားမ်ားရၿပီး ေငြေတြမ်ား မ်ားဝင္ႏိုင္ၾကပါေစ။ လႉႏိုင္ၾကပါေစ။
ေဇယ်တုသဗၺမဂၤလံ
Lin Young Tin

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box