Facebook Comments Box
အခေါက်ရွှေ တစ်ကျပ်သား ၁၆ သိန်း ၃ သောင်းကျော် အထိ ဈေးထိုးတက်ပြီးအဝယ်များပြား

အခေါက်ရွှေ တစ်ကျပ်သား ၁၆ သိန်း ၃ သောင်းကျော် အထိ ဈေးထိုးတက်ပြီးအဝယ်များပြား ရန်ကုန်၊ မေ ၁၁

ရန်ကုန်တွင် ၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၁၆၃၂၀၀၀ ကျပ် အထိ ဈေးထိုးတက်လျက်ရှိပြီး ဆိုင်ကြီးများတွင် အဝယ်များပြားလျက်ရှိကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
"ရွှေဈေးကတော့ အတက်ပဲရှိနေတယ်။ အခု လက်ရှိကို ၁၆ သိန်း ၃ သောင်း ၂ ၀၀၀ ပေါ့။ ဆိုင်ကြီးတွေမှာ အများပြည်သူက ဝယ်တာ ၁ ကျပ်သား၊ ၂ ကျပ်သား အဲလိုမျိုးတွေတော့ ဝယ်ကြတာများတယ်။ မီးလင်းရွှေဈေးကွက်မှာတော့ အဝယ်ရောင်း မျှတယ်။ ရောင်းတဲ့သူလည်းရှိတယ်။ ဝယ်တဲ့သူလည်းရှိတယ်" ဟု ဦးဝင်းမြင့်ကဆိုသည်။
လတ်တလော ပြည်တွင်းငွေကြေးဈေးကွက်တွင် ဘဏ်များပြိုလဲမည့် အခြေအနေ အကျပ် အတည်း များကြုံတွေ့နေရပြီး ငွေသားရှားပါးခြင်းနှင့် ပြည်သူများ၏ အပ်ငွေများကို ဘဏ်များက လုံး၀ ထုတ်မပေးနိုင်ခြင်းတို့ကြောင့် စီးပွားရေးကဏ္ဍတစ်ခုလုံးတွင် စိုးရိမ်မှုများမြင့်တက်နေကာ ရွှေ၊ ဒေါ်လာဈေးကွက်တွင် ရင်းနှီးမြုပ်နှံသူများ များပြားလာနေခြင်းဖြစ်ကြောင်း သိရှိရသည်။

"အခုလို ငွေကြေးဈေးကွက် မတည်မငြိမ်အချိန်မှာ အားလုံးက အစိမ်း (ဒေါ်လာ) အရောင်းအဝယ်ကလည်း ဘယ်သူကမှ ပေါ်တင်ကြီးမလုပ်ရဲဘူး။ ဘဏ်တွေမှာလည်း ငွေလဲ ကောင်တာရှိပေမယ့် အရောင်းအဝယ်မလုပ်နိုင်ဘူး။ အပြင်ဈေးကွက်ကလည်း သတိနဲ့ လုပ်နေရတာ။ ဒေါ်လာဈေးတက်ပြီး စစ်တပ်ကကောင်တွေက ဒေါ်လာဝယ်ရောင်းတွေ လိုက်ဖမ်းတော့တာပဲ။ အခုလောလောဆယ်တော့ တစ်ဒေါ်လာကို ၁၆၅၀ ဝန်းကျင်လောက်မှာပဲ အတက်အကျ အရောင်းအဝယ် ရှိနေတယ်" ဟု မဂိုလမ်းမှ ဒေါ်လာဝယ်ရောင်းလက်ကြီးတစ်ဦးက ဆိုသည်။
ယနေ့ ရန်ကုန်တွင် ဘဏ်များနှင့် ATM ပြည်သူ ရာပေါင်းများစွာ ဆက်လက်တန်းစီပြီး မိမိတို့ အပ်ထားသည့် ငွေကြေးများရရှိရေး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေကြရပြီး ဘဏ်များအပေါ် မယုံကြည်မှု အနေအထားမှာလည်း ဆက်လက်တိုးပွားလာနေကြောင်း ရန်ကုန်မြို့ခံများထံမှ သိရှိရသည်။

credit Khit Thit Media

အေခါက္ေ႐ႊ တစ္က်ပ္သား ၁၆ သိန္း ၃ ေသာင္းေက်ာ္ အထိ ေစ်းထိုးတက္ၿပီးအဝယ္မ်ားျပား ရန်ကုန်၊ မေ ၁၁

ရန္ကုန္တြင္ ၁၆ ပဲရည္ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ေငြက်ပ္ ၁၆၃၂၀၀၀ က်ပ္ အထိ ေစ်းထိုးတက္လ်က္ရွိၿပီး ဆိုင္ႀကီးမ်ားတြင္ အဝယ္မ်ားျပားလ်က္ရွိေၾကာင္း ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္းမွ အေထြေထြအတြင္းေရးမႉး ဦးဝင္းျမင့္က ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။
"ေ႐ႊေစ်းကေတာ့ အတက္ပဲရွိေနတယ္။ အခု လက္ရွိကို ၁၆ သိန္း ၃ ေသာင္း ၂ ၀၀၀ ေပါ့။ ဆိုင္ႀကီးေတြမွာ အမ်ားျပည္သူက ဝယ္တာ ၁ က်ပ္သား၊ ၂ က်ပ္သား အဲလိုမ်ိဳးေတြေတာ့ ဝယ္ၾကတာမ်ားတယ္။ မီးလင္းေ႐ႊေစ်းကြက္မွာေတာ့ အဝယ္ေရာင္း မွ်တယ္။ ေရာင္းတဲ့သူလည္းရွိတယ္။ ဝယ္တဲ့သူလည္းရွိတယ္" ဟု ဦးဝင္းျမင့္ကဆိုသည္။
လတ္တေလာ ျပည္တြင္းေငြေၾကးေစ်းကြက္တြင္ ဘဏ္မ်ားၿပိဳလဲမည့္ အေျခအေန အက်ပ္ အတည္း မ်ားႀကဳံေတြ႕ေနရၿပီး ေငြသားရွားပါးျခင္းႏွင့္ ျပည္သူမ်ား၏ အပ္ေငြမ်ားကို ဘဏ္မ်ားက လုံး၀ ထုတ္မေပးႏိုင္ျခင္းတို႔ေၾကာင့္ စီးပြားေရးက႑တစ္ခုလုံးတြင္ စိုးရိမ္မႈမ်ားျမင့္တက္ေနကာ ေ႐ႊ၊ ေဒၚလာေစ်းကြက္တြင္ ရင္းႏွီးျမဳပ္ႏွံသူမ်ား မ်ားျပားလာေနျခင္းျဖစ္ေၾကာင္း သိရွိရသည္။

"အခုလို ေငြေၾကးေစ်းကြက္ မတည္မၿငိမ္အခ်ိန္မွာ အားလုံးက အစိမ္း (ေဒၚလာ) အေရာင္းအဝယ္ကလည္း ဘယ္သူကမွ ေပၚတင္ႀကီးမလုပ္ရဲဘူး။ ဘဏ္ေတြမွာလည္း ေငြလဲ ေကာင္တာရွိေပမယ့္ အေရာင္းအဝယ္မလုပ္ႏိုင္ဘူး။ အျပင္ေစ်းကြက္ကလည္း သတိနဲ႔ လုပ္ေနရတာ။ ေဒၚလာေစ်းတက္ၿပီး စစ္တပ္ကေကာင္ေတြက ေဒၚလာဝယ္ေရာင္းေတြ လိုက္ဖမ္းေတာ့တာပဲ။ အခုေလာေလာဆယ္ေတာ့ တစ္ေဒၚလာကို ၁၆၅၀ ဝန္းက်င္ေလာက္မွာပဲ အတက္အက် အေရာင္းအဝယ္ ရွိေနတယ္" ဟု မဂိုလမ္းမွ ေဒၚလာဝယ္ေရာင္းလက္ႀကီးတစ္ဦးက ဆိုသည္။
ယေန႔ ရန္ကုန္တြင္ ဘဏ္မ်ားႏွင့္ ATM ျပည္သူ ရာေပါင္းမ်ားစြာ ဆက္လက္တန္းစီၿပီး မိမိတို႔ အပ္ထားသည့္ ေငြေၾကးမ်ားရရွိေရး အခ်ိန္ၾကာျမင့္စြာ ေစာင့္ဆိုင္းေနၾကရၿပီး ဘဏ္မ်ားအေပၚ မယုံၾကည္မႈ အေနအထားမွာလည္း ဆက္လက္တိုးပြားလာေနေၾကာင္း ရန္ကုန္ၿမိဳ႕ခံမ်ားထံမွ သိရွိရသည္။

credit Khit Thit Media

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box