Facebook Comments Box
သင့်ရဲ့ ရွေးချယ်မှုက သင့်ရဲ့ ပင်ကိုအရည်အသွေးတွေကိုဖော်ပြနိုင်ပါတယ်
သင့်ရဲ့ ရွေးချယ်မှုက သင့်ရဲ့ ပင်ကိုအရည်အသွေးတွေကိုဖော်ပြနိုင်ပါတယ်
N0-1
သင့်မှာ အသိအလိမ္မာကြွယ်ဝတဲ့ စိတ်ဝိညာဉ်နဲ့ ရွှေအဆင်းနဲ့နှလုံးသားတစ်စုံရှိတယ်။ အတိတ်မှာ လူတွေက သင့်ရဲ့ စိတ်ဝိညာဉ်ကို ဖျက်ဆီးဖို့ကြိုးစားခဲ့ကြတယ်။ သင်ဟာ ခဲပြာရောင်ပြာတွေကြားက နိုးထခဲ့တဲ့ ဖီးနစ်ငှက်လို အမြဲတောက်လျှမ်းနေတတ်တယ်။ ဘဝမှာ တစ်ခါပဲရှင်သန်ခွင့်ရမှာဖြစ်တဲ့အတွက်ကြောင့် အနှစ်သာရအပြည့်နဲ့လူဖြစ်သွားချင်တဲ့ဆန္ဒရှိတယ်။ နှလုံးသားအရေးကိုကိုင်စွဲထားသူဖြစ်တဲ့အတွက် လောကကြီးကိုလည်း အချစ်တွေဝေမျှချင်တာ ကိုယ့်အတွက်ကိုယ်တောင် မကျန်ချင်ဘူးဖြစ်နေတယ်။ သူငယ်ချင်းများစွာရှိပြီး မိတ်ဆွေပေါတဲ့ သူဖြစ်တယ်။ ကိုယ့်ကို လေးစားနေရသူတွေကလဲမနည်း။ ဘဝကို လှပတဲ့ ညနေဆည်းဆာတစ်ခုလိုပဲ ရိုးရိုးလေးဖြတ်သန်းပါ။ ဒါမဟုတ် အိုဖော်မင်းဖော်တွေနဲ့အတူကုန်ဆုံးပါ။ ဒီလိုကြောင့်နဲ့ရတဲ့ပျော်ရွှင်မှုအရှိန်က ဘယ်ထိရောက်အောင်ခေါ်ဆောင်သွားမလဲ သင်ဘယ်တော့မှ သိမှာမဟုတ်ပါဘူး။
N0-2
စွန့်စားတတ်သူတို့ရဲ့ စိတ်ဝိညာဉ်မျိုးနဲ့ သူရဲကောင်းတစ်ယောက်ရဲ့ နှလုံးသားရှိတယ်။ ဘယ်လိုအချိန်မှာ ဘယ်လောက်ခက်ခဲနေပါစေ အကြောက်ရွံခြင်းတွေကို တွန်းလှန်ကာရင်ဆိုင်ဖြေရှင်းတတ်သူဖြစ်တယ်။ နှလုံးသားအရေးကို
ရှေ့တန်းတင်ကာ လောကကြီးကို ချစ်ခြင်းမေတ္တာတွေပေးဝေလိုသူဖြစ်တယ်။ မရှိတော့ရင်တောင်မှ သင့်အကြောင်းကိုပြောနေကြမှာပဲ။ ဘာကြောင့်လဲဆိုရင် သင်ဟာ လေးစားကြည်ညိုဖို့ကောင်းတဲ့လူတစ်ယောက်ဖြစ်နေလို့ပါပဲ။ ချစ်သူခင်သူပေါတယ်။ မနာလိုအားကျတဲ့သူတွေလည်း တစ်ပုံတစ်ပင်။ ဒီလိုထူးခြားတဲ့ စိတ်ဝိညာဉ်နဲ့လူဟာ ထူးခြားဆန်းပြားတာတွေပဲ ခံစားစံစားရမှာဧကန်မလွဲပါပဲ။
N0-3
သင့်မှာ အမြော်အမြင်ကြီးတဲ့ စိတ်ဝိညာဉ်နဲ့ ဖြူစင်တဲ့နှလုံးသားရှိတယ်။ မကောင်တဲ့လူတွေက သင့်ရဲ့ ဖြူစင်မှုကိုအရောင်ဆိုးချင်ခဲ့တဲ့ အတိတ်ဟောင်းတွေရှိတယ်။ ဘယ်လိုပဲကြံစည်ပါစေ သင်ဟာ ပြတ်သားတဲ့ စိတ်၊ မဟုတ်မခံတဲ့သဘောထား၊ မှန်ကန်တဲ့သစ္စာတရားတို့ကိုလက်မှာကိုင်စွဲ ခုခံကာကွယ်ခဲ့တယ်။ သင်ဘဝမှာ အကွေ့အကောက်များစွာရှိခဲ့တယ်။ အတက်အကျများတယ်။ သို့သော် ကိုယ့်ယုံကြည်ရာ၊ ကိုးကွယ်ရာအတိုင်း စစ်မှန်စွာပြုမူနေထိုင်တယ်။ အကူအညီတွေကို မျှော်လင့်ခဲ့ရတဲ့အချိန်တွေလည်းရှိခဲ့တယ်။ ကြီးမားတဲ့ဝန်းတွေကိုထမ်းထားရသလိုရှိတယ်။ ဆိုးရွားနေတာတွေတောင် ဒါတွေဟာ အကောင်းဆုံးဖြစ်ဖို့အတွက်ပဲလို့တွေးတယ်။ စိတ်တူကိုယ်တူရှိတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေရှိတယ်၊ ကူညီအားပေးသူတွေရှိတယ်၊ ဘာပဲဖြစ်ဖြစ်ချစ်နေမယ့်သူတွေလည်းရှိတယ်။ ဘဝကို စစ်မှန်ရိုးသားစွာနဲ့ပဲဆက်လက်ကျော်ဖြတ်ပါ။ ဘာမှအားမငယ်စရာမှမရှိ၊ ကံဟူသည်က အလုပ်ပဲလေ။
N0-4
သင်ဟာ ပင်ကိုစွမ်းရှင်သန်သော စိတ်ဝိညာဉ်နဲ့ သန့်စင်တဲ့ နှလုံးသားရဲ့ ပိုင်ရှင်ဖြစ်တယ်။ သင့် ချစ်ခြင်းမေတ္တာ၊ စေတနာ၊ သနားဂရုဏာတို့ဟာ ဒီဘဝတာကိုကျော်လွန်ပြီး နောက်နောင်သံသရာအတွက် အထောက်အပံ့ကောင်းတွေဖြစ်လိမ့်မယ်။ ဘဝမှာ တစ်ခါပဲရှင်သန်ခွင့်ရမှာဖြစ်တဲ့အတွက်ကြောင့် အနှစ်သာရအပြည့်နဲ့လူဖြစ်သွားချင်တဲ့ဆန္ဒရှိတယ်။ သင့်ရဲ့ နှလုံးသားလှလှကို လေးစားကြည်ညိုတဲ့သူတွေလည်းရှိပြီး သင့်ရဲ့ မေတ္တာအရိပ်အောက်ကိုခိုဝင်လာကြသူတွေကလည်းမနည်းမနောပါပဲ။ သင့်မှာ အစားထိုးရန်မရှိတဲ့ အေးချမ်းတဲ့ဓာတ်လည်းရှိနေတယ်။
credit to shwemom
N0-1
N0-2
N0-3
N0-4
credit to shwemom
Facebook Comments Box
Be the first to comment
Leave a Reply
Your email address will not be published.
*
Facebook Comments Box