Facebook Comments Box
6.5.2021 မှ 12.5.2021 အထိ တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း

6.5.2021 မှ 12.5.2021 အထိ တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ
ဒီအပတ်အတွင်းမှာ ဘာပဲဖြစ်ဖြစ်စိတ်ချမ်းသာစရာတွေ များနေတတ်ပါတယ်။ အကြီးအကဲတွေရဲ့ ချစ်ခင်မှု ကူညီထောက်ပံ့မှုတွေလဲရလွယ်နေတတ်ပါတယ်။ ကျန်းမာရေးကလဲ ဒီကာလမှာ သိပ်ပြီးဆိုးဆိုးရွားရွားမဖြစ်နိုင်ပါ ဘူးဗျ။ကျန်းမာရေးကောင်းနေလိမ့်မယ်။ လူငယ်လူရွယ်များ စန်းအားတွေကောင်းနေတတ်တယ်။ဝေးကွာနေတဲ့ချစ် သူနဲ့ဖြစ်စေ၊ ရည်းစားဟောင်းနဲ့ဖြစ်စေ ပြန်ဆုံဆည်းခွင့်ရလွယ်တဲ့ကာလပါပဲ။ မထင်မှတ်ပဲ သင်တန်းတစ်ခု တတ်ဖြစ် တာ၊ အလှူအတန်းကိစ္စတစ်ခု၊ ဘာသာရေးကိစ္စတွေ လုပ်ဖြစ်တာမျိုးတွေလည်း ကြုံရတတ်ပါသည်။ ဘယ်လောက်ပဲ ငွေတွေဝင်ဝင် မမြဲဘူးဖြစ်နေရတတ်ပါသည်။ ရှိပြီးသားပစ္စည်းတွေလည်း ထွက်သွားတတ်ပါသည်။ ကိုယ်ကအဆင် ပြေနေတော့မနာလိုသူများ၊ နှောက်ယှက်သူများလည်း အလွန်ပေါများနေပါလိမ့်မည်။ အထူးသဖြင့် ဆွေမျိုး၊ သားချင်း အရင်းအခြားများကြောင့် စိတ်ရှုတ်ထွေးနေရတဲ့ အချိန်အခါမျိုး ဖြစ်နေရတတ်ပါသည်။ အိမ်တွင်းရေး ကိစ္စ တွေမှာတော့ သားသမီးကိုအကြောင်းပြုပြီးပြဿနာတွေဖြစ်ရတတ်ပါတယ်။ ပညာရှာနေသူများ ပညာရဖို့ဝေးနေပါ သေးတယ်။ ခရီးကိစ္စများ အောင်မြင်မည်။ဒါပေမယ့် မိတ်ဆွေရင်းတွေ အရမ်းမယုံဖို့ ဒီကာလထဲ မှာချင်ပါတယ်။
အကျိုးပေးဂဏန်း ၁/၂/၈
အထူးဟော…. စိတ်ချမ်းသာစရာများနေမည်.
ယတြာ… ကြံရည် ဘုရားကပ်လှူပေးပါ

တနင်္လာ
ငွေကြေးကိစ္စ မှန်သမျှ ဒီအပတ်ထဲသတိနဲ့ယှဉ်ပြီးဆောင်ရွက်သွားစေချင်ပါတယ်။စပ်တူအလုပ်များ ထင်သလို အဆင်မပြေနိုင်သေးပါဘူး။ ရေလမ်းခရီးသွားခြင်းနှင့် မြစ်ချောင်းအင်းအိုင်တွေမှာ ရေကစားခြင်းများ ဒီကာလမှာ မလုပ်တာမကောင်းဆုံးပဲဖြစ်ပါတယ်။ အခြေချချင်တဲ့ကိစ္စတွေကတော့ ဒီကာလမှာ အဆင်ပြေလွယ်ပါတယ်။ ကံကောင်းတာက အခက်အခဲများတဲ့ ကာလဖြစ်ပေမယ့် အစစအရာရာကူညီပေးမဲ့ မိတ်ဆွေကောင်းတွေရှိနေတာက ဒီကာလအတွက်အားရစရာတစ်ခုပါပဲ။ ဝမ်းသာစရာ စာ၊ အဆက်အသွယ်နှင့် သတင်းစကားကောင်းများ ရောက်လာ ရတတ်ပါသည်။ပညာရေးကိစ္စ၊သင်တန်းကိစ္စတွေအခြေအနေကောင်းခြင်းများကြုံတွေ့ရမည်။ ဆရာကောင်း၊ သမား ကောင်းတွေလည်း တွေ့ရတတ်ပါသည်။ ယာမကာလုလင်များ ဒီကာလမှာလျှော့သောက်စေချင်ပါတယ်။ အရက်ကြောင့် ဆေးရုံ၊ဆေးခန်းရောက်ရတတ်ပါတယ်။ အခြားကျန်းမာ‌ရေးကတော့ အညံ့မရှိပါဘူး။အားနည်းချက် က အကူအညီရစရာရှိတာတွေမရနိုင်သလို့ မိမိရသင့်တဲ့အခွင့်အရေးတွေလဲ ကိုယ့်အလုပ်ခွင်မှာ ဆုံးရှုံးလွယ်ပါတယ်။ အချစ်ရေး၊အိမ်ထောင်ရေးတွေမှာ ပုံမှန်မဟုတ်တဲ့အနေအထားမျိုးပေါ်လာတတ်ပါတယ်။ ချစ်သူရှိလျက်နဲ့ နောက် အသစ်တွေ့တာမျိုးတွေ၊ အိမ်ထောင်သည်မှန်းသိလျက်နဲ့ ဇွတ်တိုးလာသူတွေကို သတိထားဖို့လိုပါတယ်။
အကျိုးပေးဂဏန်း….၁/၃/၀
အထူးဟော…ကံအညံ့အဆိုးများနေတယ်
ယတြာ…ပေါက်ဆီသုံးလုံး ဘုရားကပ်လှူပါ

အင်္ဂါ
အရေမရ အဖတ်မရ ကိစ္စတွေနဲ့ ဒီအပတ်အချိန်ကုန်သွားတတ်တယ်။ ဒါကြောင့်မို့ တစ်ခုခုကို အာရုံနှစ်ဖို့လုပ် ဖို့လိုပါတယ်။ ပျင်းရိစိတ်ကို ဖျောက်ပြီး တစ်ခုခုကိုပြီးအောင်လုပ်မယ်ဆိုတဲ့ စိတ်ကိုမွေးမြူသင့်တဲ့ကာလပါပဲ။ ငွေရှာ ရမခက်သလို…ငွေကိုလဲ လွယ်လွယ်သုံးနေမိတတ်ပါတယ်။ အိမ်ကိစ္စ၊ နေရာထိုင်ခင်းကိစ္စ အစီအစဉ်တွေလည်း လွဲချော်နေရတတ် ပါသည်။ မိတ်ရင်း၊ ဆွေရင်းများကလည်း အကောင်းမမြင် အထင်လွဲခြင်းများ ကြုံတွေ့နေရ တတ်ပါသည်။ အိမ်မကပ်ချင်ဘဲ ဖြစ်နေရတတ်ပါသည်။ လက်ရှိအလုပ်က ထွက်သွားချင်စိတ်တွေလည်း ပေါ်လာ တတ်ပါသည်။ နိုင်ငံရပ်ခြားကိစ္စတွေလည်း အဆင်ပြေအောင်မြင်မည်။ မလုပ်ချင်တဲ့ အလုပ်တွေ လုပ်ကိုင်နေရတာ၊ မသွားချင်တဲ့ခရီးတွေ သွားလာနေရတာတွေ ကြုံတွေ့နေရတတ်ပါသည်။ အထူးသဖြင့် မိန်းမတစ်ယောက် ဒုက္ခ ပေးလာရတတ်ပါသည်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ တစ်ဦးနှင့်တစ်ဦး အထင်အမြင်လွဲမှားတာတွေ ကြုံတွေ့ပြီးနောက် အဆင်ပြေအောင်မြင်သွားပါလိမ့်မည်။ လူလွတ်များစန်းအားအထူးကောင်းနေမယ်။ ပညာရေး ကိစ္စ၊ သင်တန်းကိစ္စတွေ အဆင်ပြေ အောင်မြင်နိုင်ပါသည်။ ဆီး၊ မျက်စိ၊ နှင့် ဝမ်းဗိုက်ပိုင်း ကျန်းမာရေး အညံ့များ ကြုံတွေ့နေရတတ်ပါသည်။
အကျိုးပေးဂဏန်း…၈/၆/၄
အထူးဟော…ကံသင့်တင့်ရုံပဲရှိပါတယ်
ယတြာ…သရက်သီးမှည့် ၁၀ စိပ်ခန့် ဘုရားကပ်လှူပါ

ဗုဒ္ဓဟူး/ရာဟု
ဒီတစ်ပတ်အတွင်း လုပ်လက်စအလုပ်တွေအပြင် အခြားအော်ဒါတွေလဲရလာတတ်ပါတယ်။လုပ်ငန်းစီးပွား တွေတိုးတတ်လာနိုင်ပါတယ်။ ကိုယ်ပိုင်အလုပ်များ ပိုမိုသိသာထင်ရှားပါလိမ့်မယ်။ စပ်တူရှယ်ယာအလုပ်များ ပုံမှန် တော့လည်ပတ်နေပါလိမ့်မယ်။ ငွေများ အလွန်ရွှင်မယ်။ အစုလိုက်၊ အပုံလိုက်လည်း ဝင်လာတတ်ပါသည်။ဟိုဟာ လုပ်ရရကောင်းနိုးနိုး၊ ဒီဟာလုပ်ရကောင်းနိုးနိုးနဲ့ အချိန်တွေလည်း ကုန်ဆုံးသွားတတ်ပါသည်။ လက်အောက်ငယ် သားများ၊ သားသမီးများအတွက်လည်း စိတ်ချမ်းသာရတတ်ပါတယ်။ ပြဿနာဖြစ်နေသူများနဲ့ ပြန်ပြီး အဆင်ပြေ အောင်မြင်သွားတတ်ပါသည်။ သတင်းကောင်း၊ ဧည့်သည်ကောင်းတွေလည်း ရောက်လာရတတ်ပါသည်။ ခရီးနဲ့ ပတ်သက်တဲ့ကိစ္စတွေ အရပ်ဝေးနဲ့ ဆက်သွယ်တဲ့အလုပ်ကိစ္စတွေ ပိုပြီး အောင်မြင်ဖြစ်ထွန်းနိုင်ပါသည်။ ပြည်တွင်း၊ ပြည်ပ ခရီးဝေးတွေလည်း သွားရမဲ့ အချိန်ကာလပဲ ဖြစ်ပါသည်။ ဆရာသမားလို ပုဂ္ဂိုယ်တွေက အကူအညီကောင်း တွေ ပေးလာရတတ်ပါသည်။ ကျန်းမာရေးအတွက် သိပ်စိတ်ပူစရာတော့ မရှိပါဘူး။ ဒါပေမယ့် ဒီကာလမှာ ဒံပေါက် တို့၊ဒူးရင်းသီးတို့ စသည်ဖြင့် ဒ‌ဒွေးနဲ့စတဲ့အစားအသောက်တွေရှောင်ပါ။ အချစ်ရေးမှာ အောင်သွယ်ကောင်းမှုကြောင့် ချစ်ရသူနဲ့နီးစပ်လွယ်ပါတယ်။ အိမ်ထောင်ရေး အိမ်တွင်းရေးလွန်စွာမှသာယာချမ်းမြေ့ပါလိမ့်မယ်။
အကျိုးပေးဂဏန်း…၅/၇/၈
အထူးဟော…လုပ်ငန်းကိုင်ခန်း‌ ကောင်းလာမယ်
ယတြာ… အားဖြည့်အချိုရည်တစ်ဗူး မိတ်ဆွေတစ်ဦးကို ဝယ်တိုက်လိုက်ပါ။

ကြာသပတေး
ဒီတစ်ပတ်အတွင်းမှာမူလစီစဉ်ထားသည်များ အားလုံးကို ဖယ်ရှား၍ အရာရာကို အခြေခံမှ ပြန်လည်ဆောင် ရွက်ရခြင်းမျိုး ရှိနေမည်။ ခြံ၊ ကား၊ အခန်း၊ အလဲအလှယ်၊ အပြောင်းအလဲ ရှိနေပါသည်။ လူလိမ်၊ လူကောက် အန္တရာယ် အထူးသတိရှိရမည်။ မတော်တဆ ထိခိုက်မှု အန္တရာယ်များ ဖြစ်ပေါ်တတ်ပါသည်။ အပျက်အစီး၊ အလေ အလွင့်၊ အပျောက်အရှများနေမည်။ ကြိုပမ်းဆောင်ရွက်ထားသည်များမှ ရလဒ်ကောင်းများ ရရှိမည်။ ဦးတည်ချက် တူလင့်ကစား၊ အယူအဆမတူသူများနှင့် ပူးပေါင်းတွဲဖက် လုပ်ကိုင်ရခြင်းများ ရှိနေမည်။ ဝေးလံသော အရပ်မှ သတင်းစကားကောင်းများ ရရှိခြင်း၊ လက်ဆောင်ရရှိခြင်းတို့ ကြုံမည်။ အခက်အခဲများ အတိုက်အခံများနှင့် ထိပ်တိုက်တွေ့မည်။ ပြဿနာဟောင်းများ ပြန်လည်ဖြေရှင်း နိုင်မည်။ ငွေကြေးကိစ္စ၊ အရှုပ်အထွေးများ ဖြေရှင်းနိုင် မည်။ နေရာထိုင်ခင်းကိစ္စ ပြင်ဆင်ရန် အခါသင့်သည်။ အမည်အတွင်း(အ၊ ဥ၊ တ၊ ထ၊ န) ပါသူ၏ ပြဿနာများ မိမိထံသို့ ဝင်ရောက်လာတတ်သည်။ ရုံးရောက်၊ ဂါတ်ရောက် ဖြေရှင်းရခြင်းများ ကြုံတွေ့ရတတ် ပါသည်။ အချစ်ရေးမှာတော့ ချစ်သူက ဘာမှာအလေးအနက်မထား၊ကိုယ့်ကိုဂရုမစိုက် လုပ်နေတတ်ပါတယ်။ အိမ်ထောင်ရေး မှာစကားအနည်းငယ်များရတတ်ပါတယ်။ ငွေအချေးအငှားနှင့် အာမခံခြင်းများအထူးရှောင်စေချင်ပါတယ်။
အကျိုးပေးဂဏန်း…၁/၆/၅
အထူးဟော…အနည်းငယ်စိတ်ရှုပ်ရတတ်သည်
ယတြာ.. ကန်စွန်းဥပြုတ် ဘုရားကပ်လှူပါ

သောကြာ
ကိုယ်ကခရီးမသွားဘူးဆိုပြီး အိမ်မှာနေရင်တောင်မှ သူများလာခေါ်တာကြောင့် မလွန်ဆန်နိုင်ဘဲ ခရီးတွေ ထွက်ရတတ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အိမ်မကပ်ရဘဲ ဖြစ်နေတတ်ပါတယ်။ လက်ထဲရှိတဲ့ငွေလေးတွေ ကိုမိမိအကြီးအကဲတစ်ဦးဆီအပ်ထားတာ မျိုးလုပ်ပါ။ နို့မိုဆိုရင်တော့ လက်ထက်ရှိတဲ့ငွေတွေ ဆီလိုအပေါက်ရှာပြီး ထွက်သွားပါလိမ့်မယ်။ အလုပ်နဲ့ပတ်သက်ပြီး ခဏမေ့ထားပါ။ အလုပ်ကိုဖိလုပ်လေ အဆင်မပြေဖြစ်လေဆိုတာမျိုး ဖြစ်နေတတ်ပါတယ်။ လူငယ်ဆို ဖျော်ဖြေရေးပွဲတွေသွားရင်တော့ ရန်များတတ်ပါတယ်။ မိမိကသည်းခံနိုင်ရင်တော့ ရန်နည်းပါလိမ့်မယ်။ အိမ်ကိစ္စများ အမွေကိစ္စများ ဒီကာလမှာဆောင်ရွက်လို့သင့်ပါတယ်။ အိမ်ဝယ်ခြင်း အခြား မရွှေ့မပြောင်းနိုင်သော အရာများကို ဝယ်ယူခြင်းမျိုးဒီကာလမှာ လုပ်လို့သင့်ပါတယ်။ ကျန်းမာရေးကတော့ ကိုယ် တိုင်က ကျန်းမာရေးကို ဂရုမထားသလိုဖြစ်တတ်ပါတယ်။ ဒါကြောင့်ပဲ အကြောအားနည်းတာ၊ အိပ်ရေးပျက်ပြီး အားနည်း တာမျိုးတွေ ကြုံရတွေ့ရတတ်ပါတယ်။ အိမ်ထောင်ရေး အဆင်မပြေတာများနေပါလိမ့်မယ်။ အချစ်ရေး ကတော့ ချစ်သူကမိမိနဲ့မဟုတ်ဘဲ အခြားသူတွေနဲ့ ခရီးသွား တာမျိုး ကြောင့် ချစ်သူနဲ့ မဆုံဖြစ်တာများပါလိမ့်မယ်။ ပညာရေးက မိမိကိုယ်တိုင်က စိတ်မပါသလိုဖြစ်နေတာပါ။
အကျိုးပေးဂဏန်း ၂/၆/၅
အထူးဟော=ကိစ္စများမြောင် လူတို့ဘောင်လို့ ပြောရမဲ့ကာလတွေပါပဲ။
ယတြာ=နီးစပ်ရာစေတီမှာ လျှပ်စစ်မီးအတွက်အလှူငွေထည့်ပါ။

စနေ
ဒီကာလဟာ ဒေသန္တရ ဗဟုသုတတွေရလွယ်ပါတယ်။မရောက်သော ဒေသတွေကိုခရီးထွက်ဖြစ်ပါလိမ့် မယ်။ စိတ်ကူးထားတဲ့အတိုင်း လက်တွေ့မှာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါလိမ့်မယ်။ သူငယ်ချင်းမိတ်ဆွေ တွေနဲ့အတူ ပျော်စရာအချိန်တွေကိုဖြတ်သန်းနိုင်ပါလိမ့်မယ်။မိမိကစိတ်ထဲဖြစ်ချင်တာလေးတွေ တောင်းတနေတာ လေးတွေက လက်တွေ့ဘဝမှာတော့ ပြည့်ပြည့်လာတတ်ပါတယ်။ လုပ်ချင်တာလေးတွေကို လုပ်ခွင့်ရသွားပါ လိမ့်မယ်။ အရွယ်ရနေသူဆို သားသမီးတွေကမိမိလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးပါလိမ့်မယ်။ ဝန်ထမ်းများ လုပ်ဖော် ကိုင်ဖက်တွေရဲ့ဝိုင်းဝန်းကူညီပေးမှုကြောင့်ပဲ target ပြည့်မှီအောင်လုပ်ဆောင် သွားနိုင်ပါလိမ့်မယ်။ အရောင်းအဝယ်များနှင့် ကြားနေပွဲစားအလုပ်များ အဆင်ပြေကံကောင်းနေပါလိမ့်မယ်။ အမှတ်တရလက်ဆောင်မျိုး လဲ ရင်းနှီသူတွေက မိမိအတွက် မှတ်မှတ်ရရဝယ်လာတာမျိုး ကြုံရတတ်ပါတယ်။ ကျန်းမာရေးကတော့ မိန်းကလေးတွေ အထူးသတိထားပါ။ သွေးသားဓမ္မတာနဲ့ပက်သက်သော ရောဂါများ ဖြစ်လွယ်ပါတယ်။ အိမ်ထောင် ရေးမှာ နားလည်မှုရှိရှိနဲ့ ရှေ့ဆက်နိုင်ပါလိမ့်မယ်။ အချစ်ရေးမှာတော့ ကံကောင်းနေ တတ်ပါတယ်။ ချစ်သူနဲ့လက် ထပ်ဖို့တိုင်ပင်တာမျိုးတွေအထူးကောင်းပါတယ်။ ပညာရေးကံမြင့်မားနေပါလိမ့်မယ်။
အကျိုးပေးဂဏန်း ၇/၄/၁
အထူးဟော=ကံမြင့်မားနေပါတယ်။
ယတြာ=ဘုရားမှာ ရွှေဆိုင်းရွှေသင်္ကန်းကပ်လှူပေးပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

6.5.2021 မွ 12.5.2021 အထိ တစ္ပတ္စာ ၇ရက္သားသမီးေဟာစာတမ္း

တနဂၤေႏြ
ဒီအပတ္အတြင္းမွာ ဘာပဲျဖစ္ျဖစ္စိတ္ခ်မ္းသာစရာေတြ မ်ားေနတတ္ပါတယ္။ အႀကီးအကဲေတြရဲ႕ ခ်စ္ခင္မႈ ကူညီေထာက္ပံ့မႈေတြလဲရလြယ္ေနတတ္ပါတယ္။ က်န္းမာေရးကလဲ ဒီကာလမွာ သိပ္ၿပီးဆိုးဆိုး႐ြား႐ြားမျဖစ္ႏိုင္ပါ ဘူးဗ်။က်န္းမာေရးေကာင္းေနလိမ့္မယ္။ လူငယ္လူ႐ြယ္မ်ား စန္းအားေတြေကာင္းေနတတ္တယ္။ေဝးကြာေနတဲ့ခ်စ္ သူနဲ႔ျဖစ္ေစ၊ ရည္းစားေဟာင္းနဲ႔ျဖစ္ေစ ျပန္ဆုံဆည္းခြင့္ရလြယ္တဲ့ကာလပါပဲ။ မထင္မွတ္ပဲ သင္တန္းတစ္ခု တတ္ျဖစ္ တာ၊ အလႉအတန္းကိစၥတစ္ခု၊ ဘာသာေရးကိစၥေတြ လုပ္ျဖစ္တာမ်ိဳးေတြလည္း ႀကဳံရတတ္ပါသည္။ ဘယ္ေလာက္ပဲ ေငြေတြဝင္ဝင္ မၿမဲဘူးျဖစ္ေနရတတ္ပါသည္။ ရွိၿပီးသားပစၥည္းေတြလည္း ထြက္သြားတတ္ပါသည္။ ကိုယ္ကအဆင္ ေျပေနေတာ့မနာလိုသူမ်ား၊ ေႏွာက္ယွက္သူမ်ားလည္း အလြန္ေပါမ်ားေနပါလိမ့္မည္။ အထူးသျဖင့္ ေဆြမ်ိဳး၊ သားခ်င္း အရင္းအျခားမ်ားေၾကာင့္ စိတ္ရႈတ္ေထြးေနရတဲ့ အခ်ိန္အခါမ်ိဳး ျဖစ္ေနရတတ္ပါသည္။ အိမ္တြင္းေရး ကိစၥ ေတြမွာေတာ့ သားသမီးကိုအေၾကာင္းျပဳၿပီးျပႆနာေတြျဖစ္ရတတ္ပါတယ္။ ပညာရွာေနသူမ်ား ပညာရဖို႔ေဝးေနပါ ေသးတယ္။ ခရီးကိစၥမ်ား ေအာင္ျမင္မည္။ဒါေပမယ့္ မိတ္ေဆြရင္းေတြ အရမ္းမယုံဖို႔ ဒီကာလထဲ မွာခ်င္ပါတယ္။
အက်ိဳးေပးဂဏန္း ၁/၂/၈
အထူးေဟာ…. စိတ္ခ်မ္းသာစရာမ်ားေနမည္
ယၾတာ… ႀကံရည္ ဘုရားကပ္လႉေပးပါ

တနလၤာ
ေငြေၾကးကိစၥ မွန္သမွ် ဒီအပတ္ထဲသတိနဲ႔ယွဥ္ၿပီးေဆာင္႐ြက္သြားေစခ်င္ပါတယ္။စပ္တူအလုပ္မ်ား ထင္သလို အဆင္မေျပႏိုင္ေသးပါဘူး။ ေရလမ္းခရီးသြားျခင္းႏွင့္ ျမစ္ေခ်ာင္းအင္းအိုင္ေတြမွာ ေရကစားျခင္းမ်ား ဒီကာလမွာ မလုပ္တာမေကာင္းဆုံးပဲျဖစ္ပါတယ္။ အေျခခ်ခ်င္တဲ့ကိစၥေတြကေတာ့ ဒီကာလမွာ အဆင္ေျပလြယ္ပါတယ္။ ကံေကာင္းတာက အခက္အခဲမ်ားတဲ့ ကာလျဖစ္ေပမယ့္ အစစအရာရာကူညီေပးမဲ့ မိတ္ေဆြေကာင္းေတြရွိေနတာက ဒီကာလအတြက္အားရစရာတစ္ခုပါပဲ။ ဝမ္းသာစရာ စာ၊ အဆက္အသြယ္ႏွင့္ သတင္းစကားေကာင္းမ်ား ေရာက္လာ ရတတ္ပါသည္။ပညာေရးကိစၥ၊သင္တန္းကိစၥေတြအေျခအေနေကာင္းျခင္းမ်ားႀကဳံေတြ႕ရမည္။ ဆရာေကာင္း၊ သမား ေကာင္းေတြလည္း ေတြ႕ရတတ္ပါသည္။ ယာမကာလုလင္မ်ား ဒီကာလမွာေလွ်ာ့ေသာက္ေစခ်င္ပါတယ္။ အရက္ေၾကာင့္ ေဆး႐ုံ၊ေဆးခန္းေရာက္ရတတ္ပါတယ္။ အျခားက်န္းမာ‌ေရးကေတာ့ အညံ့မရွိပါဘူး။အားနည္းခ်က္ က အကူအညီရစရာရွိတာေတြမရႏိုင္သလို႔ မိမိရသင့္တဲ့အခြင့္အေရးေတြလဲ ကိုယ့္အလုပ္ခြင္မွာ ဆုံးရႈံးလြယ္ပါတယ္။ အခ်စ္ေရး၊အိမ္ေထာင္ေရးေတြမွာ ပုံမွန္မဟုတ္တဲ့အေနအထားမ်ိဳးေပၚလာတတ္ပါတယ္။ ခ်စ္သူရွိလ်က္နဲ႔ ေနာက္ အသစ္ေတြ႕တာမ်ိဳးေတြ၊ အိမ္ေထာင္သည္မွန္းသိလ်က္နဲ႔ ဇြတ္တိုးလာသူေတြကို သတိထားဖို႔လိုပါတယ္။
အက်ိဳးေပးဂဏန္း….၁/၃/၀
အထူးေဟာ…ကံအညံ့အဆိုးမ်ားေနတယ္
ယၾတာ…ေပါက္ဆီသုံးလုံး ဘုရားကပ္လႉပါ

အဂၤါ
အေရမရ အဖတ္မရ ကိစၥေတြနဲ႔ ဒီအပတ္အခ်ိန္ကုန္သြားတတ္တယ္။ ဒါေၾကာင့္မို႔ တစ္ခုခုကို အာ႐ုံႏွစ္ဖို႔လုပ္ ဖို႔လိုပါတယ္။ ပ်င္းရိစိတ္ကို ေဖ်ာက္ၿပီး တစ္ခုခုကိုၿပီးေအာင္လုပ္မယ္ဆိုတဲ့ စိတ္ကိုေမြးျမဴသင့္တဲ့ကာလပါပဲ။ ေငြရွာ ရမခက္သလို…ေငြကိုလဲ လြယ္လြယ္သုံးေနမိတတ္ပါတယ္။ အိမ္ကိစၥ၊ ေနရာထိုင္ခင္းကိစၥ အစီအစဥ္ေတြလည္း လြဲေခ်ာ္ေနရတတ္ ပါသည္။ မိတ္ရင္း၊ ေဆြရင္းမ်ားကလည္း အေကာင္းမျမင္ အထင္လြဲျခင္းမ်ား ႀကဳံေတြ႕ေနရ တတ္ပါသည္။ အိမ္မကပ္ခ်င္ဘဲ ျဖစ္ေနရတတ္ပါသည္။ လက္ရွိအလုပ္က ထြက္သြားခ်င္စိတ္ေတြလည္း ေပၚလာ တတ္ပါသည္။ ႏိုင္ငံရပ္ျခားကိစၥေတြလည္း အဆင္ေျပေအာင္ျမင္မည္။ မလုပ္ခ်င္တဲ့ အလုပ္ေတြ လုပ္ကိုင္ေနရတာ၊ မသြားခ်င္တဲ့ခရီးေတြ သြားလာေနရတာေတြ ႀကဳံေတြ႕ေနရတတ္ပါသည္။ အထူးသျဖင့္ မိန္းမတစ္ေယာက္ ဒုကၡ ေပးလာရတတ္ပါသည္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာေတာ့ တစ္ဦးႏွင့္တစ္ဦး အထင္အျမင္လြဲမွားတာေတြ ႀကဳံေတြ႕ၿပီးေနာက္ အဆင္ေျပေအာင္ျမင္သြားပါလိမ့္မည္။ လူလြတ္မ်ားစန္းအားအထူးေကာင္းေနမယ္။ ပညာေရး ကိစၥ၊ သင္တန္းကိစၥေတြ အဆင္ေျပ ေအာင္ျမင္ႏိုင္ပါသည္။ ဆီး၊ မ်က္စိ၊ ႏွင့္ ဝမ္းဗိုက္ပိုင္း က်န္းမာေရး အညံ့မ်ား ႀကဳံေတြ႕ေနရတတ္ပါသည္။
အက်ိဳးေပးဂဏန္း…၈/၆/၄
အထူးေဟာ…ကံသင့္တင့္႐ုံပဲရွိပါတယ္
ယၾတာ…သရက္သီးမွည့္ ၁၀ စိပ္ခန႔္ ဘုရားကပ္လႉပါ

ဗုဒၶဟူး/ရာဟု
ဒီတစ္ပတ္အတြင္း လုပ္လက္စအလုပ္ေတြအျပင္ အျခားေအာ္ဒါေတြလဲရလာတတ္ပါတယ္။လုပ္ငန္းစီးပြား ေတြတိုးတတ္လာႏိုင္ပါတယ္။ ကိုယ္ပိုင္အလုပ္မ်ား ပိုမိုသိသာထင္ရွားပါလိမ့္မယ္။ စပ္တူရွယ္ယာအလုပ္မ်ား ပုံမွန္ ေတာ့လည္ပတ္ေနပါလိမ့္မယ္။ ေငြမ်ား အလြန္႐ႊင္မယ္။ အစုလိုက္၊ အပုံလိုက္လည္း ဝင္လာတတ္ပါသည္။ဟိုဟာ လုပ္ရရေကာင္းႏိုးႏိုး၊ ဒီဟာလုပ္ရေကာင္းႏိုးႏိုးနဲ႔ အခ်ိန္ေတြလည္း ကုန္ဆုံးသြားတတ္ပါသည္။ လက္ေအာက္ငယ္ သားမ်ား၊ သားသမီးမ်ားအတြက္လည္း စိတ္ခ်မ္းသာရတတ္ပါတယ္။ ျပႆနာျဖစ္ေနသူမ်ားနဲ႔ ျပန္ၿပီး အဆင္ေျပ ေအာင္ျမင္သြားတတ္ပါသည္။ သတင္းေကာင္း၊ ဧည့္သည္ေကာင္းေတြလည္း ေရာက္လာရတတ္ပါသည္။ ခရီးနဲ႔ ပတ္သက္တဲ့ကိစၥေတြ အရပ္ေဝးနဲ႔ ဆက္သြယ္တဲ့အလုပ္ကိစၥေတြ ပိုၿပီး ေအာင္ျမင္ျဖစ္ထြန္းႏိုင္ပါသည္။ ျပည္တြင္း၊ ျပည္ပ ခရီးေဝးေတြလည္း သြားရမဲ့ အခ်ိန္ကာလပဲ ျဖစ္ပါသည္။ ဆရာသမားလို ပုဂၢိဳယ္ေတြက အကူအညီေကာင္း ေတြ ေပးလာရတတ္ပါသည္။ က်န္းမာေရးအတြက္ သိပ္စိတ္ပူစရာေတာ့ မရွိပါဘူး။ ဒါေပမယ့္ ဒီကာလမွာ ဒံေပါက္ တို႔၊ဒူးရင္းသီးတို႔ စသည္ျဖင့္ ဒ‌ေဒြးနဲ႔စတဲ့အစားအေသာက္ေတြေရွာင္ပါ။ အခ်စ္ေရးမွာ ေအာင္သြယ္ေကာင္းမႈေၾကာင့္ ခ်စ္ရသူနဲ႔နီးစပ္လြယ္ပါတယ္။ အိမ္ေထာင္ေရး အိမ္တြင္းေရးလြန္စြာမွသာယာခ်မ္းေျမ့ပါလိမ့္မယ္။
အက်ိဳးေပးဂဏန္း…၅/၇/၈
အထူးေဟာ…လုပ္ငန္းကိုင္ခန္း‌ ေကာင္းလာမယ္
ယၾတာ… အားျဖည့္အခ်ိဳရည္တစ္ဗူး မိတ္ေဆြတစ္ဦးကို ဝယ္တိုက္လိုက္ပါ။

ၾကာသပေတး
ဒီတစ္ပတ္အတြင္းမွာမူလစီစဥ္ထားသည္မ်ား အားလုံးကို ဖယ္ရွား၍ အရာရာကို အေျခခံမွ ျပန္လည္ေဆာင္ ႐ြက္ရျခင္းမ်ိဳး ရွိေနမည္။ ၿခံ၊ ကား၊ အခန္း၊ အလဲအလွယ္၊ အေျပာင္းအလဲ ရွိေနပါသည္။ လူလိမ္၊ လူေကာက္ အႏၲရာယ္ အထူးသတိရွိရမည္။ မေတာ္တဆ ထိခိုက္မႈ အႏၲရာယ္မ်ား ျဖစ္ေပၚတတ္ပါသည္။ အပ်က္အစီး၊ အေလ အလြင့္၊ အေပ်ာက္အရွမ်ားေနမည္။ ႀကိဳပမ္းေဆာင္႐ြက္ထားသည္မ်ားမွ ရလဒ္ေကာင္းမ်ား ရရွိမည္။ ဦးတည္ခ်က္ တူလင့္ကစား၊ အယူအဆမတူသူမ်ားႏွင့္ ပူးေပါင္းတြဲဖက္ လုပ္ကိုင္ရျခင္းမ်ား ရွိေနမည္။ ေဝးလံေသာ အရပ္မွ သတင္းစကားေကာင္းမ်ား ရရွိျခင္း၊ လက္ေဆာင္ရရွိျခင္းတို႔ ႀကဳံမည္။ အခက္အခဲမ်ား အတိုက္အခံမ်ားႏွင့္ ထိပ္တိုက္ေတြ႕မည္။ ျပႆနာေဟာင္းမ်ား ျပန္လည္ေျဖရွင္း ႏိုင္မည္။ ေငြေၾကးကိစၥ၊ အရႈပ္အေထြးမ်ား ေျဖရွင္းႏိုင္ မည္။ ေနရာထိုင္ခင္းကိစၥ ျပင္ဆင္ရန္ အခါသင့္သည္။ အမည္အတြင္း(အ၊ ဥ၊ တ၊ ထ၊ န) ပါသူ၏ ျပႆနာမ်ား မိမိထံသို႔ ဝင္ေရာက္လာတတ္သည္။ ႐ုံးေရာက္၊ ဂါတ္ေရာက္ ေျဖရွင္းရျခင္းမ်ား ႀကဳံေတြ႕ရတတ္ ပါသည္။ အခ်စ္ေရးမွာေတာ့ ခ်စ္သူက ဘာမွာအေလးအနက္မထား၊ကိုယ့္ကိုဂ႐ုမစိုက္ လုပ္ေနတတ္ပါတယ္။ အိမ္ေထာင္ေရး မွာစကားအနည္းငယ္မ်ားရတတ္ပါတယ္။ ေငြအေခ်းအငွားႏွင့္ အာမခံျခင္းမ်ားအထူးေရွာင္ေစခ်င္ပါတယ္။
အက်ိဳးေပးဂဏန္း…၁/၆/၅
အထူးေဟာ…အနည္းငယ္စိတ္ရႈပ္ရတတ္သည္
ယၾတာ.. ကန္စြန္းဥျပဳတ္ ဘုရားကပ္လႉပါ

ေသာၾကာ
ကိုယ္ကခရီးမသြားဘူးဆိုၿပီး အိမ္မွာေနရင္ေတာင္မွ သူမ်ားလာေခၚတာေၾကာင့္ မလြန္ဆန္ႏိုင္ဘဲ ခရီးေတြ ထြက္ရတတ္ပါတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အိမ္မကပ္ရဘဲ ျဖစ္ေနတတ္ပါတယ္။ လက္ထဲရွိတဲ့ေငြေလးေတြ ကိုမိမိအႀကီးအကဲတစ္ဦးဆီအပ္ထားတာ မ်ိဳးလုပ္ပါ။ ႏို႔မိုဆိုရင္ေတာ့ လက္ထက္ရွိတဲ့ေငြေတြ ဆီလိုအေပါက္ရွာၿပီး ထြက္သြားပါလိမ့္မယ္။ အလုပ္နဲ႔ပတ္သက္ၿပီး ခဏေမ့ထားပါ။ အလုပ္ကိုဖိလုပ္ေလ အဆင္မေျပျဖစ္ေလဆိုတာမ်ိဳး ျဖစ္ေနတတ္ပါတယ္။ လူငယ္ဆို ေဖ်ာ္ေျဖေရးပြဲေတြသြားရင္ေတာ့ ရန္မ်ားတတ္ပါတယ္။ မိမိကသည္းခံႏိုင္ရင္ေတာ့ ရန္နည္းပါလိမ့္မယ္။ အိမ္ကိစၥမ်ား အေမြကိစၥမ်ား ဒီကာလမွာေဆာင္႐ြက္လို႔သင့္ပါတယ္။ အိမ္ဝယ္ျခင္း အျခား မေ႐ႊ႕မေျပာင္းႏိုင္ေသာ အရာမ်ားကို ဝယ္ယူျခင္းမ်ိဳးဒီကာလမွာ လုပ္လို႔သင့္ပါတယ္။ က်န္းမာေရးကေတာ့ ကိုယ္ တိုင္က က်န္းမာေရးကို ဂ႐ုမထားသလိုျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ပဲ အေၾကာအားနည္းတာ၊ အိပ္ေရးပ်က္ၿပီး အားနည္း တာမ်ိဳးေတြ ႀကဳံရေတြ႕ရတတ္ပါတယ္။ အိမ္ေထာင္ေရး အဆင္မေျပတာမ်ားေနပါလိမ့္မယ္။ အခ်စ္ေရး ကေတာ့ ခ်စ္သူကမိမိနဲ႔မဟုတ္ဘဲ အျခားသူေတြနဲ႔ ခရီးသြား တာမ်ိဳး ေၾကာင့္ ခ်စ္သူနဲ႔ မဆုံျဖစ္တာမ်ားပါလိမ့္မယ္။ ပညာေရးက မိမိကိုယ္တိုင္က စိတ္မပါသလိုျဖစ္ေနတာပါ။
အက်ိဳးေပးဂဏန္း ၂/၆/၅
အထူးေဟာ=ကိစၥမ်ားေျမာင္ လူတို႔ေဘာင္လို႔ ေျပာရမဲ့ကာလေတြပါပဲ။
ယၾတာ=နီးစပ္ရာေစတီမွာ လွ်ပ္စစ္မီးအတြက္အလႉေငြထည့္ပါ။

စေန
ဒီကာလဟာ ေဒသႏၲရ ဗဟုသုတေတြရလြယ္ပါတယ္။မေရာက္ေသာ ေဒသေတြကိုခရီးထြက္ျဖစ္ပါလိမ့္ မယ္။ စိတ္ကူးထားတဲ့အတိုင္း လက္ေတြ႕မွာအေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ပါလိမ့္မယ္။ သူငယ္ခ်င္းမိတ္ေဆြ ေတြနဲ႔အတူ ေပ်ာ္စရာအခ်ိန္ေတြကိုျဖတ္သန္းႏိုင္ပါလိမ့္မယ္။မိမိကစိတ္ထဲျဖစ္ခ်င္တာေလးေတြ ေတာင္းတေနတာ ေလးေတြက လက္ေတြ႕ဘဝမွာေတာ့ ျပည့္ျပည့္လာတတ္ပါတယ္။ လုပ္ခ်င္တာေလးေတြကို လုပ္ခြင့္ရသြားပါ လိမ့္မယ္။ အ႐ြယ္ရေနသူဆို သားသမီးေတြကမိမိလိုအပ္ခ်က္ေတြကိုျဖည့္ဆည္းေပးပါလိမ့္မယ္။ ဝန္ထမ္းမ်ား လုပ္ေဖာ္ ကိုင္ဖက္ေတြရဲ႕ဝိုင္းဝန္းကူညီေပးမႈေၾကာင့္ပဲ target ျပည့္မွီေအာင္လုပ္ေဆာင္ သြားႏိုင္ပါလိမ့္မယ္။ အေရာင္းအဝယ္မ်ားႏွင့္ ၾကားေနပြဲစားအလုပ္မ်ား အဆင္ေျပကံေကာင္းေနပါလိမ့္မယ္။ အမွတ္တရလက္ေဆာင္မ်ိဳး လဲ ရင္းႏွီသူေတြက မိမိအတြက္ မွတ္မွတ္ရရဝယ္လာတာမ်ိဳး ႀကဳံရတတ္ပါတယ္။ က်န္းမာေရးကေတာ့ မိန္းကေလးေတြ အထူးသတိထားပါ။ ေသြးသားဓမၼတာနဲ႔ပက္သက္ေသာ ေရာဂါမ်ား ျဖစ္လြယ္ပါတယ္။ အိမ္ေထာင္ ေရးမွာ နားလည္မႈရွိရွိနဲ႔ ေရွ႕ဆက္ႏိုင္ပါလိမ့္မယ္။ အခ်စ္ေရးမွာေတာ့ ကံေကာင္းေန တတ္ပါတယ္။ ခ်စ္သူနဲ႔လက္ ထပ္ဖို႔တိုင္ပင္တာမ်ိဳးေတြအထူးေကာင္းပါတယ္။ ပညာေရးကံျမင့္မားေနပါလိမ့္မယ္။
အက်ိဳးေပးဂဏန္း ၇/၄/၁
အထူးေဟာ=ကံျမင့္မားေနပါတယ္။
ယၾတာ=ဘုရားမွာ ေ႐ႊဆိုင္းေ႐ႊသကၤန္းကပ္လႉေပးပါ။

၇ရက္သားသမီးအေပါင္း ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝပါေစ
ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box