Facebook Comments Box
သင့်ရဲ့စိတ်ကို ဖော်ပြပေးနိုင်တဲ့ စိတ်ပညာစမ်းသပ်ချက်

သင့်ရဲ့စိတ်ကို ဖော်ပြပေးနိုင်တဲ့ စိတ်ပညာစမ်းသပ်ချက်

၁။လွတ်လပ်မှုကိုမြတ်နိုးသူ
လွတ်လပ်မှုက သင့်အတွက် အရေးအကြီးဆုံးပဲ။ ချုပ်ချယ်ခံရတာမျိုးကို မနှစ်မြို့ဘူး။ တည်ငြိမ်စွာ လုပ်ကိုင်ရတဲ့အလုပ်မျိုးထက် လှုပ်လှုပ်ရှားရှားပြောင်းလဲနေတာမျိုးနဲ့ပဲ ကိုက်ညီတဲ့သူမျိုးဖြစ်ပါတယ်။ အချစ်ရေးမှာလည်း အလားတူပါပဲ။ ဘဝကို စိတ်တိုင်းကျဖြတ်သန်းလိုတဲ့ စိတ်ထားမျိုပိုင်ဆိုင်တယ်။..

၂။တစ်ကိုယ်တော်သမား
တစ်ကိုယ်တော်သမားလို စရိုက်မျိုးရှိသူဖြစ်တယ်။ သူတကာလျှောက်ကြတဲ့ လမ်းဟောင်းကို လိုက်လိုသူမဟုတ်ပဲ ကိုယ့်အတွေးနဲ့ကိုယ် စတိုင်အသစ်နဲ့ ဖောက်ထွက်ချင်သူဖြစ်တယ်။ စိတ်ကူးဉာဏ်ကောင်းပြီး ဆန်းသစ်ဖန်တီးတတ်တဲ့ ဉာဉ်မျိုး ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ လွတ်လပ်ပြီး နှောင်ဖွဲ့မှုကင်းကင်းနဲ့ ကိုယ့်စိတ်ကူးကိုအကောင်အထည်ဖော်ချင်တယ်။ တခါတရံမှာ ဒီလိုအကျင့်လေးတွေကြောင့် သူများထက်နောက်ရောက်ရတာမျိုးရှိပေမဲ့ လိုက်ယှဉ်မနေဘဲ ကိုယ့်ပုံစံအတိုင်း ကိုယ်ဆက်လက်ကျင့်သုံးနေဖို့လိုပါတယ်။

၃။အစွဲအလမ်းကြီးသူ
အချိန်တော်တော်များများမှာ ကိုယ့်အတွေးတွေထဲမှာပဲ ပျော်ပိုက်နေတတ်သူမျိုးဖြစ်တယ်။ ပေါ့ပျက်ပျက် အတွေးခေါ်ရှိသူတွေကိုလည်း သဘောမကျတတ်ဘူး။ အဲ့လိုအဓိပ္ပါယ်မဲ့တာတွေပြောမယ့်အစား တစ်ယောက်ထဲနေလိုက်တာ ပိုကောင်းတယ်လို့ ခံယူထားသူမျိုးဖြစ်တယ်။ သို့ပေမယ့်လည်း သူငယ်ချင်းတွေအပေါ်မှာတော့ အလွန်ခင်တွယ်တတ်သူမျိုးဖြစ်တယ်။ ကိုယ့်ကို တစ်ကြိမ်သစ္စာဖောက်ခဲ့ရင်လည်း ခွင့်မလွှတ်တတ်သူတွေဖြစ်တယ်။

၄။ကိုယ်ပိုင်ဟန်ပိုင်ရှင်
ရိုးရိုးရှင်းရှင်းနဲ့ ကိုယ်ပိုင်ဟန်တစ်ခုပိုင်ဆိုင်သူဖြစ်ပါတယ်။ ယုံကြည်မှုရှိတဲ့သင့်ကို လူတွေက အားကျရတယ်။ ခပ်တောက်တောက်နဲ့ ခပ်မှိန်မှိန်အရောင်တွေကို သဘောမကျတတ်ပါဘူး။ ခေတ်စားနေတဲ့ ဖက်ရှင်ရေစီးကြောင်းမှာ ရောပါတတ်တဲ့သူမျိုးမဟုတ်ဘဲ အဝတ်အစားဆိုတာက တော်ရုံသင့်ရုံပဲ အဆင်ပြေတယ်လို့လက်ခံထားတတ်သူဖြစ်တယ်။

၅။ပရော်ဖက်ရှင်နယ်ဆန်သူ
ကိုယ့်တာဝန်ကိုယ် ယူတတ်တဲ့သူမျိုးဖြစ်တယ်။ ကံကြမ္မာဆိုတာထက် လက်တွေ့ကိုပဲ ပိုယုံစားတတ်ပြီး ကိစ္စအရပ်ရပ်ကို စံနစ်တကျ လက်တွေ့နည်းနဲ့ ဖြေရှင်းတတ်သူမျိုးဖြစ်ပါတယ်။ နေ့စဉ်ဘဝရဲ့ ကိစ္စရပ်တွေကိုလည်း လက်တွေ့သဘောနဲ့သာ ရှုမြင်တတ်ပြီး မိတ်ဆွေလုပ်ဖော်ကိုင်ဖက်တွေရဲ့ ယုံကြည်ကိုးစားခြင်းကို လက်ခံရတတ်ပါတယ်။ ခေါင်းဆောင်အရည်အချင်းရှိပြီး စီစဉ်ညွှန်ကြားတတ်သူဖြစ်ပေမဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ် အမိန့်ပေးတာမျိုးတော့ မလုပ်သင့်ပါဘူး။

၆။အေးချမ်းသူ
စိတ်ပေါ့ပေါ့ပါးပါးနေထိုင်တတ်သူဖြစ်ပေမယ့် ထိန်းထိန်းသိမ်းသိမ်းနေတတ်သူလည်းဖြစ်ပါတယ်။ မိတ်ဆွေဖွဲ့ဖို့က သင့်အတွက်လွယ်ကူနေတတ်ပြီး ကိုယ်ရေးကိုယ်တာ၊ လွတ်လပ်မှုစတာတွေကို တန်ဖိုးထားတတ်သူဖြစ်တယ်။ ကြီးမားတဲ့ ဘဝပန်းတိုင်မျိုး သတ်မှတ်ထားတတ်ပြီး လမ်းကြောင်းမှန်ပေါ်ရောက်ပြီဆိုတာနဲ့ လိုက်မမီအောင် စွမ်းဆောင်နိုင်မယ့်သူမျိုးဖြစ်ပါတယ်။

၇။စိတ်ခံစားလွယ်သူ
အလွန်စိတ်ခံစားလွယ်တတ်သူဖြစ်တယ်။ ကိုယ့်စိတ်ကူး ကိုယ့်အိပ်မက်တွေကို ယုံကြည်သူဖြစ်တယ်။ ဘဝမှာ စိတ်ကူးအိပ်မက်တွေ ရှိဖို့လိုအပ်တယ်။ ဘဝဆိုတာကို လက်တွေ့ဆန်ဆန်ရှုမြင်ရုံနဲ့ မပြည့်စုံနိုင်ဘူးလို့ ခံယူထားသူဖြစ်ပါတယ်။ ပွင့်လင်းတဲ့ လူတွေနဲ့ပဲ ဘဝလက်တွဲဖော်ဖြစ်လေ့ရှိကြတယ်။

၈။အငြိမ်မနေတတ်သူ
စွန့်လွှတ်စွန့်စားပြီး Risk ယူရတဲ့အလုပ်မျိုးကို ပိုစိတ်ဝင်စားသူဖြစ်တယ်။ တစ်နေရာထဲ ငြိမ်ပြီးလုပ်နေရတဲ့အလုပ်မျိုးကို ငြီးငွေ့တတ်တယ်။ သင့်ရဲ့စိတ်ကူးတွေကို ယုံကြည်ပေးပြီး ခွင့်ပြုပေးနိုင်ဖို့လိုအပ်တယ်။ သူတစ်ပါးကို အားပေးအားမြှောက်ပြုနိုင်စွမ်းလည်းရှိတယ်။ ကိုယ်စိတ်အားထက်သန်ရာ ဘဝတစ်ခုကို ယုံယုံကြည်ကြည် လျှောက်လမ်းရဲဖို့ အရေးကြီးပါတယ်။
credit to shwemom

သင့္ရဲ႕စိတ္ကို ေဖာ္ျပေပးႏိုင္တဲ့ စိတ္ပညာစမ္းသပ္ခ်က္

၁။လြတ္လပ္မႈကိုျမတ္ႏိုးသူ
လြတ္လပ္မႈက သင့္အတြက္ အေရးအႀကီးဆုံးပဲ။ ခ်ဳပ္ခ်ယ္ခံရတာမ်ိဳးကို မႏွစ္ၿမိဳ႕ဘူး။ တည္ၿငိမ္စြာ လုပ္ကိုင္ရတဲ့အလုပ္မ်ိဳးထက္ လႈပ္လႈပ္ရွားရွားေျပာင္းလဲေနတာမ်ိဳးနဲ႔ပဲ ကိုက္ညီတဲ့သူမ်ိဳးျဖစ္ပါတယ္။ အခ်စ္ေရးမွာလည္း အလားတူပါပဲ။ ဘဝကို စိတ္တိုင္းက်ျဖတ္သန္းလိုတဲ့ စိတ္ထားမ်ိဳပိုင္ဆိုင္တယ္။

၂။တစ္ကိုယ္ေတာ္သမား
တစ္ကိုယ္ေတာ္သမားလို စ႐ိုက္မ်ိဳးရွိသူျဖစ္တယ္။ သူတကာေလွ်ာက္ၾကတဲ့ လမ္းေဟာင္းကို လိုက္လိုသူမဟုတ္ပဲ ကိုယ့္အေတြးနဲ႔ကိုယ္ စတိုင္အသစ္နဲ႔ ေဖာက္ထြက္ခ်င္သူျဖစ္တယ္။ စိတ္ကူးဉာဏ္ေကာင္းၿပီး ဆန္းသစ္ဖန္တီးတတ္တဲ့ ဉာဥ္မ်ိဳး ပိုင္ဆိုင္ထားသူလည္းျဖစ္ပါတယ္။ လြတ္လပ္ၿပီး ေႏွာင္ဖြဲ႕မႈကင္းကင္းနဲ႔ ကိုယ့္စိတ္ကူးကိုအေကာင္အထည္ေဖာ္ခ်င္တယ္။ တခါတရံမွာ ဒီလိုအက်င့္ေလးေတြေၾကာင့္ သူမ်ားထက္ေနာက္ေရာက္ရတာမ်ိဳးရွိေပမဲ့ လိုက္ယွဥ္မေနဘဲ ကိုယ့္ပုံစံအတိုင္း ကိုယ္ဆက္လက္က်င့္သုံးေနဖို႔လိုပါတယ္။

၃။အစြဲအလမ္းႀကီးသူ
အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ကိုယ့္အေတြးေတြထဲမွာပဲ ေပ်ာ္ပိုက္ေနတတ္သူမ်ိဳးျဖစ္တယ္။ ေပါ့ပ်က္ပ်က္ အေတြးေခၚရွိသူေတြကိုလည္း သေဘာမက်တတ္ဘူး။ အဲ့လိုအဓိပၸါယ္မဲ့တာေတြေျပာမယ့္အစား တစ္ေယာက္ထဲေနလိုက္တာ ပိုေကာင္းတယ္လို႔ ခံယူထားသူမ်ိဳးျဖစ္တယ္။ သို႔ေပမယ့္လည္း သူငယ္ခ်င္းေတြအေပၚမွာေတာ့ အလြန္ခင္တြယ္တတ္သူမ်ိဳးျဖစ္တယ္။ ကိုယ့္ကို တစ္ႀကိမ္သစၥာေဖာက္ခဲ့ရင္လည္း ခြင့္မလႊတ္တတ္သူေတြျဖစ္တယ္။

၄။ကိုယ္ပိုင္ဟန္ပိုင္ရွင္
႐ိုး႐ိုးရွင္းရွင္းနဲ႔ ကိုယ္ပိုင္ဟန္တစ္ခုပိုင္ဆိုင္သူျဖစ္ပါတယ္။ ယုံၾကည္မႈရွိတဲ့သင့္ကို လူေတြက အားက်ရတယ္။ ခပ္ေတာက္ေတာက္နဲ႔ ခပ္မွိန္မွိန္အေရာင္ေတြကို သေဘာမက်တတ္ပါဘူး။ ေခတ္စားေနတဲ့ ဖက္ရွင္ေရစီးေၾကာင္းမွာ ေရာပါတတ္တဲ့သူမ်ိဳးမဟုတ္ဘဲ အဝတ္အစားဆိုတာက ေတာ္႐ုံသင့္႐ုံပဲ အဆင္ေျပတယ္လို႔လက္ခံထားတတ္သူျဖစ္တယ္။

၅။ပေရာ္ဖက္ရွင္နယ္ဆန္သူ
ကိုယ့္တာဝန္ကိုယ္ ယူတတ္တဲ့သူမ်ိဳးျဖစ္တယ္။ ကံၾကမၼာဆိုတာထက္ လက္ေတြ႕ကိုပဲ ပိုယုံစားတတ္ၿပီး ကိစၥအရပ္ရပ္ကို စံနစ္တက် လက္ေတြ႕နည္းနဲ႔ ေျဖရွင္းတတ္သူမ်ိဳးျဖစ္ပါတယ္။ ေန႔စဥ္ဘဝရဲ႕ ကိစၥရပ္ေတြကိုလည္း လက္ေတြ႕သေဘာနဲ႔သာ ရႈျမင္တတ္ၿပီး မိတ္ေဆြလုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕ ယုံၾကည္ကိုးစားျခင္းကို လက္ခံရတတ္ပါတယ္။ ေခါင္းေဆာင္အရည္အခ်င္းရွိၿပီး စီစဥ္ၫႊန္ၾကားတတ္သူျဖစ္ေပမဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြအေပၚ အမိန႔္ေပးတာမ်ိဳးေတာ့ မလုပ္သင့္ပါဘူး။

၆။ေအးခ်မ္းသူ
စိတ္ေပါ့ေပါ့ပါးပါးေနထိုင္တတ္သူျဖစ္ေပမယ့္ ထိန္းထိန္းသိမ္းသိမ္းေနတတ္သူလည္းျဖစ္ပါတယ္။ မိတ္ေဆြဖြဲ႕ဖို႔က သင့္အတြက္လြယ္ကူေနတတ္ၿပီး ကိုယ္ေရးကိုယ္တာ၊ လြတ္လပ္မႈစတာေတြကို တန္ဖိုးထားတတ္သူျဖစ္တယ္။ ႀကီးမားတဲ့ ဘဝပန္းတိုင္မ်ိဳး သတ္မွတ္ထားတတ္ၿပီး လမ္းေၾကာင္းမွန္ေပၚေရာက္ၿပီဆိုတာနဲ႔ လိုက္မမီေအာင္ စြမ္းေဆာင္ႏိုင္မယ့္သူမ်ိဳးျဖစ္ပါတယ္။

၇။စိတ္ခံစားလြယ္သူ
အလြန္စိတ္ခံစားလြယ္တတ္သူျဖစ္တယ္။ ကိုယ့္စိတ္ကူး ကိုယ့္အိပ္မက္ေတြကို ယုံၾကည္သူျဖစ္တယ္။ ဘဝမွာ စိတ္ကူးအိပ္မက္ေတြ ရွိဖို႔လိုအပ္တယ္။ ဘဝဆိုတာကို လက္ေတြ႕ဆန္ဆန္ရႈျမင္႐ုံနဲ႔ မျပည့္စုံႏိုင္ဘူးလို႔ ခံယူထားသူျဖစ္ပါတယ္။ ပြင့္လင္းတဲ့ လူေတြနဲ႔ပဲ ဘဝလက္တြဲေဖာ္ျဖစ္ေလ့ရွိၾကတယ္။

၈။အၿငိမ္မေနတတ္သူ
စြန႔္လႊတ္စြန႔္စားၿပီး Risk ယူရတဲ့အလုပ္မ်ိဳးကို ပိုစိတ္ဝင္စားသူျဖစ္တယ္။ တစ္ေနရာထဲ ၿငိမ္ၿပီးလုပ္ေနရတဲ့အလုပ္မ်ိဳးကို ၿငီးေငြ႕တတ္တယ္။ သင့္ရဲ႕စိတ္ကူးေတြကို ယုံၾကည္ေပးၿပီး ခြင့္ျပဳေပးႏိုင္ဖို႔လိုအပ္တယ္။ သူတစ္ပါးကို အားေပးအားေျမႇာက္ျပဳႏိုင္စြမ္းလည္းရွိတယ္။ ကိုယ္စိတ္အားထက္သန္ရာ ဘဝတစ္ခုကို ယုံယုံၾကည္ၾကည္ ေလွ်ာက္လမ္းရဲဖို႔ အေရးႀကီးပါတယ္။
credit to shwemom

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box