Facebook Comments Box
ဝိဇ္ဇာတို့အကြောင်း သိကောင်းစရာ

ဝိဇ္ဇာတို့အကြောင်း သိကောင်းစရာ

ဝိဇ္ဇာငါးပါး
ယျေဘုယျ အားဖြင့် ဝိဇ္ဇာ ငါးမျိုးရှိပါတယ်။
၁။အရိယဝိဇ္ဇာ
၂။လောကီဝိဇ္ဇာ
၃။ဂန္ဓာရီဝိဇ္ဇာ
၄။မန္တန်ဝိဇ္ဇာ
၅။ဝေဒဝိဇ္ဇာ

၁။အရိယဝိဇ္ဇာ
အရိယာဝိဇ္ဇာဆိုတာ သာသနာတော်အတွင်းမှာ ပေါက်မြောက်အောင် အားထုတ်တဲ့ ဝိဇ္ဇာဖြစ်တယ်။

၂။လောကီဝိဇ္ဇာ
လောကီဝိဇ္ဇာဆိုတာကသိုဏ်းဈာန်ကို ရပြီး ကျင့်ကြံအားထုတ်အပ်တဲ့ ဣဒ္ဓိဝိဓ အဘိညာ ၊ဒိဗ္ဗစက္ခု ၊ဒိဗ္ဗသောတ ၊စေတောပုရိယ၊ ပုဗ္ဗေနိဝါသ ၊ယထာကမ္မုပဂ၊အနာဂတံ အဘိညာ ဆိုတဲ့ အဘိညာဝိဇ္ဇာကို လောကီဝိဇ္ဇာလို့ခေါ်ပါတယ်။

၃။ဂန္ဓာရီဝိဇ္ဇာ
ဂန္ဓာရီဝိဇ္ဇာကတော့ မြေလျှိုး မိုးပျံ ပြီး အရာရာကို ဖန်ဆင်းပြနိုင်တယ်။စိန္တာမယဣဒ္ဓိ ကြံတိုင်းပြီးစေတဲ့ စိန္တာမယ တန်ခိုးနဲ့ ပီးနိုင်တယ် ။

၄။မန္တန်ဝိဇ္ဇာ
မန္တန်ဝိဇ္ဇာက လက္ခဏာကျမ်းအမျိုးမျိုး ၊နိမိတ်ကျမ်းအမျိုးမျိုး ၊ နက္ခတ်ကျမ်း ၊ဂါထာမန္တရား ၊ဆေး ၊ဓာတ် စတဲ့ လောကီကျမ်းမျိုးစုံကို အမှန်တကယ်တတ်တဲ့ ဝိဇ္ဇာကို မန္တန်ဝိဇ္ဇာလို့ ခေါ်ပါတယ်။

၅။ဝေဒဝိဇ္ဇာ
ဝေဒဝိဇ္ဇာက ဗေဒင်လေးပုံကို အမှန်တကယ် တတ်ကျွမ်းတဲ့ ပုဂ္ဂိုလ်ကို ခေါ်ပါတယ်။အားလုံးသော ဝိဇ္ဇာတွေက ကျင့်ယူလို့ရနိုင်ပါတယ်။

Reference From အိပ်ဆောင်ဗေဒင်ဆရာစာအုပ် (ဆရာဒဂုန်)

ဝိဇၨာတို႔အေၾကာင္း သိေကာင္းစရာ

ဝိဇၨာငါးပါး
ေယ်ဘုယ် အားျဖင့္ ဝိဇၨာ ငါးမ်ိဳးရွိပါတယ္။
၁။အရိယဝိဇၨာ
၂။ေလာကီဝိဇၨာ
၃။ဂႏၶာရီဝိဇၨာ
၄။မႏၲန္ဝိဇၨာ
၅။ေဝဒဝိဇၨာ

၁။အရိယဝိဇၨာ
အရိယာဝိဇၨာဆိုတာ သာသနာေတာ္အတြင္းမွာ ေပါက္ေျမာက္ေအာင္ အားထုတ္တဲ့ ဝိဇၨာျဖစ္တယ္။

၂။ေလာကီဝိဇၨာ
ေလာကီဝိဇၨာဆိုတာကသိုဏ္းဈာန္ကို ရၿပီး က်င့္ႀကံအားထုတ္အပ္တဲ့ ဣဒၶိဝိဓ အဘိညာ ၊ဒိဗၺစကၡဳ ၊ဒိဗၺေသာတ ၊ေစေတာပုရိယ၊ ပုေဗၺနိဝါသ ၊ယထာကမၼဳပဂ၊အနာဂတံ အဘိညာ ဆိုတဲ့ အဘိညာဝိဇၨာကို ေလာကီဝိဇၨာလို႔ေခၚပါတယ္။

၃။ဂႏၶာရီဝိဇၨာ
ဂႏၶာရီဝိဇၨာကေတာ့ ေျမလွ်ိဳး မိုးပ်ံ ၿပီး အရာရာကို ဖန္ဆင္းျပႏိုင္တယ္။စိႏၲာမယဣဒၶိ ႀကံတိုင္းၿပီးေစတဲ့ စိႏၲာမယ တန္ခိုးနဲ႔ ပီးႏိုင္တယ္ ။

၄။မႏၲန္ဝိဇၨာ
မႏၲန္ဝိဇၨာက လကၡဏာက်မ္းအမ်ိဳးမ်ိဳး ၊နိမိတ္က်မ္းအမ်ိဳးမ်ိဳး ၊ နကၡတ္က်မ္း ၊ဂါထာမႏၲရား ၊ေဆး ၊ဓာတ္ စတဲ့ ေလာကီက်မ္းမ်ိဳးစုံကို အမွန္တကယ္တတ္တဲ့ ဝိဇၨာကို မႏၲန္ဝိဇၨာလို႔ ေခၚပါတယ္။

၅။ေဝဒဝိဇၨာ
ေဝဒဝိဇၨာက ေဗဒင္ေလးပုံကို အမွန္တကယ္ တတ္ကြၽမ္းတဲ့ ပုဂၢိဳလ္ကို ေခၚပါတယ္။အားလုံးေသာ ဝိဇၨာေတြက က်င့္ယူလို႔ရႏိုင္ပါတယ္။

Reference From အိပ္ေဆာင္ေဗဒင္ဆရာစာအုပ္ (ဆရာဒဂုန္)

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box