Facebook Comments Box
အသက်လမ်းကြောင်းနှင့် ဘဝအောင်မြင်ခြင်းအတွက် ဝိရိယ၏ အကျိုးကျေးဇူးများ

အသက်လမ်းကြောင်းနှင့် ဘဝအောင်မြင်ခြင်းအတွက် ဝိရိယ၏ အကျိုးကျေးဇူးများ

“အကျိုးစီးပွား အလုံးစုံရရေးအတွက် ပဓနအကျဆုံး၊အရေးအကြီးဆုံး အကြောင်းတရားတစ်ခုကို ပုဒ်တစ်ခုတည်းနဲ့ အတိုဆုံးဟောကြားပေးပါ” လို့ လူငယ်လေးတစ်ဦးက မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကို လျှောက်ထားတဲ့အခါ မြတ်ဗုဒ္ဓက “ အကျိုးစီးပွား အလုံးစုံကို သိမ်းကျုံးမိတဲ့ အကျိုးစီးပွားဖြစ်ကြောင်းပုဒ်ကတော့ ဝီရိယ ဖြစ်တယ်” လို့ မိန့်တော်မူခဲ့ပါတယ်။ ဒါကြောင့် လူ့လောကမှာ အလုံးစုံသော အကျိုးစီးပွားဖြစ်စေတဲ့ အဓိက အခြေခံအကြောင်းတရားဟာ ဝီရိယ ဖြစ်နေတာကြောင့် အကျိုးစီးပွားကို လိုလားသူတိုင်းဟာ ဝီရိယစိုက်ထုတ်ခြင်းဖြင့် အောင်မြင်ကြရမှာဘဲဖြစ်တယ်။ လက္ခဏာပညာရပ်မှာ ဝီရိယနဲ့ပါတ်သက်တဲ့ အကြောင်းတရားကို လေ့လာတဲ့အခါ လက်ပုံစံ၊ဂြိုဟ်ခုံအနေအထားတွေကို စုံနေအောင် လေ့လာကြည့်ရတာဖြစ်ပေမယ့်လည်း အဓိကအားဖြင့်တော့ အသက်လမ်းကြောင်းကို ကြည့်ရတာဖြစ်တယ်။ လူတစ်ယောက်အတွက် အသက်လမ်းကြောင်းရဲ့ သန်မာခြင်းတွေက အဲဒီလူရဲ့ ဝီရိယအကြောင်းတရားတွေဖြစ်လို့ ဝီရိယအားကောင်းတဲ့သူအတွက် အလုံးစုံအကျိုးစီးပွားဟာလည်း လက်တစ်ကမ်းမှာဘဲ ဖြစ်တယ်။

အသက်လမ်းကြောင်းဟာ လူတစ်ယောက်အသက်ရှင်နေထိုင်ရှင်သန်ရေး၊ကျန်းမာရေးနဲ့ပါတ်သက်တဲ့ ကိစ္စရပ်တွေကို ဖော်ပြနေသလို လက္ခဏာရှင်ရဲ့ ဝီရိယစိုက်ထုတ်နိုင်မှု့၊ဇွဲရှိမှု့နဲ့ ကြံခိုင်မှု့တို့ကိုလည်း ပြနေတာဖြစ်တယ်။ အသက်လမ်းကြောင်းကောင်းမွန်မှ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး ဝီရိယလည်း စိုက်ထုတ်နိုင်မှာဖြစ်တယ်။ အသက်လမ်းကြောင်းအားနည်းသူတွေဟာ တွေဝေနေတတ်တယ်လို့ ကျမ်းတစ်စောင်ကဖော်ပြတယ်။ လောကမှာ အလုပ်တစ်ခုဖြစ်ဖို့ အောင်မြင်ဖို့ဆိုရင် တွေဝေနေတာတွေရပ်ဖို့အဓိကဖြစ်တယ်။ တွေဝေခြင်းတွေမရှိဘဲ မှန်ကန်တဲ့ဆုံးဖြတ်ချက် ချနိုင်ပြီဆိုရင် ဆုံးဖြတ်ချက်အတိုင်း တစ်စိုက်မတ်မတ် ဝိရိယအားစိုက် လုပ်ဆောင်နိုင်ရင် အောင်မြင်မှာဖြစ်တယ်။ဒါကြောင်း အဖျက်မှတ်တွေကင်းပြီး သေးနက်ထင်ရှားအရောင်တောက်တဲ့ အသက်လမ်းကြောင်းကောင်းကို ပိုင်ဆိုင်တဲ့သူတွေဟာ တွေဝေမနေဘဲ ဇွဲရှိရှိလုပ်ငန်းတွေကို လုပ်ဆောင်ကြလို့ ထိပ်ဆုံးကို ရောက်ကြတာ လက္ခဏာသုတေသီတွေ အသိဘဲ ဖြစ်မှာပါ။

လောကရဲ့ ထုံးစံများဖြစ်တဲ့ မအောင်မြင်ခင်၊လိုရာကိုမရောက်ခင်မှာ စိတ်ပျက်စရာတွေကြုံတွေ့ရတတ်ပါတယ်၊ လူတွေဟာ မအောင်မြင်သေးတဲ့သူကို အထင်သေးကြတယ်၊အပေါင်းအဖော်မရှိဖြစ်မယ်၊မအောင်မြင်အောင်လည်း မနာလိုစိတ်နဲ့ လိုက်ဖျက်တတ်ကြတယ်၊အောင်မြင်ပြီးသူကလည်း သူ့ကို ပခုံးယှင်လာမယ့်သူကို နည်းအမျိုးမျိုးနဲ့ ဖယ်ရှားလိုတယ်၊တစ်ကယ်လို့ ကြိုးစားနေတဲ့အချိန် ခြေချော်လက်ချော်ဖြစ်လို့ အနည်းငယ်နိမ့်ပါးသွားတဲ့အခါမှာလည်း မိမိကိုစွန့်ခွာတတ်ကြတယ်၊ မကောင်းပြောတတ်တယ်၊ မဆက်ဆံချင်ကြဘူး၊အပြစ်ဆိုကြတယ်၊ကဲ့ရဲကြတယ်၊ ဒီလိုအခြေအနေတွေဖြစ်ပေါ်တဲ့အခါ ဇွဲလျှော့ပြီး ဆက်မကြိုးစားခဲ့ရင် မိမိလုပ်ဆောင်လာတဲ့ အရာဟာ ကျဆုံးသွားတတ်တာပါဘဲ။ လက္ခဏာပညာမှာ ဒီလို ဇွဲနဲ့ကြိုးစားနေချိန်မှာ အသက်လမ်းကြောင်းကို မကောင်းတဲ့ အဖျက်မှတ်လေးတစ်ခု ဖြတ်လိုက်တဲ့အခါ ဝီရိယတွေကျဆင်းပြီး စိတ်ဓါတ်ကျသွားတတ်ပါတယ်၊ ဒါပေမယ့် အဲဒီအဖျက်မှတ်ကိုကျော်လွန်ချိန်မှာ အောင်မြင်ခြင်းတွေရရှိမှာဖြစ်တယ်။ အသက်လမ်းကြောင်းပေါ်က အဖျက်မှတ်လေးကို ဖြတ်နေချိန် ကြုံတွေ့ရတဲ့ ကျဆုံးခြင်းတွေဟာ လူ့လောက သဘာဝအရ လောကဓံသာဖြစ်ပြီး ဇွဲ၊ဝိရိယနဲ့ ကြံကြံခံနိုင်ရပါမယ်။ ဒီလိုအချိန်မှာ ကိုယ်တိုင်က တောင်မခံနိုင်ဘဲ စိတ်လျှော့လိုက်ရင် မိမိအမှားသားဖြစ်တတ်ပြီး သူတပါးဝမ်းသာကြမှာပါ။ဒီလိုဇွဲ၊လုံးလ၊ဝိရိယတွေ ကျဆင်းစေတဲ့ အချက်မှတ်က မိမိရဲ့ ဘယ်အသက်အရွယ်မှာ ဖြစ်ပေါ်တတ်သလည်းဆိုတာကိုတော့ အသက်လမ်းကြောင်းကို ကောင်းစွာစနစ်တကျ တိုင်းထွာစစ်ဆေးခြင်းဖြင့် သိနိုင်ပါတယ်။

ဇွဲ၊လုံးလ၊ဝီရိယနဲ့ ပါတ်သက်လာရင် အသက်လမ်းကြောင်းဟာ အလွန်အရေးပါတယ်။ အပြားထူးနေတဲ့ အသက်လမ်းကြောင်းပိုင်ရှင်ဟာ ဝီရိယ အလွန်အားကောင်းတာမဟုတ်ပါဘူး၊ ကျန်းမာရေးကောင်းပေမယ့် အလွန်ပင်ပန်းတဲ့ အလုပ်မျိုးကို လုပ်ကိုင်ရတတ်တာကိုပြတယ်၊အသက်လမ်းကြောင်း အလွန်ပါးလျာ၊မထင်ရှား၊မှေးမှိင်နေရင်တော့ ကျန်းမာရေးညံ့တတ်တယ်၊ ဝီရိယမရှိဘူး၊ ပျင်းနေတတ်တယ်၊ တစ်ခုခုကို ချက်ခြင်းထမလုပ်လိုဘူး၊ သူတပါး ထလုပ်လို့ အောင်မြင်တဲ့အခါမှ ငါ့မှာလည်း ဒီစိတ်ကူးက ရှိပါတယ် လို့ ပြောတတ်တဲ့ လူစားမျိုးဖြစ်သွားတတ်ပါတယ်။ တစ်ကယ်တော့ အသက်လမ်းကြောင်းဟာ အဖျက်မှတ်တွေကင်းပြီး သေးသွယ်ထင်ရှားပြီး စိုနေတဲ့ အရောင်အသွေးရှိဖို့လိုပါတယ်။ ဒီလိုအသက်လမ်းကြောင်းကောင်းကို ပိုင်ဆိုင်တဲ့သူဖြစ်နေခဲ့ရင် ဝီရိယအကျိုးကို သေချာပေါက် ခံစားရမှာဖြစ်တယ်၊ ကံလမ်းကြောင်းနဲ့ ဦးခေါင်းလမ်းကြောင်းတွေကလည်း ကောင်းမွန်ခဲ့မယ်ဆိုရင်တော့ အလွန်ထင်ရှားတဲ့ အောင်မြင်သူတစ်ဦးဖြစ်မှာပါဘဲ။ လက္ခဏာကို အသေးစိတ်စစ်ဆေးဖို့တော့ လိုပါတယ်။

ကံရဲ့အထောက်အပံ့တွေအရမ်းကောင်းသူ၊ညဏ်ပညာရဲ့ အထောက်အပံ့တွေ အလွန်ကောင်းမွန်သူဖြစ်ပါစေ၊ ဇွဲမရှိသူ၊ဝီရိယအားနည်းသူဖြစ်ရင် တိုးတက်အောင်မြင်မှု့ဟာ ထင်သလောက်မဖြစ်ဘဲ ရှိတတ်သလို ၊ ကံအထောက်အပံ့ကြောင့်ရရှိတဲ့ ဥစ္စဆိုတာကလည်း အချိန်တစ်ခုမှာ ပျက်စီးသွားခဲ့မယ်ဆိုရင် လက္ခဏာရှင်အတွက် ကောင်းကျိုးတွေ နည်းသွားမှာဖြစ်တယ်။ ဒါကြောင့် အောင်မြင်ခြင်းရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ ဝီရိယအကျိုးကို ပြတဲ့ အသက်လမ်းကြောင်းကောင်းမွန်ခြင်းဟာ လက္ခဏာရှင်အတွက် ဘဝတစ်သက်တာ အောင်မြင်ခြင်းကို ခိုင်မြဲစေတဲ့ အမှတ်အသားကောင်းတစ်ခု ဖြစ်တယ်ဆိုတာကို တင်ပြလိုက်ရပါတယ်။

ဆရာကင်္ကသူ

အသက္လမ္းေၾကာင္းႏွင့္ ဘဝေအာင္ျမင္ျခင္းအတြက္ ဝိရိယ၏ အက်ိဳးေက်းဇူးမ်ား

“အက်ိဳးစီးပြား အလုံးစုံရေရးအတြက္ ပဓနအက်ဆုံး၊အေရးအႀကီးဆုံး အေၾကာင္းတရားတစ္ခုကို ပုဒ္တစ္ခုတည္းနဲ႔ အတိုဆုံးေဟာၾကားေပးပါ” လို႔ လူငယ္ေလးတစ္ဦးက ျမတ္စြာဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီးကို ေလွ်ာက္ထားတဲ့အခါ ျမတ္ဗုဒၶက “ အက်ိဳးစီးပြား အလုံးစုံကို သိမ္းက်ဳံးမိတဲ့ အက်ိဳးစီးပြားျဖစ္ေၾကာင္းပုဒ္ကေတာ့ ဝီရိယ ျဖစ္တယ္” လို႔ မိန႔္ေတာ္မူခဲ့ပါတယ္။ ဒါေၾကာင့္ လူ႔ေလာကမွာ အလုံးစုံေသာ အက်ိဳးစီးပြားျဖစ္ေစတဲ့ အဓိက အေျခခံအေၾကာင္းတရားဟာ ဝီရိယ ျဖစ္ေနတာေၾကာင့္ အက်ိဳးစီးပြားကို လိုလားသူတိုင္းဟာ ဝီရိယစိုက္ထုတ္ျခင္းျဖင့္ ေအာင္ျမင္ၾကရမွာဘဲျဖစ္တယ္။ လကၡဏာပညာရပ္မွာ ဝီရိယနဲ႔ပါတ္သက္တဲ့ အေၾကာင္းတရားကို ေလ့လာတဲ့အခါ လက္ပုံစံ၊ၿဂိဳဟ္ခုံအေနအထားေတြကို စုံေနေအာင္ ေလ့လာၾကည့္ရတာျဖစ္ေပမယ့္လည္း အဓိကအားျဖင့္ေတာ့ အသက္လမ္းေၾကာင္းကို ၾကည့္ရတာျဖစ္တယ္။ လူတစ္ေယာက္အတြက္ အသက္လမ္းေၾကာင္းရဲ႕ သန္မာျခင္းေတြက အဲဒီလူရဲ႕ ဝီရိယအေၾကာင္းတရားေတြျဖစ္လို႔ ဝီရိယအားေကာင္းတဲ့သူအတြက္ အလုံးစုံအက်ိဳးစီးပြားဟာလည္း လက္တစ္ကမ္းမွာဘဲ ျဖစ္တယ္။

အသက္လမ္းေၾကာင္းဟာ လူတစ္ေယာက္အသက္ရွင္ေနထိုင္ရွင္သန္ေရး၊က်န္းမာေရးနဲ႔ပါတ္သက္တဲ့ ကိစၥရပ္ေတြကို ေဖာ္ျပေနသလို လကၡဏာရွင္ရဲ႕ ဝီရိယစိုက္ထုတ္ႏိုင္မႈ႕၊ဇြဲရွိမႈ႕နဲ႔ ႀကံခိုင္မႈ႕တို႔ကိုလည္း ျပေနတာျဖစ္တယ္။ အသက္လမ္းေၾကာင္းေကာင္းမြန္မွ က်န္းမာေရးေကာင္းမြန္သူျဖစ္ၿပီး ဝီရိယလည္း စိုက္ထုတ္ႏိုင္မွာျဖစ္တယ္။ အသက္လမ္းေၾကာင္းအားနည္းသူေတြဟာ ေတြေဝေနတတ္တယ္လို႔ က်မ္းတစ္ေစာင္ကေဖာ္ျပတယ္။ ေလာကမွာ အလုပ္တစ္ခုျဖစ္ဖို႔ ေအာင္ျမင္ဖို႔ဆိုရင္ ေတြေဝေနတာေတြရပ္ဖို႔အဓိကျဖစ္တယ္။ ေတြေဝျခင္းေတြမရွိဘဲ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ ခ်ႏိုင္ၿပီဆိုရင္ ဆုံးျဖတ္ခ်က္အတိုင္း တစ္စိုက္မတ္မတ္ ဝိရိယအားစိုက္ လုပ္ေဆာင္ႏိုင္ရင္ ေအာင္ျမင္မွာျဖစ္တယ္။ဒါေၾကာင္း အဖ်က္မွတ္ေတြကင္းၿပီး ေသးနက္ထင္ရွားအေရာင္ေတာက္တဲ့ အသက္လမ္းေၾကာင္းေကာင္းကို ပိုင္ဆိုင္တဲ့သူေတြဟာ ေတြေဝမေနဘဲ ဇြဲရွိရွိလုပ္ငန္းေတြကို လုပ္ေဆာင္ၾကလို႔ ထိပ္ဆုံးကို ေရာက္ၾကတာ လကၡဏာသုေတသီေတြ အသိဘဲ ျဖစ္မွာပါ။

ေလာကရဲ႕ ထုံးစံမ်ားျဖစ္တဲ့ မေအာင္ျမင္ခင္၊လိုရာကိုမေရာက္ခင္မွာ စိတ္ပ်က္စရာေတြႀကဳံေတြ႕ရတတ္ပါတယ္၊ လူေတြဟာ မေအာင္ျမင္ေသးတဲ့သူကို အထင္ေသးၾကတယ္၊အေပါင္းအေဖာ္မရွိျဖစ္မယ္၊မေအာင္ျမင္ေအာင္လည္း မနာလိုစိတ္နဲ႔ လိုက္ဖ်က္တတ္ၾကတယ္၊ေအာင္ျမင္ၿပီးသူကလည္း သူ႔ကို ပခုံးယွင္လာမယ့္သူကို နည္းအမ်ိဳးမ်ိဳးနဲ႔ ဖယ္ရွားလိုတယ္၊တစ္ကယ္လို႔ ႀကိဳးစားေနတဲ့အခ်ိန္ ေျခေခ်ာ္လက္ေခ်ာ္ျဖစ္လို႔ အနည္းငယ္နိမ့္ပါးသြားတဲ့အခါမွာလည္း မိမိကိုစြန႔္ခြာတတ္ၾကတယ္၊ မေကာင္းေျပာတတ္တယ္၊ မဆက္ဆံခ်င္ၾကဘူး၊အျပစ္ဆိုၾကတယ္၊ကဲ့ရဲၾကတယ္၊ ဒီလိုအေျခအေနေတြျဖစ္ေပၚတဲ့အခါ ဇြဲေလွ်ာ့ၿပီး ဆက္မႀကိဳးစားခဲ့ရင္ မိမိလုပ္ေဆာင္လာတဲ့ အရာဟာ က်ဆုံးသြားတတ္တာပါဘဲ။ လကၡဏာပညာမွာ ဒီလို ဇြဲနဲ႔ႀကိဳးစားေနခ်ိန္မွာ အသက္လမ္းေၾကာင္းကို မေကာင္းတဲ့ အဖ်က္မွတ္ေလးတစ္ခု ျဖတ္လိုက္တဲ့အခါ ဝီရိယေတြက်ဆင္းၿပီး စိတ္ဓါတ္က်သြားတတ္ပါတယ္၊ ဒါေပမယ့္ အဲဒီအဖ်က္မွတ္ကိုေက်ာ္လြန္ခ်ိန္မွာ ေအာင္ျမင္ျခင္းေတြရရွိမွာျဖစ္တယ္။ အသက္လမ္းေၾကာင္းေပၚက အဖ်က္မွတ္ေလးကို ျဖတ္ေနခ်ိန္ ႀကဳံေတြ႕ရတဲ့ က်ဆုံးျခင္းေတြဟာ လူ႔ေလာက သဘာဝအရ ေလာကဓံသာျဖစ္ၿပီး ဇြဲ၊ဝိရိယနဲ႔ ႀကံႀကံခံႏိုင္ရပါမယ္။ ဒီလိုအခ်ိန္မွာ ကိုယ္တိုင္က ေတာင္မခံႏိုင္ဘဲ စိတ္ေလွ်ာ့လိုက္ရင္ မိမိအမွားသားျဖစ္တတ္ၿပီး သူတပါးဝမ္းသာၾကမွာပါ။ဒီလိုဇြဲ၊လုံးလ၊ဝိရိယေတြ က်ဆင္းေစတဲ့ အခ်က္မွတ္က မိမိရဲ႕ ဘယ္အသက္အ႐ြယ္မွာ ျဖစ္ေပၚတတ္သလည္းဆိုတာကိုေတာ့ အသက္လမ္းေၾကာင္းကို ေကာင္းစြာစနစ္တက် တိုင္းထြာစစ္ေဆးျခင္းျဖင့္ သိႏိုင္ပါတယ္။

ဇြဲ၊လုံးလ၊ဝီရိယနဲ႔ ပါတ္သက္လာရင္ အသက္လမ္းေၾကာင္းဟာ အလြန္အေရးပါတယ္။ အျပားထူးေနတဲ့ အသက္လမ္းေၾကာင္းပိုင္ရွင္ဟာ ဝီရိယ အလြန္အားေကာင္းတာမဟုတ္ပါဘူး၊ က်န္းမာေရးေကာင္းေပမယ့္ အလြန္ပင္ပန္းတဲ့ အလုပ္မ်ိဳးကို လုပ္ကိုင္ရတတ္တာကိုျပတယ္၊အသက္လမ္းေၾကာင္း အလြန္ပါးလ်ာ၊မထင္ရွား၊ေမွးမွိင္ေနရင္ေတာ့ က်န္းမာေရးညံ့တတ္တယ္၊ ဝီရိယမရွိဘူး၊ ပ်င္းေနတတ္တယ္၊ တစ္ခုခုကို ခ်က္ျခင္းထမလုပ္လိုဘူး၊ သူတပါး ထလုပ္လို႔ ေအာင္ျမင္တဲ့အခါမွ ငါ့မွာလည္း ဒီစိတ္ကူးက ရွိပါတယ္ လို႔ ေျပာတတ္တဲ့ လူစားမ်ိဳးျဖစ္သြားတတ္ပါတယ္။ တစ္ကယ္ေတာ့ အသက္လမ္းေၾကာင္းဟာ အဖ်က္မွတ္ေတြကင္းၿပီး ေသးသြယ္ထင္ရွားၿပီး စိုေနတဲ့ အေရာင္အေသြးရွိဖို႔လိုပါတယ္။ ဒီလိုအသက္လမ္းေၾကာင္းေကာင္းကို ပိုင္ဆိုင္တဲ့သူျဖစ္ေနခဲ့ရင္ ဝီရိယအက်ိဳးကို ေသခ်ာေပါက္ ခံစားရမွာျဖစ္တယ္၊ ကံလမ္းေၾကာင္းနဲ႔ ဦးေခါင္းလမ္းေၾကာင္းေတြကလည္း ေကာင္းမြန္ခဲ့မယ္ဆိုရင္ေတာ့ အလြန္ထင္ရွားတဲ့ ေအာင္ျမင္သူတစ္ဦးျဖစ္မွာပါဘဲ။ လကၡဏာကို အေသးစိတ္စစ္ေဆးဖို႔ေတာ့ လိုပါတယ္။

ကံရဲ႕အေထာက္အပံ့ေတြအရမ္းေကာင္းသူ၊ညဏ္ပညာရဲ႕ အေထာက္အပံ့ေတြ အလြန္ေကာင္းမြန္သူျဖစ္ပါေစ၊ ဇြဲမရွိသူ၊ဝီရိယအားနည္းသူျဖစ္ရင္ တိုးတက္ေအာင္ျမင္မႈ႕ဟာ ထင္သေလာက္မျဖစ္ဘဲ ရွိတတ္သလို ၊ ကံအေထာက္အပံ့ေၾကာင့္ရရွိတဲ့ ဥစၥဆိုတာကလည္း အခ်ိန္တစ္ခုမွာ ပ်က္စီးသြားခဲ့မယ္ဆိုရင္ လကၡဏာရွင္အတြက္ ေကာင္းက်ိဳးေတြ နည္းသြားမွာျဖစ္တယ္။ ဒါေၾကာင့္ ေအာင္ျမင္ျခင္းရဲ႕ အေျခခံအက်ဆုံးျဖစ္တဲ့ ဝီရိယအက်ိဳးကို ျပတဲ့ အသက္လမ္းေၾကာင္းေကာင္းမြန္ျခင္းဟာ လကၡဏာရွင္အတြက္ ဘဝတစ္သက္တာ ေအာင္ျမင္ျခင္းကို ခိုင္ၿမဲေစတဲ့ အမွတ္အသားေကာင္းတစ္ခု ျဖစ္တယ္ဆိုတာကို တင္ျပလိုက္ရပါတယ္။

ဆရာကကၤသူ

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box