Facebook Comments Box
ဒေါက်တာလင်းမြတ်သူ တစ်ပတ်စာသင့်ကံကြမ္မာ( 6.5.2021 to 12.5.2021 အထိ) ဟောစတမ်း

ဒေါက်တာလင်းမြတ်သူ တစ်ပတ်စာသင့်ကံကြမ္မာ( 6.5.2021 to 12.5.2021 အထိ) ဟောစတမ်း.

တနင်္ဂနွေ
အထက်လူကြီးများ၏ယုံကြည်မှုဖြင့် တာဝန်ပေးအပ်မှုခံရပါလိမ့်မည်။ မိမိ၏ ဂုဏ်သိက္ခာကျဆင်းစေသော ဖြစ်ရပ်များကြုံတွေ့ရင်ဆိုင်ရတတ်ပါသည်။ ဦးတည်ချက်မရှိသော ခရီးများသွားရတတ်ပါသည်။ မိမိ၏ကြိုးစားမှုနှင့်ဂုဏ်သတင်းကို ပတ်ဝန်းကျင်မှအနှောင့်အယှက်ပြုခြင်းခံရတတ်ပါသည်။ သွေးတိုးရောဂါ ဖြစ်တတ်ပါသည်။ ဗိုက်နာလေအောင့်၊ မျက်စိဝေဒနာဖြစ်ပေါ်ခံစားရတတ်ပါသည်။ အလိုလိုနေရင်း စိတ်တိုနေမိတတ်သည်။ အချစ်ရေးကိစ္စများတွင် အမှားနှင့် ဒုက္ခသည် စကားနှင့်လုပ်ပြ၍ မရနိုင်လောက်အောင်ရှုပ်ထွေးမှုများရှိနေရပါလိမ့်မည်။ အတိမ်မတွေးပါနှင့်။ အချိန်ပေး၍ နားလည်မှုရရန်ကြိုးစားဖို့တော့ အထူးလိုပါလိမ့်မည်။
ယတြာ။ ။ မိတ်ဆွေတစ်ဦးအား ပေါင်မုန့်မီးကင်တစ်ချပ် ဒါနပြုပေးပါ။

တနင်္လာ
လုပ်သမျှသည် ဒုက္ခနှင့်မကင်းနိုင်သောဖြစ်ရပ်များလည်း ရှိနေတတ်ပါသည်။ လက်ရှိလုပ်ကိုင်ဆောင်ရွက်နေသောလုပ်ငန်းများ လုပ်လက်စတစ်ပိုင်းတစ်စဖြင့် ရပ်နားနေရတတ်ပါသည်။ လူလိမ်ခံရခြင်း၊ ငွေလိမ်ခံရခြင်းဖြစ်တတ်ပါသည်။ အိမ် သို့ အပူသည်များရောက်လာတတ်ပါသည်။ မိတ်ဆွေကောင်းများ မိမိအားကူညီပေးနိုင် သူများလည်းရှိနေတတ်ပါသည်။ အိမ်ထောင်ဖက်၏ သမုဒ္ဒယအသွင်ပါသော ယုယ ကြင်နာမှုများခံစားရပါလိမ့်မည်။ အချစ်ရေး၌ လိုရင်းကိစ်္စတွင် နှစ်ကိုယ်ချင်းစိတ်ချစွာ နားလည်မှုရှိရန်အဓိကဖြစ်ပါသည်။ ဘေးစကားမယုံပါနှင့်။ ယုံသောအမှားသည် တစ် သက်တာအမှောင်ကျစေမည့်ရှက်စရာနောင်တများဖြင့် အဖတ်တင်ကျန်ရတတ်ပါ၍ သတိပြုသင့်ပါသည်။
ယတြာ။ ။ မွေးနေ့တွင် ဆရာတစ်ဦးအား ဆေးတစ်မျိုး ဒါနပြုပေးပါ။

အင်္ဂါ
မိမိ၏စိတ်တွင် လောဘကြီးနေတတ်သော်လည်း ကံတရားကိုယုံကြည်နေပါလိမ့်မည်။ အစဉ်သဖြင့် သူတစ်ပါး၏စိတ်ချမ်းသာမှုကို ဦးစားပေးတတ် ခြင်းကြောင့် မိမိအတွက် စိတ်မကောင်းစရာဖြစ်ရပ်များ မကြာခဏ တွေ့နေရတတ်ပါသည်။ လက်အောက်ငယ်သားများက မိမိအကြောင်း မကောင်းအပြောအဆိုခံရပါလိမ့်မည်။ အိမ်ထောင်ဖက်၏ အထင်အမြင်သေးခြင်းခံရပါလိမ့်မည်။ မိမိအပေါ်တွင် သစ္စာဖောက်သွား တတ်သည်။ အချစ်ရေးကိစ္စများတွင် ဖြစ်နိုင်ခြေရှိပါသည်ဟူ၍ အပိုင်မတွက်လိုက်ပါနှင့်။ သင်မသိသောအပြုံးနှင့် သင်မရှိသောအမုန်းသည် မထင်မှတ်စွာလာရောက်၍ မကြင်တတ်စွာလာနှောက်ခြင်းမျိုးလည်း ရှိနေတတ်ကြောင်း သတိပြုရန်မမေ့ပါနှင့်။
ယတြာ။ ။ အိမ်မှဘုရားတွင် (ရှောက်ယို) ကပ်လှူ၍ လိုရာဆန်္ဒပြုပါ။

ဗုဒ္ဓဟူး
မိမိ၏ဘဝတက်လမ်းအတွက် နှောင့်ယှက်မှုများဖြင့် တွေ့ကြုံခံစားရပါလိမ့် မည်။ မိသားစုအတွင်း အငြင်းအခုံပြဿနာရှိနိုင်ပါသည်။ မိသားစုစုပေါင်း နေထိုင်ကြသူများဖြစ်ပါက အားလုံးနှင့်အဆင်ပြေအောင်ဆက်ဆံရန်လိုပါမည်။ မရေမရာဇွတ်ပြောဆိုမိခြင်း၊ မာနဖြင့်လုပ်ကိုင်ခြင်းတို့တွင် ဘဝအတွက်ဆိုးကျိုးများသာ ဖြစ်စေတတ်ပါသည်။ မကောင်းသောမိန်းမများဖြင့် ပြောဆိုဆက်ဆံမိခြင်းကြောင့် အိမ် တွင်းရေးမအေးမချမ်းဖြစ်ပေါ်မည်။ အချစ်ရေးတွင် အကြည့်တစ်ချက်၌ သတိတစ်ရက် လစ်စရာမေ့မြောစေလောက်သည့်ဆွဲဆောင်မှုနှင့်ပြည့်စုံပါသော လက်တွဲဖော်ဖြင့် အ မှတ်မထင်ဆုံစည်းခွင့်ကြုံရပါလိမ့်မည်။
ယတြာ။ ။ မွေးနေ့မှစတင်၍ အရဟံဂုဏ်တော်ဖြင့် နေ့စဉ်ပုတီး ၁၁ ပတ်စိတ်ပါ။

ကြာသပတေး
စပ်တူစီးပွားလုပ်ကိုင်ရန် အခက်အခဲများစွာ ဖြစ်ပေါ်ခံစားရပါလိမ့်မည်။ အလုပ်ပြောင်း၊ နေရာပြောင်း၊ တာဝန်ပြောင်း၍ ထမ်းဆောင်ရ တတ်ပါသည်။ ရင်းနှီးမြှုပ်နှံမှုပြုထားပါသော စီးပွားရေးကိစ္စများတွင် အဆင်မပြေမှုများနှင့် အများအားဖြင့် ရင်ဆိုင်နေရပါလိမ့်မည်။ အလိုလိုနေရင်းမှ စိတ်တိုနေမိတတ်သည်။ လွယ်ကူလျင်မြန်စွာ ပြီးစီးနိုင်သောကိစ္စများတွင်လည်း နှေးကွေးကြန့်ကြာမှုဖြစ်နေရပါ လိမ့်မည်။ သွေးတိုးရောဂါဖြစ်ပေါ်တတ်ပါသည်။ အချစ်ရေးတွင် ပညာတတ်ရုပ်ချော မည်မျှပင်ဖြစ်သော်လည်း အစဉ်အလာတစ်ရပ် အလုပ်သဘောအရ ဆရာလုပ်အပြစ်ရှာ၍ အနိုင်ယူဗိုလ်ကျလိုသော ချစ်သူမျိုးနှင့် ခက်ခဲလှသည့်တိုင် အနစ်နာခံ၍ လက်တွဲရမည့် စတိုင်မျိုးဖြင့် ခံစားနေရပါလိမ့်မည်။
ယတြာ။ ။ မွေးနေ့တွင် အိမ်ကဘုရား၌ သစ်သီး(၃)မျိုး ကပ်လှူပေးပါ။

သောကြာ
ရင်းနှီးမြှုပ်နှံထားသောကိစ္စများတွင် မျှော်လင့်မထားမိသော ဆုံးရှုံးမှုများ ဖြစ်ပေါ်လာတတ်ပါသည်။ စိုးရိမ်သောကဖြစ်ရစေသော ကိစ္စများ ရှိနိုင်ပါသည်။ အလုပ်အကိုင်အသစ်များ ထူထောင်ရန် စိတ်မလောပါနှင့် ပစ္စည်းဥစ္စာ အကုန်အကျ လွန်စွာများပြားနေပါလိမ့်မည်။ မိမိ၏ဆွေမျိုးအကြောင်း၊ မိမိနှင့်အတူတူ အနီးဆုံးနေထိုင်သူတို့၏ အတွင်းရေးကိစ္စများကို သိခွင့်ရလာပါလိမ့်မည်။ ဘာသာရေး ကိစ္စများနှင့်ပတ်သက်၍ အငြင်းအခုံမပြုပါနှင့်၊ ပြဿနာရှင်းရတတ်ပါသည်။ အချစ်ရေး၌ ဘဝတွင်ယခုမှစတင်သော အချစ်ဖြစ်ခဲ့ပါလျှင် ဘယ်သူ့မှမျှဝေမပေးချင်သော မြတ်နိုးမှုများဖြင့် ခိုင်မြဲသောချစ်ခြင်းတရားတို့ဖြစ်စေပါလိမ့်မည်။
ယတြာ။ ။ နွမ်းပါးသူတစ်ဦးအား ထီးတစ်ချောင်း ဒါနပြုပေးပါ။

စနေ
မိသားစုနှင့် ခွဲခွာနေထိုင်ရတတ်သည်။ စီးပွားရေးကိစ္စများအတွက် အဆင်မပြေမှုများနှင့် ကြုံတွေ့ရင်ဆိုင်နေရပါလိမ့်မည်။ လက်လွန်ထား သော ငွေကြေးကိစ္စများအတွက် စိတ်ညစ်ရတတ်သည်။ မိမိနှင့်ပတ်သက်၍ အိမ်ထောင် ဖက်ကစိတ်ညစ်နေရပါလိ့်မ်မည်။ သို့သော်လည်း လိုအပ်ချက်များကို ဖေးမကူညီပါလိမ့် မည်။ မိသားစုအတွင်း ခရီးဝေးသွားသူများရှိနေပါလိမ့်မည်။ မိမိအနေဖြင့်လည်း အိမ်တွင် နေထိုင်လိုစိတ်မရှိ ဖြစ်နေတတ်ပါသည်။ အချစ်ရေးတွင် မည်မျှပင်ခက်တာကိုပင် ရှိနေ သည့်တိုင် မျက်နှာငြိုငြင်မှု မဖြစ်စေလိုခြင်းဖြင့် သိပ်ချစ်ပါသည်ဟုစိတ်နှစ်ကာ လိုရာဖြင့် စွက်၍ ပံ့ပိုးနေမိခြင်းမျိုး ရှိနေရပါလိ့်မည်။
ယတြာ။ ။ မိတ်ဆွေတစ်ဦးအား ပဲပြုတ်နှင့် နံပြား အာဟာရဒါနပြုပေးပါ။

ဒေါက်တာလင်းမြတ်သူ (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)

ေဒါက္တာလင္းျမတ္သူ တစ္ပတ္စာသင့္ကံၾကမၼာ( 6.5.2021 to 12.5.2021 အထိ) ေဟာစတမ္း

တနဂၤေႏြ
အထက္လူႀကီးမ်ား၏ယုံၾကည္မႈျဖင့္ တာဝန္ေပးအပ္မႈခံရပါလိမ့္မည္။ မိမိ၏ ဂုဏ္သိကၡာက်ဆင္းေစေသာ ျဖစ္ရပ္မ်ားႀကဳံေတြ႕ရင္ဆိုင္ရတတ္ပါသည္။ ဦးတည္ခ်က္မရွိေသာ ခရီးမ်ားသြားရတတ္ပါသည္။ မိမိ၏ႀကိဳးစားမႈႏွင့္ဂုဏ္သတင္းကို ပတ္ဝန္းက်င္မွအေႏွာင့္အယွက္ျပဳျခင္းခံရတတ္ပါသည္။ ေသြးတိုးေရာဂါ ျဖစ္တတ္ပါသည္။ ဗိုက္နာေလေအာင့္၊ မ်က္စိေဝဒနာျဖစ္ေပၚခံစားရတတ္ပါသည္။ အလိုလိုေနရင္း စိတ္တိုေနမိတတ္သည္။ အခ်စ္ေရးကိစၥမ်ားတြင္ အမွားႏွင့္ ဒုကၡသည္ စကားႏွင့္လုပ္ျပ၍ မရႏိုင္ေလာက္ေအာင္ရႈပ္ေထြးမႈမ်ားရွိေနရပါလိမ့္မည္။ အတိမ္မေတြးပါႏွင့္။ အခ်ိန္ေပး၍ နားလည္မႈရရန္ႀကိဳးစားဖို႔ေတာ့ အထူးလိုပါလိမ့္မည္။
ယၾတာ။ ။ မိတ္ေဆြတစ္ဦးအား ေပါင္မုန႔္မီးကင္တစ္ခ်ပ္ ဒါနျပဳေပးပါ။

တနလၤာ
လုပ္သမွ်သည္ ဒုကၡႏွင့္မကင္းႏိုင္ေသာျဖစ္ရပ္မ်ားလည္း ရွိေနတတ္ပါသည္။ လက္ရွိလုပ္ကိုင္ေဆာင္႐ြက္ေနေသာလုပ္ငန္းမ်ား လုပ္လက္စတစ္ပိုင္းတစ္စျဖင့္ ရပ္နားေနရတတ္ပါသည္။ လူလိမ္ခံရျခင္း၊ ေငြလိမ္ခံရျခင္းျဖစ္တတ္ပါသည္။ အိမ္ သို႔ အပူသည္မ်ားေရာက္လာတတ္ပါသည္။ မိတ္ေဆြေကာင္းမ်ား မိမိအားကူညီေပးႏိုင္ သူမ်ားလည္းရွိေနတတ္ပါသည္။ အိမ္ေထာင္ဖက္၏ သမုဒၵယအသြင္ပါေသာ ယုယ ၾကင္နာမႈမ်ားခံစားရပါလိမ့္မည္။ အခ်စ္ေရး၌ လိုရင္းကိစ္ၥတြင္ ႏွစ္ကိုယ္ခ်င္းစိတ္ခ်စြာ နားလည္မႈရွိရန္အဓိကျဖစ္ပါသည္။ ေဘးစကားမယုံပါႏွင့္။ ယုံေသာအမွားသည္ တစ္ သက္တာအေမွာင္က်ေစမည့္ရွက္စရာေနာင္တမ်ားျဖင့္ အဖတ္တင္က်န္ရတတ္ပါ၍ သတိျပဳသင့္ပါသည္။
ယၾတာ။ ။ ေမြးေန႔တြင္ ဆရာတစ္ဦးအား ေဆးတစ္မ်ိဳး ဒါနျပဳေပးပါ။

အဂၤါ
မိမိ၏စိတ္တြင္ ေလာဘႀကီးေနတတ္ေသာ္လည္း ကံတရားကိုယုံၾကည္ေနပါလိမ့္မည္။ အစဥ္သျဖင့္ သူတစ္ပါး၏စိတ္ခ်မ္းသာမႈကို ဦးစားေပးတတ္ ျခင္းေၾကာင့္ မိမိအတြက္ စိတ္မေကာင္းစရာျဖစ္ရပ္မ်ား မၾကာခဏ ေတြ႕ေနရတတ္ပါသည္။ လက္ေအာက္ငယ္သားမ်ားက မိမိအေၾကာင္း မေကာင္းအေျပာအဆိုခံရပါလိမ့္မည္။ အိမ္ေထာင္ဖက္၏ အထင္အျမင္ေသးျခင္းခံရပါလိမ့္မည္။ မိမိအေပၚတြင္ သစၥာေဖာက္သြား တတ္သည္။ အခ်စ္ေရးကိစၥမ်ားတြင္ ျဖစ္ႏိုင္ေျခရွိပါသည္ဟူ၍ အပိုင္မတြက္လိုက္ပါႏွင့္။ သင္မသိေသာအၿပဳံးႏွင့္ သင္မရွိေသာအမုန္းသည္ မထင္မွတ္စြာလာေရာက္၍ မၾကင္တတ္စြာလာေႏွာက္ျခင္းမ်ိဳးလည္း ရွိေနတတ္ေၾကာင္း သတိျပဳရန္မေမ့ပါႏွင့္။
ယၾတာ။ ။ အိမ္မွဘုရားတြင္ (ေရွာက္ယို) ကပ္လႉ၍ လိုရာဆႏ္ၵျပဳပါ။

ဗုဒၶဟူး
မိမိ၏ဘဝတက္လမ္းအတြက္ ေႏွာင့္ယွက္မႈမ်ားျဖင့္ ေတြ႕ႀကဳံခံစားရပါလိမ့္ မည္။ မိသားစုအတြင္း အျငင္းအခုံျပႆနာရွိႏိုင္ပါသည္။ မိသားစုစုေပါင္း ေနထိုင္ၾကသူမ်ားျဖစ္ပါက အားလုံးႏွင့္အဆင္ေျပေအာင္ဆက္ဆံရန္လိုပါမည္။ မေရမရာဇြတ္ေျပာဆိုမိျခင္း၊ မာနျဖင့္လုပ္ကိုင္ျခင္းတို႔တြင္ ဘဝအတြက္ဆိုးက်ိဳးမ်ားသာ ျဖစ္ေစတတ္ပါသည္။ မေကာင္းေသာမိန္းမမ်ားျဖင့္ ေျပာဆိုဆက္ဆံမိျခင္းေၾကာင့္ အိမ္ တြင္းေရးမေအးမခ်မ္းျဖစ္ေပၚမည္။ အခ်စ္ေရးတြင္ အၾကည့္တစ္ခ်က္၌ သတိတစ္ရက္ လစ္စရာေမ့ေျမာေစေလာက္သည့္ဆြဲေဆာင္မႈႏွင့္ျပည့္စုံပါေသာ လက္တြဲေဖာ္ျဖင့္ အ မွတ္မထင္ဆုံစည္းခြင့္ႀကဳံရပါလိမ့္မည္။
ယၾတာ။ ။ ေမြးေန႔မွစတင္၍ အရဟံဂုဏ္ေတာ္ျဖင့္ ေန႔စဥ္ပုတီး ၁၁ ပတ္စိတ္ပါ။

ၾကာသပေတး
စပ္တူစီးပြားလုပ္ကိုင္ရန္ အခက္အခဲမ်ားစြာ ျဖစ္ေပၚခံစားရပါလိမ့္မည္။ အလုပ္ေျပာင္း၊ ေနရာေျပာင္း၊ တာဝန္ေျပာင္း၍ ထမ္းေဆာင္ရ တတ္ပါသည္။ ရင္းႏွီးျမႇဳပ္ႏွံမႈျပဳထားပါေသာ စီးပြားေရးကိစၥမ်ားတြင္ အဆင္မေျပမႈမ်ားႏွင့္ အမ်ားအားျဖင့္ ရင္ဆိုင္ေနရပါလိမ့္မည္။ အလိုလိုေနရင္းမွ စိတ္တိုေနမိတတ္သည္။ လြယ္ကူလ်င္ျမန္စြာ ၿပီးစီးႏိုင္ေသာကိစၥမ်ားတြင္လည္း ေႏွးေကြးၾကန႔္ၾကာမႈျဖစ္ေနရပါ လိမ့္မည္။ ေသြးတိုးေရာဂါျဖစ္ေပၚတတ္ပါသည္။ အခ်စ္ေရးတြင္ ပညာတတ္႐ုပ္ေခ်ာ မည္မွ်ပင္ျဖစ္ေသာ္လည္း အစဥ္အလာတစ္ရပ္ အလုပ္သေဘာအရ ဆရာလုပ္အျပစ္ရွာ၍ အႏိုင္ယူဗိုလ္က်လိုေသာ ခ်စ္သူမ်ိဳးႏွင့္ ခက္ခဲလွသည့္တိုင္ အနစ္နာခံ၍ လက္တြဲရမည့္ စတိုင္မ်ိဳးျဖင့္ ခံစားေနရပါလိမ့္မည္။
ယၾတာ။ ။ ေမြးေန႔တြင္ အိမ္ကဘုရား၌ သစ္သီး(၃)မ်ိဳး ကပ္လႉေပးပါ။

ေသာၾကာ
ရင္းႏွီးျမႇဳပ္ႏွံထားေသာကိစၥမ်ားတြင္ ေမွ်ာ္လင့္မထားမိေသာ ဆုံးရႈံးမႈမ်ား ျဖစ္ေပၚလာတတ္ပါသည္။ စိုးရိမ္ေသာကျဖစ္ရေစေသာ ကိစၥမ်ား ရွိႏိုင္ပါသည္။ အလုပ္အကိုင္အသစ္မ်ား ထူေထာင္ရန္ စိတ္မေလာပါႏွင့္ ပစၥည္းဥစၥာ အကုန္အက် လြန္စြာမ်ားျပားေနပါလိမ့္မည္။ မိမိ၏ေဆြမ်ိဳးအေၾကာင္း၊ မိမိႏွင့္အတူတူ အနီးဆုံးေနထိုင္သူတို႔၏ အတြင္းေရးကိစၥမ်ားကို သိခြင့္ရလာပါလိမ့္မည္။ ဘာသာေရး ကိစၥမ်ားႏွင့္ပတ္သက္၍ အျငင္းအခုံမျပဳပါႏွင့္၊ ျပႆနာရွင္းရတတ္ပါသည္။ အခ်စ္ေရး၌ ဘဝတြင္ယခုမွစတင္ေသာ အခ်စ္ျဖစ္ခဲ့ပါလွ်င္ ဘယ္သူ႔မွမွ်ေဝမေပးခ်င္ေသာ ျမတ္ႏိုးမႈမ်ားျဖင့္ ခိုင္ၿမဲေသာခ်စ္ျခင္းတရားတို႔ျဖစ္ေစပါလိမ့္မည္။
ယၾတာ။ ။ ႏြမ္းပါးသူတစ္ဦးအား ထီးတစ္ေခ်ာင္း ဒါနျပဳေပးပါ။

စေန
မိသားစုႏွင့္ ခြဲခြာေနထိုင္ရတတ္သည္။ စီးပြားေရးကိစၥမ်ားအတြက္ အဆင္မေျပမႈမ်ားႏွင့္ ႀကဳံေတြ႕ရင္ဆိုင္ေနရပါလိမ့္မည္။ လက္လြန္ထား ေသာ ေငြေၾကးကိစၥမ်ားအတြက္ စိတ္ညစ္ရတတ္သည္။ မိမိႏွင့္ပတ္သက္၍ အိမ္ေထာင္ ဖက္ကစိတ္ညစ္ေနရပါလိ့္မ္မည္။ သို႔ေသာ္လည္း လိုအပ္ခ်က္မ်ားကို ေဖးမကူညီပါလိမ့္ မည္။ မိသားစုအတြင္း ခရီးေဝးသြားသူမ်ားရွိေနပါလိမ့္မည္။ မိမိအေနျဖင့္လည္း အိမ္တြင္ ေနထိုင္လိုစိတ္မရွိ ျဖစ္ေနတတ္ပါသည္။ အခ်စ္ေရးတြင္ မည္မွ်ပင္ခက္တာကိုပင္ ရွိေန သည့္တိုင္ မ်က္ႏွာၿငိဳျငင္မႈ မျဖစ္ေစလိုျခင္းျဖင့္ သိပ္ခ်စ္ပါသည္ဟုစိတ္ႏွစ္ကာ လိုရာျဖင့္ စြက္၍ ပံ့ပိုးေနမိျခင္းမ်ိဳး ရွိေနရပါလိ့္မည္။
ယၾတာ။ ။ မိတ္ေဆြတစ္ဦးအား ပဲျပဳတ္ႏွင့္ နံျပား အာဟာရဒါနျပဳေပးပါ။

ေဒါက္တာလင္းျမတ္သူ (ျမန္မာႏိုင္ငံေဝဒသုေတသနအဖြဲ႕)

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box