Facebook Comments Box
အဓိပ္ပါယ်ပြည့်ဝသော လက်ဖဝါးပြင်မှ ထူးခြားအမှတ်အသား (၉) မျိုး

အဓိပ္ပါယ်ပြည့်ဝသော လက်ဖဝါးပြင်မှ ထူးခြားအမှတ်အသား (၉) မျိုး

အလွန် ထူးဆန်းသော သဘာဝ အင်အား တို့သည် လူတစ်ဦးချင်းစီ အတွက် သီးသန့်ရှင်သန်လျှက်ရှိရာ ထိုအစွမ်း တို့၏ အံ့ဖွယ်ရာ သတ္တိထူးတို့က လက္ခဏာရှင်ကို စိုးမိုးလျှက်ရှိကြသည်။

ထို့စွမ်းအင်တို့၏ အမှတ်အသားကို လက်ဖဝါးပြင်တွင် သိပ္ပံနည်းကျ သုတေသနပြုရာတွင် အဓိပ္ပါယ်ပြည့်ဝပြီး လက္ခဏာရှင်ကို ရာနှုံန်းပြည့် ကောင်းကျိုး ဆိုးပြစ် ကိုပေးသော အထူးအမှတ်အသားများ ဖြစ်ပေါ် လာပေ သည်။

ထိုအမှတ်အသားများစွာထဲမှာ အလွန်အတွေ့များပြီး အမှန်တစ်ကယ် လည်း လူတစ်ယောက်၏ ကောင်းကျိုးဆိုးပြစ်ကို ဖန်တီးသော လက်ဖဝါးပြင်မှာ ထူးခြားသော အမှတ်အသား (၉) မျိုးအကြောင်းကို စာရှည်မည်စိုးသဖြင့် အနှစ်ချုပ် တင်ပြ လိုပါ သည်။ ထူးခြားအမှတ်အသား (၉) မျိုးကတော့ –

၁။အစက်ကလေးများ ၂။စက်ဝိုင်းများ ၃။ကျွန်းသဏ္ဍာန် ၄။လေးထောင့်အမှတ်အသား ၅။သုံးထောင့် အမှတ်အသား ၆။ကြက်ခြေ အမှတ်အသား ၇။ခရင်းခွ ၈။ရာဇမတ်ကွက်များ ၉။ကြယ်များ စသည်တို့ဖြစ်ကြ ပါတယ်။

လက်ဖဝါးပြင်မှ ထူးခြားအမှတ်အသား (၉)မျိုး

၁။အစက်ကလေးများ။ ။

လက်ဖဝါးပြင်တွင် အစက်ကလေးများ ကိုတွေ့ရှိ နိုင်သည်။ ထိုအစက် ကလေးများသည် အနီရောင်၊အပြာရောင်၊ အနက် နှင့် အဖြူရောင်ရှိသော အစက်အပျောက်ကလေးများရှိတတ်ကြသည်။

ထိုအစက်ကလေး များသည် မှဲ့မဟုတ်ပါ။အသက်လမ်းကြောင်းတွင်ပါရှိပါက ထိခိုက်ဒဏ်ရာရတတ်ခြင်း၊ သောကဖြစ်ရခြင်း။ ပင်ပန်းသော လုပ်ငန်းများလုပ်ကိုင်ရခြင်းတို့ကို ဖော်ပြသည်၊

ဂြိုဟ်ခုံများတွင် ပါရှိပါက ပါရှိသော ဂြိုဟ်ခုံနှင့် ပါတ်သက်သော အကြောင်း အရာတို့ အားနည်းခြင်းကို ဖြစ်စေသည့် အမှတ်အသားဖြစ် သည်။ ဦးခေါင်းလမ်းကြောင်းတွင် ပါရှိပါက နားလေးခြင်း၊ မျက်လုံး မကောင်းခြင်းကို ပြပြီး၊

နှလုံးလမ်းကြောင်းတွင်ပါရှိပါက အချစ်ရေးတွင် ကံခေနေတတ်သည်။ နှလုံးရောဂါ၏ အခြေအနေ ကိုလည်း သုံးသတ် နိုင် သည်။ အစက်၏ အရောင် အဆင်းပေါ်နှင့် အရွယ်ပေါ်မူတည်ပြီး ချိန်ဆဟောပြော ရပေ သည်။

၂။စက်ဝိုင်းများ။ ။

တိကျသော စက်ဝိုင်ပုံ အမှတ်အသား ကိုတွေ့ရ ခဲသည်။ စက်ဝိုင်ပုံအမှတ်အသားသည် တည်နေရာကို လိုက်ပြီး ကောင်းကျိုး ဆိုးပြစ်ကို ဟောပြောရသည့် အမှတ်အသားဖြစ်သည်။ယေဘူယျအားဖြင့် ဂြိုဟ်ခုံများ တွင်တွေ့ရသော

စက်ဝိုင်ပုံအမှတ်အသားသည် ကောင်းသောသဘောကို ဖော်ပြတတ်သော်လည်း လမ်းကြောင်းများတွင်တွေ့ရသောအခါ အဆိုးဘက်ကို ဦးတည်နေတတ်သည်။

လက်ကောက်ရစ်များတွင် တွေ့ရသော စက်ဝိုင်ပုံအမှတ်အသားသည် ငွေရခြင်း၊ထီပေါက်ခြင်းတို့နှင့် ဆက်စပ်ပေသည်။ ထူးခြားသော အချက်အနေဖြင့် တနင်္ဂနွေဂြိုဟ်ခုံတွင် စက်ဝိုင်ပုံအမှတ်အသား ထင်ရှား ပါရှိပါက ရာထူးကြီးခြင်း၊

အာဏာရှိခြင်းနှင့် အောင်မြင်ခြင်းကို ဖော်ပြ တတ်သော်လည်း တနင်္လာဂြိုဟ်ခုံတွင်ပါရှိသော စက်ဝိုင်ပုံက ရေနစ်ပြီး ဒုက္ခရောက်ခြင်းကို ဆိုလိုပေ သည်။

၃။ကျွန်းသဏ္ဍာန်များ။ ။

ကျွန်းအမှတ်အသားသည် ကံမကောင်းခြင်း၊ အနှောင်အယှက်ဖြစ်ခြင်း၊ သောက ရောက်ခြင်းနှင့် ရည်ရွယ်ချက်၊ရည်မှန်ချက် ပျက်စီးခြင်း၏ အမှတ်အသားဖြစ်သည်။ မည်သည့်လမ်းကြောင်း၊

မည်သည့် ဂြိုဟ်ခုံတွင် ပါရှိစေကာမူ ကောင်းအားနည်းသည့်အမှတ်ဖြစ်သည်။ အသက်လမ်းကြောင်း တွင်ပါရှိပါက နာတာရှည်ဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း၊

ကိုယ်လက်အင်္ဂါစွန့်လွတ်ရခြင်း များကိုဖော်ပြသည်။ နှလုံးလမ်းကြောင်းတွင် ပါရှိပါက အချစ်ရေး၊အိမ်ထောင်ရေး၊မေတ္တာရေးမကောင်းခြင်း၊ပူပန်ရခြင်းနှင့် နှလုံးရောဂါရရှိခြင်းကို ပြသသည်။

အသက်ပိုင်းဖြတ် ရန်လိုပါသည်။ကံလမ်းကြောင်းတွင်ပါရှိပါက အလုပ်အကိုင်နှင့် ကံနှင့်ဆက်စပ်သော လုပ်ငန်းများတွင် အဆင်မပြေဖြစ်ခြင်း၊ ဒုက္ခရောက်ခြင်းတို့ရှိပြီး အောင်မြင်ရေးလမ်းကြောင်းတွင်ပါရှိပါက

ရာထူမှပြုတ်ခြင်း၊ဂုဏ်သိက္ခာကျဆင်းခြင်း၊အရှက်ကွဲခြင်းတို့ ဖြစ်တတ်သည့်သဘောဖြစ်သည်။ဦးခေါင်းလမ်းကြောင်းတွင် ပါရှိပါက မျက်လုံးထိခိုက်ခြင်း၊ဆုံးဖြတ်ချက်အမှားများချမှတ်ခြင်း၊ ပညာရေးအားနည်းခြင်းတို့ ကြုံတွေရမည်ဖြစ်သည်။

စနေဂြိုဟ်ခုံတွင် ရှိပါက ဘေးအန္တရာယ် အမျိုးမျိုး ရင်ဆိုင်ရပြီး ဘဝတွင် စိတ်ချမ်းသာခြင်း အလွန်နည်းပါးလိမ့်မည်။ အိမ်ထောင်ရေး လမ်းတွင် ပါရှိပါက အိမ်ထောင်ရေးပြသနာများ၊ တစ်ခုလပ်၊ မုတ်ဆိုးဖို-မ ဖြစ်ရခြင်းတို့ရင်ဆိုင် ရမည်ပင်ဖြစ်သည်။

ခရီးသွားလမ်းကြောင်းတွင်ပါရှိပါက ခရီးသွားလာရင်း ဒုက္ခခံစားရပြီး သောကြာဂြိုဟ်ခုံတွင်ပါရှိပါက တဏှာရာဂကြောင့် ကူးစက်ရောဂါဆိုးများ ခံစားရတတ်ကြောင်း လေ့လာရပါတယ်။

၄။လေးထောင်အမှတ်အသား။ ။

လေးထောင့်အမှတ်အသား(စတုဂံ) သည် လုံးဝကောင်းသော အမှတ်အသား တစ်ခုအဖြစ်တော့ မမှတ်ယူနိုင်ပါ။ သို့သော် ဘေးအန္တရာယ်များကို အကာအကွယ်ပြုသော

အမှတ်အသားမဖြစ် မှတ်ရယူရမည်ဖြစ်သည်။ ကျရောက်လာမည့် မကောင်းသောကိစ္စရပ်များမှို သီသီကလေးလွတ်မြောက်တတ်သည်။ ကယ်တင်သူပေါ်သည့်အမှတ်လည်းဖြစ်သည်။

ဘေးအန္တရာယ်များကို ရင်ဆိုင်ရစေကာမူ အောင်မြင်စွာရင်ဆိုင်နိုင်သည့် သဘောဖြစ်သည်။ ကြီးသောအမှု့ကို ငယ်စေပြီး ငယ်သောအမှု့ကို ပပျောက်စေသည့်အမှတ်အသားတစ်ခုဖြစ်သည်။

အသက်လမ်းကြောင်း၏ အတွင်းဘက်နံရံတွင် ပါရှိပါက ထောင်ကျခြင်းကို ပြသော ထောင်အမှတ်အသားဖြစ်သည် ဆိုသောအချက်ကိုသတိပြုရန်လိုပါသည်။

၅။သုံးထောင့်အမှတ်အသား။ ။

သုံးထောင်အမှတ်အသား(တြိဂံ) အမှတ်အသားကို ကောင်းမွန်သော အမှတ်အသားတစ်ခုအဖြစ် မှတ်ယူကြသည်၊ ဗုဒ္ဓဟူးဂြိုဟ်ခုံတွင် ပါရှိပါကဆေးပညာ၊စာရင်းပညာ၊ကုန်သွယ်ရေးနှင့် စကား ပြောဆိုခြင်းနှင့်ဆိုင်သောပညာတို့တွင် ထူးချွန် လိမ့်မည်ဖြစ် သည်။

တနင်္ဂနွေဂြိုဟ်ခုံတွင်ပါရှိပါက စာပေ၊ဂီတ၊ရုပ်ရှင် အနုပညာ၊တို့တွင် ထင်ပေါ်ကျော်ကြားမည့်သဘော ကိုဖော်ပြ သည်။

စနေဂြိုဟ်ခုံတွင် ပါရှိပါက နက္ခတ်ဗေဒင်ပညာရပ်၊ မန္တန်၊အင်းအိုင်ပညာရပ်စသည့် လျှို့ဝှက်ဆန်းကျယ်ပညာရပ်များ၊ ဂိုဏ်စဉ်ပညာရပ်တို့တွင် ထူးခြားထွန်းပေါက်မည့် သူဖြစ်သည်။

ကြာသာပတေးဂြိုဟ်ခုံတွင်ပါရှိပါက ပညာတတ်ခြင်း၊ရာထူး၊ဘွဲ့ထူးများရှိခြင်း နှင့် နိုင်ငံရေးသြဇာရှိခြင်းကို ဖော်ပြသည်။

အင်္ဂါဂြိုဟ်ခုံတွင်ပါရှိပါက စစ်ရေးဗျူဟာကောင်းသူ၊ရဲစွမ်းသတ္တိရှိသူဖြစ်မည်။ ခွဲစိတ်ပါရဂူကြီးလည်းဖြစ်တတ် သည်။ ကောင်းသောအမှတ်သားတစ်ခုဖြစ်သည်။

၆။ကြက်ခြေအမှတ်အသား။ ။

မကောင်းသောအမှတ်အသားအဖြစ်ယူဆကြသော်လည်း ကြက်ခြေအမှတ်အသား တည်ရှိရာနေရာနှင့် အလွန်သက်ဆိုင်ပေသည်။

မှော်ကြက်ခြေသည်လက္ခဏာပညာတွင် ထင်ရှားသော ကြက်ခြေဖြစ်ပြီး ကြာသာပတေးဂြိုဟ်ခုံရှိကြက်ခြေသည် ကောင်းသောအမှတ်အသားဖြစ်သည်။

လက်ကောက်ရစ်အပေါ်တွင်တည်ရှိ သောကြက်ခြေသည် ထီပေါက်ခြင်း၊ထီပေါက်သကဲ့သို့ ငွေရခြင်းနှင့် သက်ဆိုင်လျှက်ရှိသည်။ ကျန်နေရာများတွင် ပါရှိသော ကြက်ခြေအမှတ်အသားမှာ ပျက်စီးခြင်း၊ကံဆိုးခြင်းကိုသာပေးတတ်သည်။

စနေဂြိုဟ်ခုံတွင် ပါရှိသော ကြက်ခြေသည် သေဒဏ်စီရင်ခံရခြင်းနှင့်် ပါတ်သက်နေပြီး ရာဇဝတ်မှု့နှင့်ပါတ်သက်လေသည်။သောကြာဂြိုဟ်ခုံရှိကြက်ခြေသည် ဆန့်ကျင်ဘက်လိင်ကြောင့် ကြေကွဲဖွယ်အဖြစ်ဆိုးများနှင့် ရင်ဆိုင်ရခြင်း၊

လိင်မှကူးစက်တတ်သောရောဂါတို့ကြောင့် သေကြေပျက်စီးရခြင်းတို့နှင့် သက်ဆိုင်နေတတ်ပေသည်။ အင်္ဂါဂြိုဟ်(ဖို) တွင် ပါရှိသောကြက်ခြေသည် သေနတ်ထိမှန်သေဆုံးခြင်း၊ တိုက်ပွဲတွင်ဒဏ်ရာပြင်ထန်ရရှိခြင်းကို ပြလေသည်။

ဗုဒ္ဓဟူးဂြိုဟ်ခုံကြက်ခြေပါရှိသူသည် လူလိမ်ဖြစ်ခြင်း၊ မဖြစ်ချင်သော်လည်း အခြေအနေအရ လိမ်လည်မိခြင်းများဖြစ်တတ်သည်။

တနင်္လာဂြိုဟ်ခုံတွငင် ပါရှိပါက ဆီးရောဂါ၊ သားအိမ်ကင်ဆာတို့ဖြစ်တတ်ပြီး စိတ်ပိုင်းဆိုင်ရာ အားနည်းကာ ရေထဲခုံချပြီး မိမိကိုယ်အဆုံးစီရင်တတ်သည် အထိ ဖြစ်တတ်သော အမှတ်အသားဖြစ်သည်။

၇။ခရင်းခွ။ ။

ခရင်းခွသည် သက်ဆိုင်ရာလမ်းကြောင်းနှင့် ဂြိုဟ်ခုံတို့၏အားကို ပိုမိုကောင်းမွန်စေရန် တွန်းအားပေးတဲ့ အမှတ်အသားတစ်ခုဖြစ်တယ်။ ဒါပေမယ့် အချို့သောလမ်းကြောင်းတွေရဲ့ ထိပ်ပိုင်းမှာ ခရင်းခွနဲ့ ဆုံးတာမကောင်းတာမျိုးရှိပါတယ်။

အိမ်ထောင်ရေးလမ်းကြောင်းမှာ ခရင်းခွပါနေတာမျိုးနဲ့ အသက်လမ်းကြောင်းမှာ ခရင်းခနဲ့ စတင်တာ၊အဆုံးသတ်တာမျိုးတွေဟာ ကောင်းတဲ့ အချက်တွေ မဟုတ်ပါဘူး။ဦးခေါင်းလမ်းကြောင်းဟာ ခရင်းခွပုံနဲ့ အဆုံးသတ်တာ၊

ကံလမ်းကြောင်း၊အောင်မြင်ရေးလမ်းကြောင်းတေါ ခရင်းခွနဲ့ အဆုံးသတ်တာတွေအများကြီးရှိပါတယ်။ ဂြိုဟ်ခုံတစ်ခုခုပေါ်မှာ ခရင်းခွပုံစံအမှတ်အသားလေးတွေရှိတတ်ပြီး သက်ဆိုရာဂြိုဟ်ခုံရဲ့ ပရိယယ်နဲ့ ချင့်ချိန်ကြည့်ရတာဖြစ်တယ်။

၈။ရာဇမတ်ကွက်။ ။

အချို့သော ကျမ်းများတွင် သံဇကာကွက်ဟုတ်လည်းခေါ်သည်၊ဤအမှတ်အသားသည် လည်း ကောင်းကျိုးမပေးသော အမှတ်အသားပင်ဖြစ်သညေ။သူတည်ရှိရာ နေရာဂြိုဟ်ခုံတို့ကိုလိုက်ပြီး ကောင်းကျိုးဆိုးပြစ်ကို ပေးတတ်လေသည်။

aသာကြာဂြိုဟ်ခုံတွင် ထင်ရှားသော ဇာကာကွက်ပါရှိပါက ဆန့်ကျင့်ဘက်လိင်တို့၏ အားပေးခြင်း၊ ချစ်ခြင်းကို ရရှိတတ်သည်၊သို့သော်လည်း ထိုဆန့်ကျင်ဘက်လိင်တို့ကြောင့် ရာဇဝတ်မှု့ဖြစ်ခြင်းနှင့် ရင်ဆိုင်ရတတ်ပေသည်။

စနေဂြိုဟ်ခုံတွင် ပါရှိပါက ထောင်ကျခြင်းကိုဖြစ်စေတတ်သည်၊ တနင်္ဂနွေဂြိုဟ်ခုံတွင်ပါရှိပါက ဘဝ၏အောင်မြင်ခြင်း၊ ကျော်ကြားခြင်းတို့သည် စိတ်ကူးလောက်နှင့်သာ ကြေနပ်ရပေလိမ့်မည်။ လက်တွေဘာမှမဖြစ်ထွန်းတတ်ပေ။

၉။ကြယ်။ ။

ဒီအမှတ်အသားကတော့ လက်ဖဝါပြင်ဖတ်အတတ်ပညာမှာ အလွန်အရေးကြီးတဲ့ အမှတ်အသားတစ်ခုဖြစ်တယ်။ လက္ခဏာရှင်ရဲ့ ဘဝတစ်လျှောက်လုံးအတွက် ကောင်းခြင်းဆိုးခြင်းကိုဖန်ဆီရာမှာ အလွန်အရေးပါတဲ့ အမှတ်အသားဖြစ်တယ်၊

အောက်ခြေမှာ အမြင့်ဆုံးအခြေအနေအထိ တွန်းပို့နိုင်သလို အမြင်ဆုံးအခြေအနေမှ အောက်ခြေအထိလည်း ဆွဲချတတ်တဲ့ အမှတ်အသားဖြစ်ပါတယ်။

အများအားဖြင့် ကောင်းတဲ့ အမှတ်လက္ခဏာဖြစ်ပေမယ့် ကြယ်တည်ရှိတဲ့ ဂြိုဟ်ခုံပေါ်မူတည်ပါတယ်။ ကြာသာပတေးဂြိုဟ်ခုံမှာပါရင် ရုတ်တရက် ကြီးပွားတိုးတက်တာ၊ကျောက်အောင်တာမျိုး၊

ရာထူးပိုင်းဆိုင်ရာပြောရရင် တစ်ဆင်မြင့်ရာထူးကို တိုက်ရိုက်ခံအပ်ခံရတာမျိုး တွေဖြစ်နိုင်တယ်။စနေဂြိုဟ်ခုံမှာပါရင်တော့ အစပိုင်းမှာအောင်မြင်မှု့တွေဆက်တိုက်ရရှိပြီး အဆုံးသတ်မှာ အားလုံးပျက်စီး ကျဆုံးရတာမျိုးပါ။

ဗုဒ္ဓဟူးဂြိုဟ်ခုံမှာပါရင်တော့ သိပ္ပံပညာရှင်၊စူးစမ်းလေ့လာသူ၊ သုတေသနပညာရှင်တွေဖြစ် ပါလိမ့်မယ်၊ ကုန်သွယ်ရေးလုပ်ငန်းနဲ့လည်း ချမ်းသာမယ့်သူပါ။ တစ်ခြားဂြိုဟ်ခုံတွေနဲ့ လမ်းကြောင်းတွေမှာပါတဲ့ ကြယ်အမှတ်အသားတွေရဲ့ ဟောချက်တွေကလည်း များစွာရှိပါသေးတယ်။

အခုတင်ပြတာကတော့ လက်တွေလက္ခဏာဟောပြောမှု့သက်တမ်းမှာ အလွန်အတွေ့များတဲ့ အဓိပ္ပါယ်ပြည့်ဝသော လက်ဖဝါးပြင်မှာ ထူးခြားအမှတ်အသားများကို အကျင်းချုပ်တင်ပြရတာဖြစ်ပါတယ်။

ဒီအမှတ်အသားတွေရဲ့ အကျယ်တစ်ပွင့် ဖွင့်ဆိုချက်တွေဖြစ်တဲ့ ဘယ်လိုလက်ပုံစံမှာ ဘယ်လိုအားမျိုးရှိတဲ့ ဂြိုဟ်ခုံပိုင်ရှင်ရဲ့ ဘယ်နေရာမှာ ဘယ်အမှတ်အသားပါရင် ဘာဖြစ်မယ်ဆိုတာတွေရှိပါသေးတယ်။

အချို့သော လက္ခဏာကျမ်းများမှာ ဖော်ပြနေတဲ့ ထူးခြားအမှတ်အသားများအဖြစ် နက္ခတ်၂၇ ရဲ့ ရုပ်ပုံဏ္ဍာန်ရှိသော အမှတ်အသားများ၊ရာသီရုပ်ပုံအမှတ် အသားများ စသည်

တို့ဟာ အမှန်မှာ စိတ်ကူးယဉ်ရေးသားချက်တွေသာဖြစ်တယ်၊ ကျွန်ုပ်လက္ခဏာဟောပြောမှု့သက်တမ်းတွင် တစ်ကြိမ်တစ်ခါမျှ မတွေ့ဖူးခဲ့ပါ။

ကျွန်ု်ပ်၏ဆရာကြီးအပါအဝင် မိတ်ဆွေလက္ခဏာဆရာများလည်း သူတို့သက်တမ်းတစ် လျှောက်မတွေ့ဖူးကြပါဘူး။ အခုကျွန်ုပ်တင်ပြတဲ့ အမှတ်အသားတွေသာ တွေ့ရတာဖြစ်ပြီး အမှတ်တစ်ကယ်လည်း လူ့ဘဝကို စိုးမိုးကြပါကြောင်း တင်ပြရပါတယ်။

ကင်္ကသူ

အဓိပၸါယ္ျပည့္ဝေသာ လက္ဖဝါးျပင္မွ ထူးျခားအမွတ္အသား (၉) မ်ိဳး

အလြန္ ထူးဆန္းေသာ သဘာဝ အင္အား တို႔သည္ လူတစ္ဦးခ်င္းစီ အတြက္ သီးသန္႔ရွင္သန္လွ်က္ရွိရာ ထိုအစြမ္း တို႔၏ အံ့ဖြယ္ရာ သတၱိထူးတို႔က လကၡဏာရွင္ကို စိုးမိုးလွ်က္ရွိၾကသည္။

ထို႔စြမ္းအင္တို႔၏ အမွတ္အသားကို လက္ဖဝါးျပင္တြင္ သိပၸံနည္းက် သုေတသနျပဳရာတြင္ အဓိပၸါယ္ျပည့္ဝၿပီး လကၡဏာရွင္ကို ရာႏႈံန္းျပည့္ ေကာင္းက်ိဳး ဆိုးျပစ္ ကိုေပးေသာ အထူးအမွတ္အသားမ်ား ျဖစ္ေပၚ လာေပ သည္။

ထိုအမွတ္အသားမ်ားစြာထဲမွာ အလြန္အေတြ႕မ်ားၿပီး အမွန္တစ္ကယ္ လည္း လူတစ္ေယာက္၏ ေကာင္းက်ိဳးဆိုးျပစ္ကို ဖန္တီးေသာ လက္ဖဝါးျပင္မွာ ထူးျခားေသာ အမွတ္အသား (၉) မ်ိဳးအေၾကာင္းကို စာရွည္မည္စိုးသျဖင့္ အႏွစ္ခ်ဳပ္ တင္ျပ လိုပါ သည္။ ထူးျခားအမွတ္အသား (၉) မ်ိဳးကေတာ့ –

၁။အစက္ကေလးမ်ား ၂။စက္ဝိုင္းမ်ား ၃။ကြၽန္းသ႑ာန္ ၄။ေလးေထာင့္အမွတ္အသား ၅။သုံးေထာင့္ အမွတ္အသား ၆။ၾကက္ေျခ အမွတ္အသား ၇။ခရင္းခြ ၈။ရာဇမတ္ကြက္မ်ား ၉။ၾကယ္မ်ား စသည္တို႔ျဖစ္ၾက ပါတယ္။

လက္ဖဝါးျပင္မွ ထူးျခားအမွတ္အသား (၉)မ်ိဳး

၁။အစက္ကေလးမ်ား။ ။

လက္ဖဝါးျပင္တြင္ အစက္ကေလးမ်ား ကိုေတြ႕ရွိ ႏိုင္သည္။ ထိုအစက္ ကေလးမ်ားသည္ အနီေရာင္၊အျပာေရာင္၊ အနက္ ႏွင့္ အျဖဴေရာင္ရွိေသာ အစက္အေပ်ာက္ကေလးမ်ားရွိတတ္ၾကသည္။

ထိုအစက္ကေလး မ်ားသည္ မွဲ႔မဟုတ္ပါ။အသက္လမ္းေၾကာင္းတြင္ပါရွိပါက ထိခိုက္ဒဏ္ရာရတတ္ျခင္း၊ ေသာကျဖစ္ရျခင္း။ ပင္ပန္းေသာ လုပ္ငန္းမ်ားလုပ္ကိုင္ရျခင္းတို႔ကို ေဖာ္ျပသည္၊

ၿဂိဳဟ္ခုံမ်ားတြင္ ပါရွိပါက ပါရွိေသာ ၿဂိဳဟ္ခုံႏွင့္ ပါတ္သက္ေသာ အေၾကာင္း အရာတို႔ အားနည္းျခင္းကို ျဖစ္ေစသည့္ အမွတ္အသားျဖစ္ သည္။ ဦးေခါင္းလမ္းေၾကာင္းတြင္ ပါရွိပါက နားေလးျခင္း၊ မ်က္လုံး မေကာင္းျခင္းကို ျပၿပီး၊

ႏွလုံးလမ္းေၾကာင္းတြင္ပါရွိပါက အခ်စ္ေရးတြင္ ကံေခေနတတ္သည္။ ႏွလုံးေရာဂါ၏ အေျခအေန ကိုလည္း သုံးသတ္ ႏိုင္ သည္။ အစက္၏ အေရာင္ အဆင္းေပၚႏွင့္ အ႐ြယ္ေပၚမူတည္ၿပီး ခ်ိန္ဆေဟာေျပာ ရေပ သည္။

၂။စက္ဝိုင္းမ်ား။ ။

တိက်ေသာ စက္ဝိုင္ပုံ အမွတ္အသား ကိုေတြ႕ရ ခဲသည္။ စက္ဝိုင္ပုံအမွတ္အသားသည္ တည္ေနရာကို လိုက္ၿပီး ေကာင္းက်ိဳး ဆိုးျပစ္ကို ေဟာေျပာရသည့္ အမွတ္အသားျဖစ္သည္။ေယဘူယ်အားျဖင့္ ၿဂိဳဟ္ခုံမ်ား တြင္ေတြ႕ရေသာ

စက္ဝိုင္ပုံအမွတ္အသားသည္ ေကာင္းေသာသေဘာကို ေဖာ္ျပတတ္ေသာ္လည္း လမ္းေၾကာင္းမ်ားတြင္ေတြ႕ရေသာအခါ အဆိုးဘက္ကို ဦးတည္ေနတတ္သည္။

လက္ေကာက္ရစ္မ်ားတြင္ ေတြ႕ရေသာ စက္ဝိုင္ပုံအမွတ္အသားသည္ ေငြရျခင္း၊ထီေပါက္ျခင္းတို႔ႏွင့္ ဆက္စပ္ေပသည္။ ထူးျခားေသာ အခ်က္အေနျဖင့္ တနဂၤေႏြၿဂိဳဟ္ခုံတြင္ စက္ဝိုင္ပုံအမွတ္အသား ထင္ရွား ပါရွိပါက ရာထူးႀကီးျခင္း၊

အာဏာရွိျခင္းႏွင့္ ေအာင္ျမင္ျခင္းကို ေဖာ္ျပ တတ္ေသာ္လည္း တနလၤာၿဂိဳဟ္ခုံတြင္ပါရွိေသာ စက္ဝိုင္ပုံက ေရနစ္ၿပီး ဒုကၡေရာက္ျခင္းကို ဆိုလိုေပ သည္။

၃။ကြၽန္းသ႑ာန္မ်ား။ ။

ကြၽန္းအမွတ္အသားသည္ ကံမေကာင္းျခင္း၊ အေႏွာင္အယွက္ျဖစ္ျခင္း၊ ေသာက ေရာက္ျခင္းႏွင့္ ရည္႐ြယ္ခ်က္၊ရည္မွန္ခ်က္ ပ်က္စီးျခင္း၏ အမွတ္အသားျဖစ္သည္။ မည္သည့္လမ္းေၾကာင္း၊

မည္သည့္ ၿဂိဳဟ္ခုံတြင္ ပါရွိေစကာမူ ေကာင္းအားနည္းသည့္အမွတ္ျဖစ္သည္။ အသက္လမ္းေၾကာင္း တြင္ပါရွိပါက နာတာရွည္ျဖစ္ျခင္း၊ ထိခိုက္ဒဏ္ရာရရွိျခင္း၊

ကိုယ္လက္အဂၤါစြန္႔လြတ္ရျခင္း မ်ားကိုေဖာ္ျပသည္။ ႏွလုံးလမ္းေၾကာင္းတြင္ ပါရွိပါက အခ်စ္ေရး၊အိမ္ေထာင္ေရး၊ေမတၱာေရးမေကာင္းျခင္း၊ပူပန္ရျခင္းႏွင့္ ႏွလုံးေရာဂါရရွိျခင္းကို ျပသသည္။

အသက္ပိုင္းျဖတ္ ရန္လိုပါသည္။ကံလမ္းေၾကာင္းတြင္ပါရွိပါက အလုပ္အကိုင္ႏွင့္ ကံႏွင့္ဆက္စပ္ေသာ လုပ္ငန္းမ်ားတြင္ အဆင္မေျပျဖစ္ျခင္း၊ ဒုကၡေရာက္ျခင္းတို႔ရွိၿပီး ေအာင္ျမင္ေရးလမ္းေၾကာင္းတြင္ပါရွိပါက

ရာထူမွျပဳတ္ျခင္း၊ဂုဏ္သိကၡာက်ဆင္းျခင္း၊အရွက္ကြဲျခင္းတို႔ ျဖစ္တတ္သည့္သေဘာျဖစ္သည္။ဦးေခါင္းလမ္းေၾကာင္းတြင္ ပါရွိပါက မ်က္လုံးထိခိုက္ျခင္း၊ဆုံးျဖတ္ခ်က္အမွားမ်ားခ်မွတ္ျခင္း၊ ပညာေရးအားနည္းျခင္းတို႔ ႀကဳံေတြရမည္ျဖစ္သည္။

စေနၿဂိဳဟ္ခုံတြင္ ရွိပါက ေဘးအႏၲရာယ္ အမ်ိဳးမ်ိဳး ရင္ဆိုင္ရၿပီး ဘဝတြင္ စိတ္ခ်မ္းသာျခင္း အလြန္နည္းပါးလိမ့္မည္။ အိမ္ေထာင္ေရး လမ္းတြင္ ပါရွိပါက အိမ္ေထာင္ေရးျပသနာမ်ား၊ တစ္ခုလပ္၊ မုတ္ဆိုးဖို-မ ျဖစ္ရျခင္းတို႔ရင္ဆိုင္ ရမည္ပင္ျဖစ္သည္။

ခရီးသြားလမ္းေၾကာင္းတြင္ပါရွိပါက ခရီးသြားလာရင္း ဒုကၡခံစားရၿပီး ေသာၾကာၿဂိဳဟ္ခုံတြင္ပါရွိပါက တဏွာရာဂေၾကာင့္ ကူးစက္ေရာဂါဆိုးမ်ား ခံစားရတတ္ေၾကာင္း ေလ့လာရပါတယ္။

၄။ေလးေထာင္အမွတ္အသား။ ။

ေလးေထာင့္အမွတ္အသား(စတုဂံ) သည္ လုံးဝေကာင္းေသာ အမွတ္အသား တစ္ခုအျဖစ္ေတာ့ မမွတ္ယူႏိုင္ပါ။ သို႔ေသာ္ ေဘးအႏၲရာယ္မ်ားကို အကာအကြယ္ျပဳေသာ

အမွတ္အသားမျဖစ္ မွတ္ရယူရမည္ျဖစ္သည္။ က်ေရာက္လာမည့္ မေကာင္းေသာကိစၥရပ္မ်ားမႈိ သီသီကေလးလြတ္ေျမာက္တတ္သည္။ ကယ္တင္သူေပၚသည့္အမွတ္လည္းျဖစ္သည္။

ေဘးအႏၲရာယ္မ်ားကို ရင္ဆိုင္ရေစကာမူ ေအာင္ျမင္စြာရင္ဆိုင္ႏိုင္သည့္ သေဘာျဖစ္သည္။ ႀကီးေသာအမႈ႕ကို ငယ္ေစၿပီး ငယ္ေသာအမႈ႕ကို ပေပ်ာက္ေစသည့္အမွတ္အသားတစ္ခုျဖစ္သည္။

အသက္လမ္းေၾကာင္း၏ အတြင္းဘက္နံရံတြင္ ပါရွိပါက ေထာင္က်ျခင္းကို ျပေသာ ေထာင္အမွတ္အသားျဖစ္သည္ ဆိုေသာအခ်က္ကိုသတိျပဳရန္လိုပါသည္။

၅။သုံးေထာင့္အမွတ္အသား။ ။

သုံးေထာင္အမွတ္အသား(ႀတိဂံ) အမွတ္အသားကို ေကာင္းမြန္ေသာ အမွတ္အသားတစ္ခုအျဖစ္ မွတ္ယူၾကသည္၊ ဗုဒၶဟူးၿဂိဳဟ္ခုံတြင္ ပါရွိပါကေဆးပညာ၊စာရင္းပညာ၊ကုန္သြယ္ေရးႏွင့္ စကား ေျပာဆိုျခင္းႏွင့္ဆိုင္ေသာပညာတို႔တြင္ ထူးခြၽန္ လိမ့္မည္ျဖစ္ သည္။

တနဂၤေႏြၿဂိဳဟ္ခုံတြင္ပါရွိပါက စာေပ၊ဂီတ၊႐ုပ္ရွင္ အႏုပညာ၊တို႔တြင္ ထင္ေပၚေက်ာ္ၾကားမည့္သေဘာ ကိုေဖာ္ျပ သည္။

စေနၿဂိဳဟ္ခုံတြင္ ပါရွိပါက နကၡတ္ေဗဒင္ပညာရပ္၊ မႏၲန္၊အင္းအိုင္ပညာရပ္စသည့္ လွ်ိဳ႕ဝွက္ဆန္းက်ယ္ပညာရပ္မ်ား၊ ဂိုဏ္စဥ္ပညာရပ္တို႔တြင္ ထူးျခားထြန္းေပါက္မည့္ သူျဖစ္သည္။

ၾကာသာပေတးၿဂိဳဟ္ခုံတြင္ပါရွိပါက ပညာတတ္ျခင္း၊ရာထူး၊ဘြဲ႕ထူးမ်ားရွိျခင္း ႏွင့္ ႏိုင္ငံေရးၾသဇာရွိျခင္းကို ေဖာ္ျပသည္။

အဂၤါၿဂိဳဟ္ခုံတြင္ပါရွိပါက စစ္ေရးဗ်ဴဟာေကာင္းသူ၊ရဲစြမ္းသတၱိရွိသူျဖစ္မည္။ ခြဲစိတ္ပါရဂူႀကီးလည္းျဖစ္တတ္ သည္။ ေကာင္းေသာအမွတ္သားတစ္ခုျဖစ္သည္။

၆။ၾကက္ေျခအမွတ္အသား။ ။

မေကာင္းေသာအမွတ္အသားအျဖစ္ယူဆၾကေသာ္လည္း ၾကက္ေျခအမွတ္အသား တည္ရွိရာေနရာႏွင့္ အလြန္သက္ဆိုင္ေပသည္။

ေမွာ္ၾကက္ေျခသည္လကၡဏာပညာတြင္ ထင္ရွားေသာ ၾကက္ေျချဖစ္ၿပီး ၾကာသာပေတးၿဂိဳဟ္ခုံရွိၾကက္ေျခသည္ ေကာင္းေသာအမွတ္အသားျဖစ္သည္။

လက္ေကာက္ရစ္အေပၚတြင္တည္ရွိ ေသာၾကက္ေျခသည္ ထီေပါက္ျခင္း၊ထီေပါက္သကဲ့သို႔ ေငြရျခင္းႏွင့္ သက္ဆိုင္လွ်က္ရွိသည္။ က်န္ေနရာမ်ားတြင္ ပါရွိေသာ ၾကက္ေျခအမွတ္အသားမွာ ပ်က္စီးျခင္း၊ကံဆိုးျခင္းကိုသာေပးတတ္သည္။

စေနၿဂိဳဟ္ခုံတြင္ ပါရွိေသာ ၾကက္ေျခသည္ ေသဒဏ္စီရင္ခံရျခင္းႏွင့္္ ပါတ္သက္ေနၿပီး ရာဇဝတ္မႈ႕ႏွင့္ပါတ္သက္ေလသည္။ေသာၾကာၿဂိဳဟ္ခုံရွိၾကက္ေျခသည္ ဆန္႔က်င္ဘက္လိင္ေၾကာင့္ ေၾကကြဲဖြယ္အျဖစ္ဆိုးမ်ားႏွင့္ ရင္ဆိုင္ရျခင္း၊

လိင္မွကူးစက္တတ္ေသာေရာဂါတို႔ေၾကာင့္ ေသေၾကပ်က္စီးရျခင္းတို႔ႏွင့္ သက္ဆိုင္ေနတတ္ေပသည္။ အဂၤါၿဂိဳဟ္(ဖို) တြင္ ပါရွိေသာၾကက္ေျခသည္ ေသနတ္ထိမွန္ေသဆုံးျခင္း၊ တိုက္ပြဲတြင္ဒဏ္ရာျပင္ထန္ရရွိျခင္းကို ျပေလသည္။

ဗုဒၶဟူးၿဂိဳဟ္ခုံၾကက္ေျခပါရွိသူသည္ လူလိမ္ျဖစ္ျခင္း၊ မျဖစ္ခ်င္ေသာ္လည္း အေျခအေနအရ လိမ္လည္မိျခင္းမ်ားျဖစ္တတ္သည္။

တနလၤာၿဂိဳဟ္ခုံတြငင္ ပါရွိပါက ဆီးေရာဂါ၊ သားအိမ္ကင္ဆာတို႔ျဖစ္တတ္ၿပီး စိတ္ပိုင္းဆိုင္ရာ အားနည္းကာ ေရထဲခုံခ်ၿပီး မိမိကိုယ္အဆုံးစီရင္တတ္သည္ အထိ ျဖစ္တတ္ေသာ အမွတ္အသားျဖစ္သည္။

၇။ခရင္းခြ။ ။

ခရင္းခြသည္ သက္ဆိုင္ရာလမ္းေၾကာင္းႏွင့္ ၿဂိဳဟ္ခုံတို႔၏အားကို ပိုမိုေကာင္းမြန္ေစရန္ တြန္းအားေပးတဲ့ အမွတ္အသားတစ္ခုျဖစ္တယ္။ ဒါေပမယ့္ အခ်ိဳ႕ေသာလမ္းေၾကာင္းေတြရဲ႕ ထိပ္ပိုင္းမွာ ခရင္းခြနဲ႔ ဆုံးတာမေကာင္းတာမ်ိဳးရွိပါတယ္။

အိမ္ေထာင္ေရးလမ္းေၾကာင္းမွာ ခရင္းခြပါေနတာမ်ိဳးနဲ႔ အသက္လမ္းေၾကာင္းမွာ ခရင္းခနဲ႔ စတင္တာ၊အဆုံးသတ္တာမ်ိဳးေတြဟာ ေကာင္းတဲ့ အခ်က္ေတြ မဟုတ္ပါဘူး။ဦးေခါင္းလမ္းေၾကာင္းဟာ ခရင္းခြပုံနဲ႔ အဆုံးသတ္တာ၊

ကံလမ္းေၾကာင္း၊ေအာင္ျမင္ေရးလမ္းေၾကာင္းေတါ ခရင္းခြနဲ႔ အဆုံးသတ္တာေတြအမ်ားႀကီးရွိပါတယ္။ ၿဂိဳဟ္ခုံတစ္ခုခုေပၚမွာ ခရင္းခြပုံစံအမွတ္အသားေလးေတြရွိတတ္ၿပီး သက္ဆိုရာၿဂိဳဟ္ခုံရဲ႕ ပရိယယ္နဲ႔ ခ်င့္ခ်ိန္ၾကည့္ရတာျဖစ္တယ္။

၈။ရာဇမတ္ကြက္။ ။

အခ်ိဳ႕ေသာ က်မ္းမ်ားတြင္ သံဇကာကြက္ဟုတ္လည္းေခၚသည္၊ဤအမွတ္အသားသည္ လည္း ေကာင္းက်ိဳးမေပးေသာ အမွတ္အသားပင္ျဖစ္သေည။သူတည္ရွိရာ ေနရာၿဂိဳဟ္ခုံတို႔ကိုလိုက္ၿပီး ေကာင္းက်ိဳးဆိုးျပစ္ကို ေပးတတ္ေလသည္။

aသာၾကာၿဂိဳဟ္ခုံတြင္ ထင္ရွားေသာ ဇာကာကြက္ပါရွိပါက ဆန္႔က်င့္ဘက္လိင္တို႔၏ အားေပးျခင္း၊ ခ်စ္ျခင္းကို ရရွိတတ္သည္၊သို႔ေသာ္လည္း ထိုဆန္႔က်င္ဘက္လိင္တို႔ေၾကာင့္ ရာဇဝတ္မႈ႕ျဖစ္ျခင္းႏွင့္ ရင္ဆိုင္ရတတ္ေပသည္။

စေနၿဂိဳဟ္ခုံတြင္ ပါရွိပါက ေထာင္က်ျခင္းကိုျဖစ္ေစတတ္သည္၊ တနဂၤေႏြၿဂိဳဟ္ခုံတြင္ပါရွိပါက ဘဝ၏ေအာင္ျမင္ျခင္း၊ ေက်ာ္ၾကားျခင္းတို႔သည္ စိတ္ကူးေလာက္ႏွင့္သာ ေၾကနပ္ရေပလိမ့္မည္။ လက္ေတြဘာမွမျဖစ္ထြန္းတတ္ေပ။

၉။ၾကယ္။ ။

ဒီအမွတ္အသားကေတာ့ လက္ဖဝါျပင္ဖတ္အတတ္ပညာမွာ အလြန္အေရးႀကီးတဲ့ အမွတ္အသားတစ္ခုျဖစ္တယ္။ လကၡဏာရွင္ရဲ႕ ဘဝတစ္ေလွ်ာက္လုံးအတြက္ ေကာင္းျခင္းဆိုးျခင္းကိုဖန္ဆီရာမွာ အလြန္အေရးပါတဲ့ အမွတ္အသားျဖစ္တယ္၊

ေအာက္ေျခမွာ အျမင့္ဆုံးအေျခအေနအထိ တြန္းပို႔ႏိုင္သလို အျမင္ဆုံးအေျခအေနမွ ေအာက္ေျခအထိလည္း ဆြဲခ်တတ္တဲ့ အမွတ္အသားျဖစ္ပါတယ္။

အမ်ားအားျဖင့္ ေကာင္းတဲ့ အမွတ္လကၡဏာျဖစ္ေပမယ့္ ၾကယ္တည္ရွိတဲ့ ၿဂိဳဟ္ခုံေပၚမူတည္ပါတယ္။ ၾကာသာပေတးၿဂိဳဟ္ခုံမွာပါရင္ ႐ုတ္တရက္ ႀကီးပြားတိုးတက္တာ၊ေက်ာက္ေအာင္တာမ်ိဳး၊

ရာထူးပိုင္းဆိုင္ရာေျပာရရင္ တစ္ဆင္ျမင့္ရာထူးကို တိုက္႐ိုက္ခံအပ္ခံရတာမ်ိဳး ေတြျဖစ္ႏိုင္တယ္။စေနၿဂိဳဟ္ခုံမွာပါရင္ေတာ့ အစပိုင္းမွာေအာင္ျမင္မႈ႕ေတြဆက္တိုက္ရရွိၿပီး အဆုံးသတ္မွာ အားလုံးပ်က္စီး က်ဆုံးရတာမ်ိဳးပါ။

ဗုဒၶဟူးၿဂိဳဟ္ခုံမွာပါရင္ေတာ့ သိပၸံပညာရွင္၊စူးစမ္းေလ့လာသူ၊ သုေတသနပညာရွင္ေတြျဖစ္ ပါလိမ့္မယ္၊ ကုန္သြယ္ေရးလုပ္ငန္းနဲ႔လည္း ခ်မ္းသာမယ့္သူပါ။ တစ္ျခားၿဂိဳဟ္ခုံေတြနဲ႔ လမ္းေၾကာင္းေတြမွာပါတဲ့ ၾကယ္အမွတ္အသားေတြရဲ႕ ေဟာခ်က္ေတြကလည္း မ်ားစြာရွိပါေသးတယ္။

အခုတင္ျပတာကေတာ့ လက္ေတြလကၡဏာေဟာေျပာမႈ႕သက္တမ္းမွာ အလြန္အေတြ႕မ်ားတဲ့ အဓိပၸါယ္ျပည့္ဝေသာ လက္ဖဝါးျပင္မွာ ထူးျခားအမွတ္အသားမ်ားကို အက်င္းခ်ဳပ္တင္ျပရတာျဖစ္ပါတယ္။

ဒီအမွတ္အသားေတြရဲ႕ အက်ယ္တစ္ပြင့္ ဖြင့္ဆိုခ်က္ေတြျဖစ္တဲ့ ဘယ္လိုလက္ပုံစံမွာ ဘယ္လိုအားမ်ိဳးရွိတဲ့ ၿဂိဳဟ္ခုံပိုင္ရွင္ရဲ႕ ဘယ္ေနရာမွာ ဘယ္အမွတ္အသားပါရင္ ဘာျဖစ္မယ္ဆိုတာေတြရွိပါေသးတယ္။

အခ်ိဳ႕ေသာ လကၡဏာက်မ္းမ်ားမွာ ေဖာ္ျပေနတဲ့ ထူးျခားအမွတ္အသားမ်ားအျဖစ္ နကၡတ္၂၇ ရဲ႕ ႐ုပ္ပုံ႑ာန္ရွိေသာ အမွတ္အသားမ်ား၊ရာသီ႐ုပ္ပုံအမွတ္ အသားမ်ား စသည္

တို႔ဟာ အမွန္မွာ စိတ္ကူးယဥ္ေရးသားခ်က္ေတြသာျဖစ္တယ္၊ ကြၽႏ္ုပ္လကၡဏာေဟာေျပာမႈ႕သက္တမ္းတြင္ တစ္ႀကိမ္တစ္ခါမွ် မေတြ႕ဖူးခဲ့ပါ။

ကြၽႏ္ု္ပ္၏ဆရာႀကီးအပါအဝင္ မိတ္ေဆြလကၡဏာဆရာမ်ားလည္း သူတို႔သက္တမ္းတစ္ ေလွ်ာက္မေတြ႕ဖူးၾကပါဘူး။ အခုကြၽႏ္ုပ္တင္ျပတဲ့ အမွတ္အသားေတြသာ ေတြ႕ရတာျဖစ္ၿပီး အမွတ္တစ္ကယ္လည္း လူ႔ဘဝကို စိုးမိုးၾကပါေၾကာင္း တင္ျပရပါတယ္။

ကကၤသူ

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box