Facebook Comments Box
သင့်ကိုယ်စောင့်နတ်ရဲ့ အမှာစကားကို ပန်းလေးတွေကနေတစ်ဆင့် နားထောင်ကြည့်ကြမယ်

သင့်ကိုယ်စောင့်နတ်ရဲ့ အမှာစကားကို ပန်းလေးတွေကနေတစ်ဆင့် နားထောင်ကြည့်ကြမယ်

သင်နှစ်သက်ရာ ပန်းကိုရွေးပါ

(၁) သင့်ရဲ့အကြောက်တရားတွေကို ဖယ်ရှားပစ်ဖို့အချိန်တန်နေပါပြီ။ သင့်ရဲ့ကိုယ်စောင့်နတ်ဟာ သင့်ကို အမြဲတမ်းစောင့်ရှောက်နေတာမလို့ သံသယကင်းကင်းနဲ့ အကြောက်တရားတွေကို ခွကျော်ပြီး လိုရာပန်းတိုင်ကို အာရုံစူးစိုက်ပြီးသာ သွားပါတော့။ အာရုံစူးစိုက်ပြီး ယုံကြည်မှုရှိလေ စွမ်းရည်ပိုမြင့်လေပါပဲ။ နောက်သတင်းစကားတစ်ခုကတော့ ဘဝလမ်းကြောင်းအတွက် အထောက်အကူပြုမယ့် အရည်အချင်းတွေရဖို့ သင်ယူလေ့လာစရာတွေရှိတာကို လေ့လာဖို့ အကောင်းဆုံးအချိန်ပါတဲ့နော်။

(၂) သင့်ကိုယ်သင်အနားပေးပါလို့တောင် ကိုယ်စောင့်နတ်ကပြောနေပါပြီ။ ဘာကြောင့်ဆို သင်ဟာ အလုပ်တွေပဲ အာရုံစိုက်ပြီး လုပ်နေတယ်၊ တိုးတက်ဖို့၊ အမြင့်ကိုလှမ်းနိုင်ဖို့ကိုပဲ ခေါင်းထဲထားပြီး နားချိန်တောင်မပေးဘဲ အလုပ်အလုပ်အလုပ်ချည်းပဲ ဖြစ်နေတယ်မဟုတ်လား။ ပျော်ရွှင်မှုမရှိဘဲနဲ့ ဘဝကို ဖြစ်သလိုနေနေတာ ဘယ်လောက်တောင်ကြာနေပြီလဲ။ ဒါကြောင့် နားနားနေနေအလုပ်ကိုမလုပ်နိုင်ရင်တောင်မှပဲ တစ်ပတ်လုံးမှာ တစ်ရက်လောက်တော့ ဘာအတွက်၊ ဘယ်သူ့အတွက်နဲ့မှ အချိန်မကုန်စေဘဲနဲ့ ကိုယ့်တစ်ယောက်တည်းအတွက် အချိန်တွေကိုပေးပြီး အနားယူပါ မျှတမှုကိုရှုာဖွေပါ။

(၃) လက်ရှိအချိန် ဒါမှမဟုတ် မကြာသေးခင်တုန်းက တစ်စုံတစ်ယောက်ယောက်ကြောင့်သော်လည်းကောင်း ဖြစ်နေတဲ့ အခြေအနေကြောင့်သော်လည်းကောင်း အရှက်ရတာမျိုး စိတ်ညစ်ညူးတာမျိုး ဖြစ်ခဲ့ဟန်တူပါတယ်။ နေကြာပန်းလေးကိုရွေးချယ်လိုက်ပြီဆိုရင်တော့ သင့်ရဲ့ကိုယ်စောင့်နတ်က အရာအားလုံးကို ခွင့်လွှတ်လိုက်ပါ လို့ပြောနေပါတယ်။ သင့်ရဲ့ မူရင်းရိုးသားဖြူစင်တဲ့စိတ်နေစိတ်ထားကြောင့် ဒီလိုအရှက်ရစရာကိစ္စမျိုးတွေဟာ သာမန်လူတွေထက် ပိုခံစားရမှာပါ၊ ဒါပေမဲ့ နောင်တရစရာကိစ္စတွေကို သင်ခန်းစာအဖြစ်နဲ့သာ မှတ်ယူပြီး နာကျင်မှုတွေကို အတိတ်မှာထားပစ်ခဲ့လိုက်ပါ၊ ကိုယ့်ကို ချစ်တဲ့လူတွေနဲ့သာ ပျော်ပါစေ။

(၄) သင်က သိပ်ပျော်ပျော်နေတတ်တဲ့လူတစ်ယောက်ပဲ။ သင့်ကံကြမ္မာအရ အခုအချိန်ဟာ ခရီးထွက်လို့အကောင်းဆုံးအချိန်ကောင်းတစ်ခုပါနော်။ မိတ်ဆွေသူငယ်ချင်းတွေကို အချိန်ပေးပါ။ စိတ်ရှိလက်ရှိပျော်ပါးလိုက်ပါ။ တစ်ခါတစ်လေ ထမ်းဆောင်ရမယ့်တာဝန်တွေ ပျက်ကွက်သွားလည်း အခုအချိန်မှာတော့ ကိစ္စမရှိပါဘူးနော်။ ဒါပေမဲ့ သင့်ဘဝမှာ အပျော်ကိစ္စတွေအရမ်းများနေတာကြောင့် ကိုယ်စောင့်နတ်ကတော့ အရေးကြီးတဲ့အချိန်လေးတွေမှာ အပျော်လေးတွေ လျှော့စေချင်နေပါသတဲ့။

credit to lotaya







credit to lotaya

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box