Facebook Comments Box
အမေရိကန်ဒေါ်လာ (၂.၅) ဘီလီယံရင်းနှီးမြှုပ်နှံမည့် တရုတ်စီမံကိန်းတစ်ခုအား မြန်မာခွင့်ပြု

အမေရိကန်ဒေါ်လာ (၂.၅) ဘီလီယံရင်းနှီးမြှုပ်နှံမည့် တရုတ်စီမံကိန်းတစ်ခုအား မြန်မာခွင့်ပြု

ရန်ကုန်၊ မေ (၁၀)..
ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)က စီမံကိန်းစုစုပေါင်း (၁၅)ခုအား ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုခဲ့ပြီး ထိုစီမံကိန်းများအနက် တရုတ်နိုင်ငံက လုပ်ကိုင်မည့် အမေရိကန်ဒေါ်လာ (၂.၅) ဘီလီယံပမာဏရှိ ရေနံဓာတ်ငွေ့ရည်သုံးဓာတ်အားပေးစက်ရုံ(LNG)စီမံကိန်းတစ်ခုလည်း ပါဝင်လာခဲ့သည်။
သို့ဖြစ်သောကြောင့် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုတစ်ခုတည်းက န.စ.အ. ကောင်စီလက်ထက် အကြီးဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်လာခဲ့သည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)၏ (၃/၂၀၂၁) ကြိမ်မြောက်အစည်းအဝေးကို မေလ(၇)ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးကို န.စ.အ. ကောင်စီအဖွဲ့ဝင်ဖြစ်သူ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဌသစ် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက ဦးဆောင်ခဲ့သည်။
အစည်းအဝေး၌ ဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂) ခု၏ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် လျှပ်စစ်ကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများအတွက် လုပ်ငန်းသစ် (၁၅) ကို ခွင့်ပြုခဲ့သည်ဟု MIC က သတင်းထုတ်ပြန်ထားသည်။
အဆိုပါအစည်းအဝေးမှ ခွင့်ပြုခဲ့သော တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် ရေနံဓာတ်ငွေ့ရည်သုံးဓာတ်အားပေးစက်ရုံသည် ဧရာဝတီတိုင်းဒေသကြီးရှိ မီးလောင်ချိုင်ဓာတ်အားပေးစက်ရုံဖြစ်ပြီး ၎င်းစီမံကိန်းအားအကောင်အထည်ဖော်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-NLD လက်ထက် ၂၀၂၀ ပြည့်နှစ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော တရုတ်နိုင်ငံသမ္မတ ရှီကျင်းဖျင်၏ ခရီးစဉ်တွင် ဆွေးနွေးခဲ့သည်ဟု အခြားသတင်းအရင်းအမြစ်တစ်ခုတွင် တွေ့ရှိရသည်။


ထိုအချိန်က ယင်းစီမံကိန်းကို တရုတ်၏ "ရပ်ဝန်းတစ်ခု၊ ပိုးလမ်းမ" စီမံကိန်းသဘောတူညီမှုအောက်တွင် အရှိန်မြှင့်တင်ရန် တရုတ်နှင့် မြန်မာနှစ်နိုင်ငံအကြား စာချုပ်တစ်ရပ် လက်မှတ်ရေးထိုးခဲ့သည်။
မီးလောင်ချိုင်ဓာတ်အားပေးစက်ရုံစီမံကိန်းသည် န.စ.အ. ကောင်စီလက်ထက်တွင် အကြီးစားရေနံဓာတ်ငွေ့ရည်သုံးဓာတ်အားပေးစက်ရုံစီမံကိန်း (၂) ခုအနက် တရားဝင်ခွင့်ပြုချက်ရရှိရန် စောင့်ဆိုင်းနေသော စီမံကိန်းတစ်ခုလည်းဖြစ်နေသည်။
အခြားစီမံကိန်းတစ်ခုမှာ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၂) ဘီလီယံရှိသည်။ မဂ္ဂါဝပ် ၁၃၉၀ ပမာဏ ထုတ်လွှတ်ပေးနိုင်မည့် မီးလောင်ချိုင်ဓာတ်အားပေးစက်ရုံစီမံကိန်းကို ယူနန်ပြည်နယ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက်၊ the UREC၊ Zhefu Holding Group Co.,Ltd နှင့် the Supreme Group တို့က ဖက်စပ်ဖော်ဆောင်မည်ဟု သိရှိရသည်။
ယင်းစီမံကိန်းကို ၂၀၂၃ ခုနှစ်တွင် အပြီးသတ်ရန် မျှော်မှန်းထားပြီး လျှပ်စစ်ထုတ်လွှတ်မှု၏ (၃၅) ရာခိုင်နှုန်းကို ဧရာဝတီတိုင်းဒေသကြီးအတွင်း အသုံးပြုမည်ဖြစ်ပြီး ကျန်ပမာဏအား ရန်ကုန်တိုင်းဒေသကြီးသို့ ပို့ဆောင်မည်ဟု မှတ်တမ်းများအရ သိရှိရသည်

Credit BETV Business


ရန်ကုန်၊ မေ (၁၀)



Credit BETV Business

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box