Facebook Comments Box
ငွေကြေးကိစ္စအတွက်စိတ်ပျက်နေပါသလားဒီနည်းလေးပြုလုပ်ကြည့်ပါ

ငွေကြေးကိစ္စအတွက်စိတ်ပျက်နေပါသလားဒီနည်းလေးပြုလုပ်ကြည့်ပါ.

ငွေကြေးပြဿနာများကြောင့် စိတ်ညစ်စိတ်သောကရောက်နေရသော ကျွန်တော့်ရဲ့ ဗေဒင်မိတ်ဆွေများအတွက် ငွေကြေးပြဿနာတွေ အမြန်ပြန်လည်သွားစေဖို့အတွက် ပြုလုပ်ရမည့် ယတြာနည်းလေးတစ်ခုကိုတင်ပြပေးပါမည်ခင်ဗျာ••••
"တစ်ခုရှိတာက တစ်ချို့သောလူတွေက ပြောကြပါလိမ့်မယ် ငွေလိုနေတာကို မရှာဖွေပဲနဲ့ ယခုယတြာကိုလုပ်ထားပြီးအိမ်မှာထိုင်စောင့်နေလို့ငွေထုထ်ကြီးက မိမိအရှေ့ကိုကျလာမှာလားဆိုတဲ့ ဘေးဝင်ပြောကြတဲ့သူတွေလည်းရှိနေပါလိမ့်မယ် အဲ့ဒီအတွက်ကြိုတင်၍ ပြောထားပါရစေ•••
"ယခုယတြာကိုပြုလုပ်ခိုင်းသည်ဆိုသည်မှာ တစ်ချို့သောငွေအရေးတကြီးလိုနေသောသူများ ဘယ်ကဆွဲလို့ဆွဲရမှန်းမသိ ချေးငှားဖို့ပြောဆိုထားသောသူများကလည်းအင်းမလုပ်အဲ့မလုပ်ပဲ ဖြစ်နေရခြင်း စသော ငွေကြေးနဲ့ပက်သက်ပြီး တဖက်မှာအေးသွားဖို့အတွက် ကူညီပေးမည့်သူများမရှိပဲ လွဲချော်နေတဲ့သူများအတွက်အရေးတကြီး ငွေကြေးကိစ္စနဲ့ပက်သက်ပြီးတော့ ကူညီမည့်သူတွေ ပေါ်လာခြင်း မထင်မှတ်ပဲ မရတော့ဘူးဟု ထင်ထားသော သူများထံမှ မိမိရစရာရှိသော သူများထံမှ ငွေတွေ ရုတ်တရက်ရရှိခြင်း စသော ငွေကြေးအကြောင်းကိစ္စများ လက်တလောပြဿနာကိုဖြေရှင်းပေးဖို့ ကူညီမည့်သူများ ပေါ်ပေါက်လာခြင်းမျိုးတွေမျိုးဖြစ်ပါတယ် ယခုကဲသို့ ရှည်ရှည်ဝေးဝေးစာကိုရေးပြနေရခြင်းကတော့ ဘိုင်ထေးဘေးထိုင်ပြီးဘုပြောသူတွေ လူ့လောကမှာ များစွာရှိနေလို့ပဲ ဖြစ်ပါတယ်ခင်ဗျာ
ကျွန်တော့်အနေနဲ့ကတော့ တတ်ကျွမ်းထားတဲ့ ပညာရပ်လေးနဲ့ မည်သူ့ထံမှ ယတြာကြေးအခကြေးငွေမယူပဲ အချိန်ကုန်ခံ ဘေအကုန်ခံပြီးတင်ပြပေးနေတာပါ
ကိုယ်တင်လိုက်သော ယတြာပိုစ့်လေးတစ်ခုကိုပြုလုပ်လိုက်လို့ တကယ်အခက်ခဲဖြစ်ပြီးသောကရောက်နေသော မိတ်ဆွေ တစ်ဦးတစ်ယောက်က အခက်အခဲတွေ အဆင်ပြေသွားပြီဆိုရင်ပဲ ယခုပိုစ့်လေးကို တင်ပြရခြင်းအကျိုးရှိတယ်လို့ပဲ ခံယူပါတယ်••• ကဲ စာလည်းရှည်သွားပြီ ယတြာနည်းလေးကို ဆက်လိုက်ကြဦးစို့

ယတြာပြုလုပ်ပုံကတော့
တနင်္လာနေ့မနက် မှာ အတာအိုး(မြေအိုးသေး) တစ်လုံးအား ထုံးသုတ်၍ ထိုအိုးထဲတွင် ရေထည့်၍ ကန်စွန်းညွှန့် ၉ ညွှန့်ကို ထိုအိုးထဲထည့်၍ ထိုးထားပြီး တနင်္လာနေ့ နံနံက် ၉ နာရီ ၄၅ မိနစ်တိတိမှာ မိမိနေအိမ်၏ အရှေ့ဘက်အမြင့်တနေရာတွင် တင်ထားပြီး လက်တလောကြုံတွေ့နေရသော ငွေကြေးပြဿနာများအမြန်ပြေလည်ပါစေဟု ဆုတောင်းပြီးတင်လှုုထားပေးပါ တနင်္လာနေ့ အပတ်တိုင်း ရေနဲ့ ကန်စွန်းညွှန့်ကို အသစ် လဲပေးပါ ထိုနည်းအတိုင်း ၉ပတ် ဆက်တိုက်ပြုလုပ်ပေးပါ ငွေကြေးကိစ္စအခက်အခဲတွေ မှန်သမျှ ၉ ပတ်မပြည့််ခင် အဆင်ပြေသွားပါလိမ့်မယ်။

ဆရာဖြိုးသီဟကျော်



ယတြာပြုလုပ်ပုံကတော့
တနင်္လာနေ့မနက် မှာ အတာအိုး(မြေအိုးသေး) တစ်လုံးအား ထုံးသုတ်၍ ထိုအိုးထဲတွင် ရေထည့်၍ ကန်စွန်းညွှန့် ၉ ညွှန့်ကို ထိုအိုးထဲထည့်၍ ထိုးထားပြီး တနင်္လာနေ့ နံနံက် ၉ နာရီ ၄၅ မိနစ်တိတိမှာ မိမိနေအိမ်၏ အရှေ့ဘက်အမြင့်တနေရာတွင် တင်ထားပြီး လက်တလောကြုံတွေ့နေရသော ငွေကြေးပြဿနာများအမြန်ပြေလည်ပါစေဟု ဆုတောင်းပြီးတင်လှုထားပေးပါ တနင်္လာနေ့ အပတ်တိုင်း ရေနဲ့ ကန်စွန်းညွှန့်ကို အသစ် လဲပေးပါ ထိုနည်းအတိုင်း ၉ပတ် ဆက်တိုက်ပြုလုပ်ပေးပါ ငွေကြေးကိစ္စအခက်အခဲတွေ မှန်သမျှ ၉ ပတ်မပြည့်ခင် အဆင်ပြေသွားပါလိမ့်မယ်။

ဆရာဖြိုးသီဟကျော်

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box