Facebook Comments Box
သင့်ကိုဘယ်အရာတွေက ကျဆုံးအောင်လုပ်နေလဲဆိုတာ ပြောပြပေးမယ့် ကတ်လေး (၃)ကတ်

သင့်ကိုဘယ်အရာတွေက ကျဆုံးအောင်လုပ်နေလဲဆိုတာ ပြောပြပေးမယ့် ကတ်လေး (၃)ကတ်

နံပါတ် ၁
သင်ဟာ တဖက်သားရဲ့ မှတ်ချက်တွေ၊ အတွေးအမြင်တွေကို အရမ်းဂရုစိုက်တတ်တဲ့ လူတစ်ယောက်ပါ။ ဒီအရာကပဲ သင့်ကိုကျဆုံးအောင်၊ စိတ်မချမ်းသာအောင် လုပ်နေတယ်လို့ပဲ ပြောရမှာပေါ့။ သင့်ရဲ့နေပုံထိုင်ပုံ၊ ပြောဆိုဆက်ဆံပုံ၊ အောင်မြင်မှု၊ ကျရှုံးမှု စတဲ့ သင်နဲ့ပတ်သက်တဲ့ တစ်ခုခုကို တဖက်လူက တစ်ခုခု မှတ်ချက်ပေးလိုက်မယ်ဆိုရင် သင့်အနေနဲ့ မိမိကိုယ်ကို သံသယတွေဝင်ပြီး စိတ်ပျက်အားငယ်သွားတတ်ပါတယ်။ ဒါပေမယ့် အကြံပေးချင်တာက တချို့မှတ်ချက်တွေက ကောင်းစေချင်လို့ ပြောတာဖြစ်နိုင်သလို တချို့ကျတော့လည်း တမင်တကာ ပိုပြောတာလည်း ဖြစ်နိုင်ပါတယ်။ ပြောချင်တာက လူ့စိတ်ပေါ်မူတည်ပြီး မှတ်ချက်တွေက အမျိုးမျိုး ပြောင်းလဲသွားနိုင်တဲ့အတွက် တဖက်လူရဲ့ မှတ်ချက်တွေကို သင့်အနေနဲ့ အရမ်းစိတ်ထဲ မထားသင့်ပါဘူး။.

နံပါတ် ၂
သင့်အနေနဲ့ ကျဆုံးမှုကို မရင်ဆိုင်ရဲသေးပါဘူး။ ဒီအရာကပဲ သင့်ကိုကျဆုံးအောင်လုပ်ပြီး အရှုံးသမားဖြစ်အောင် လုပ်နေတာပဲပေါ့။ ပုထုဇဉ်လူသားတွေ ဖြစ်တဲ့အတွက် လူတိုင်း အမှားကျူးလွန်တတ်ကြပါတယ်။ ဒါပေမယ့် ဒီအမှားကို သင်ခန်းစာယူပြီး ပြုပြင်ပြောင်းလဲတဲ့ လူမှသာလျှင် အောင်မြင်မှုတွေကို ရရှိတာပါ။ သင်ဟာ ကျဆုံးမှုတွေနဲ့ ရင်ဆိုင်ရမှာ ကြောက်တဲ့အတွက် မစွန့်စားရဲပါဘူး။ ဒီလိုမစွန့်စားရဲတဲ့အတွက် သင့်အနေနဲ့ အခွင့်အလမ်းကောင်းတွေ အများကြီးဆုံးရှုံးခဲ့ရတာမျိုး ဘဝမှာ ကြုံခဲ့ပြီးပါပြီ။ ဒါကြောင့် အကြံပေးချင်တာက စွန့်စားလုပ်ကိုင်ရာကတစ်ဆင့် အမှားတွေဖြစ်လာမှာကို မစိုးရိမ်ပါနဲ့နော်။ အမှားတွေကို သင်ခန်းစာယူပြီး ပိုကောင်းမွန်တဲ့ ရလဒ်တွေကို ဖန်တီးပါ။ ဒီအမှားတွေကို နောက်ထပ်မကျူးလွန်မိအောင် ကြိုးစားနေထိုင်ပါ။

နံပါတ် ၃
သင့်အနေနဲ့ မိမိဦးနှောက်ထဲက အဆိပ်အတောက်ဖြစ်စေမယ့် အတွေးတွေကို ချက်ချင်းရှင်းထုတ်သင့်ပါပြီ။ သင်ဟာ ဘယ်တော့မှ ကိုယ့်ကိုယ်ကို အကောင်းမတွေးပဲ အဆိုးတွေပဲ တွေးနေမိတဲ့အတွက် ဒီအရာကပဲ သင့်ကိုကျဆုံးအောင် လုပ်နေတာပါ။ အကောင်းဘက်ရောက်တဲ့ အတွေးတွေကို များများတွေးပေးပါ။ အမြဲအဆိုးတွေပဲ တွေးနေတာမျိုးကို ရှောင်ကြည်ပါ။ အဆိုးတွေက သင့်ဘဝကို တိုးတက်ပြောင်းလဲသွားအောင် မဖန်တီးပေးနိုင်ပဲ ဟိုးအောက်ဆုံးကိုပဲ ဆွဲချသွားနိုင်ပါတယ်။ တစ်နေ့တစ်နေ့ မှန်ထဲမှာ ကိုယ့်ကိုယ်ကို ပြန်ကြည့်ပြီး “ငါတော်တယ်၊ ငါကောင်းတယ်၊ ငါလုပ်နိုင်တယ်” ဆိုတဲ့စကားကို အမြဲပြောပေးပါ။ နေ့စဉ်ရက်ဆက် ပြောပေးရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေပိုရှိလာပြီး အဆိုးတွေတွေးမိမှာ မဟုတ်ပါဘူး။

credit to lotaya

သင့္ကိုဘယ္အရာေတြက က်ဆုံးေအာင္လုပ္ေနလဲဆိုတာ ေျပာျပေပးမယ့္ ကတ္ေလး (၃)ကတ္

နံပါတ္ ၁
သင္ဟာ တဖက္သားရဲ႕ မွတ္ခ်က္ေတြ၊ အေတြးအျမင္ေတြကို အရမ္းဂ႐ုစိုက္တတ္တဲ့ လူတစ္ေယာက္ပါ။ ဒီအရာကပဲ သင့္ကိုက်ဆုံးေအာင္၊ စိတ္မခ်မ္းသာေအာင္ လုပ္ေနတယ္လို႔ပဲ ေျပာရမွာေပါ့။ သင့္ရဲ႕ေနပုံထိုင္ပုံ၊ ေျပာဆိုဆက္ဆံပုံ၊ ေအာင္ျမင္မႈ၊ က်ရႈံးမႈ စတဲ့ သင္နဲ႔ပတ္သက္တဲ့ တစ္ခုခုကို တဖက္လူက တစ္ခုခု မွတ္ခ်က္ေပးလိုက္မယ္ဆိုရင္ သင့္အေနနဲ႔ မိမိကိုယ္ကို သံသယေတြဝင္ၿပီး စိတ္ပ်က္အားငယ္သြားတတ္ပါတယ္။ ဒါေပမယ့္ အႀကံေပးခ်င္တာက တခ်ိဳ႕မွတ္ခ်က္ေတြက ေကာင္းေစခ်င္လို႔ ေျပာတာျဖစ္ႏိုင္သလို တခ်ိဳ႕က်ေတာ့လည္း တမင္တကာ ပိုေျပာတာလည္း ျဖစ္ႏိုင္ပါတယ္။ ေျပာခ်င္တာက လူ႔စိတ္ေပၚမူတည္ၿပီး မွတ္ခ်က္ေတြက အမ်ိဳးမ်ိဳး ေျပာင္းလဲသြားႏိုင္တဲ့အတြက္ တဖက္လူရဲ႕ မွတ္ခ်က္ေတြကို သင့္အေနနဲ႔ အရမ္းစိတ္ထဲ မထားသင့္ပါဘူး။

နံပါတ္ ၂
သင့္အေနနဲ႔ က်ဆုံးမႈကို မရင္ဆိုင္ရဲေသးပါဘူး။ ဒီအရာကပဲ သင့္ကိုက်ဆုံးေအာင္လုပ္ၿပီး အရႈံးသမားျဖစ္ေအာင္ လုပ္ေနတာပဲေပါ့။ ပုထုဇဥ္လူသားေတြ ျဖစ္တဲ့အတြက္ လူတိုင္း အမွားက်ဴးလြန္တတ္ၾကပါတယ္။ ဒါေပမယ့္ ဒီအမွားကို သင္ခန္းစာယူၿပီး ျပဳျပင္ေျပာင္းလဲတဲ့ လူမွသာလွ်င္ ေအာင္ျမင္မႈေတြကို ရရွိတာပါ။ သင္ဟာ က်ဆုံးမႈေတြနဲ႔ ရင္ဆိုင္ရမွာ ေၾကာက္တဲ့အတြက္ မစြန႔္စားရဲပါဘူး။ ဒီလိုမစြန႔္စားရဲတဲ့အတြက္ သင့္အေနနဲ႔ အခြင့္အလမ္းေကာင္းေတြ အမ်ားႀကီးဆုံးရႈံးခဲ့ရတာမ်ိဳး ဘဝမွာ ႀကဳံခဲ့ၿပီးပါၿပီ။ ဒါေၾကာင့္ အႀကံေပးခ်င္တာက စြန႔္စားလုပ္ကိုင္ရာကတစ္ဆင့္ အမွားေတြျဖစ္လာမွာကို မစိုးရိမ္ပါနဲ႔ေနာ္။ အမွားေတြကို သင္ခန္းစာယူၿပီး ပိုေကာင္းမြန္တဲ့ ရလဒ္ေတြကို ဖန္တီးပါ။ ဒီအမွားေတြကို ေနာက္ထပ္မက်ဴးလြန္မိေအာင္ ႀကိဳးစားေနထိုင္ပါ။

နံပါတ္ ၃
သင့္အေနနဲ႔ မိမိဦးေႏွာက္ထဲက အဆိပ္အေတာက္ျဖစ္ေစမယ့္ အေတြးေတြကို ခ်က္ခ်င္းရွင္းထုတ္သင့္ပါၿပီ။ သင္ဟာ ဘယ္ေတာ့မွ ကိုယ့္ကိုယ္ကို အေကာင္းမေတြးပဲ အဆိုးေတြပဲ ေတြးေနမိတဲ့အတြက္ ဒီအရာကပဲ သင့္ကိုက်ဆုံးေအာင္ လုပ္ေနတာပါ။ အေကာင္းဘက္ေရာက္တဲ့ အေတြးေတြကို မ်ားမ်ားေတြးေပးပါ။ အၿမဲအဆိုးေတြပဲ ေတြးေနတာမ်ိဳးကို ေရွာင္ၾကည္ပါ။ အဆိုးေတြက သင့္ဘဝကို တိုးတက္ေျပာင္းလဲသြားေအာင္ မဖန္တီးေပးႏိုင္ပဲ ဟိုးေအာက္ဆုံးကိုပဲ ဆြဲခ်သြားႏိုင္ပါတယ္။ တစ္ေန႔တစ္ေန႔ မွန္ထဲမွာ ကိုယ့္ကိုယ္ကို ျပန္ၾကည့္ၿပီး “ငါေတာ္တယ္၊ ငါေကာင္းတယ္၊ ငါလုပ္ႏိုင္တယ္” ဆိုတဲ့စကားကို အၿမဲေျပာေပးပါ။ ေန႔စဥ္ရက္ဆက္ ေျပာေပးရင္ ကိုယ့္ကိုယ္ကို ယုံၾကည္မႈေတြပိုရွိလာၿပီး အဆိုးေတြေတြးမိမွာ မဟုတ္ပါဘူး။

credit to lotaya

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box